NEWS

Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်

CoverLogo
300 Views

Baisheng Myanmar Industry (ပိုင်စိမ့်) ဖိနပ်စက်ရုံက ခွင့်ရက်အတွက် ဥပဒေမှ ပြဌာန်းထားတဲ့ ခံစားခွင့်တွေ မပေးဘဲ လုပ်ခလစာဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“ဘယ်ခွင့်ရက်ဖြင့်မဆို အလုပ်ပျက်ဆိုပြီး တစ်ရက် ၃၀,၀၀၀ ဖြတ်တယ်။ နှစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေး အကုန် ဖြတ်ခံရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ဒေးကြေး ၁၁,၀၀၀ ၊ အချိန်ပိုကြေးတစ်နာရီ ၂,၃၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀,၀၀၀ ကို စက်ရုံဘက်က သတ်မှတ်ပေးထားပြိး ကျွမ်းကျင်ကြေးကိုတော့ အများဆုံး ကျပ် ၃၀၀၀၀ ကနေ အနည်းဆုံး  ကျပ် ၁၀၀၀၀ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း မိုးမလုံတာနဲ့ ကြိုပို့ကားတွေ မလုံလောက်လို့ အန္တရာယ်များနဲ့ စီးနင်းနေရတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။


“အလုပ်က အကြို/ ပို့ကားတွေက ရှိတဲ့ အလုပ်သမားတွေနဲ့  မမျှပါဘူး။ မနက် အလုပ်လာတဲ့အချိန်ဆိုလည်း ကြပ်ညှပ်ပြီး တွဲစီးရတယ်၊ ပြန်ချိန်လဲ ဒီလိုပဲပြန်ရတယ်။ ထမင်းစားဆောင် စားပွဲနဲ့ ခုံမလုံလောက်တာက တမျိုး၊ မိုးယိုတာက တမျိုးနဲ့ စားဖို့ နေရာမရှိသလောက်ပါဘဲ။” လို့ ပြောပါတယ်။ 


စက်ရုံဘက် သောက်ရေအတွက် ရေသန့်စက်တပ်ဆင်ပေးထားတယ် ဆိုပေမဲ့ သောက်ရေမှာ အနံအသက်တွေရနေတယ်လို့ အလုပ်သမားတွေက ထပ်ပြောပါတယ်။  


“သောက်ရေဆိုလည်း ရေသန့်စက် တပ်ထားတယ်ပြောတယ်။ ရေက အနံက မကောင်းဘူး။ အလုပ်လုပ်ရတာ ပင်ပန်းတာတမျိုး ရေသောက်ချင် ရေကအနံ နဲဆိုတော့ အဆင်မပြေဘူး။ အလုပ်လုပ်ရတာပိုပင်ပန်းတယ်” လို့ ပြောပါတယ်။

 
Baisheng Myanmar Industry Co.,Ltd  (ပိုင်စိမ့်) ဖိနပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး REDDAPE တံဆိပ် ဖိနပ်တွေ ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ထန်းတစ်ပင်မြို့နယ်၊ အစုကြီးကျေးရွှာ၊ လှိုင်သာယာ အဝေးပြေးတိုးဂိတ်အကျော်၊ ရန်ကုန်ပုသိမ်လမ်းမကြီးဘေး၊ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026