NEWS

Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး

CoverLogo
188 Views
 
Baisheng Myanmar Industry Co.,Ltd ပိုင် ဖိနပ်စက်ရုံက ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို ဖူလုံရေး ကြေး ပေးသွင်းခွင့်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဖူလုံရေးကြေး ပေးသွင်းလို့မရလို့ ခံစားခွင့်တွေ ဆုံးရှုံးရမှာ စိုးရိနေရတယ်လို့ သိရပါတယ်။
 
“ ညီမ သူငယ်ချင်း ကိုယ်ဝန်သည်ကိုအလုပ်မနားခင်က ဖူလုံရေးကြေး ဆောင်ရတယ်၊ အလုပ်ပြန်လုပ်တော့ ဖူလုံရေးကြေးလဲ မဖြတ်ဘူး ။ ခွင့်နဲ့နားဖို ဖူလုံရေးခံစားခွင့် မရှိဘူးတော့။ ဖူလုံရေး ကဒ်လည်းထုတ်မပေးဘူး။ " လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားက ကိုယ်ဝန်ရှိစမှာ ကျန်းမာရေးအခြေအနေအရ ရက်ပိုင်းအနားယူပြီးနောက် စက်ရုံမှာ အလုပ်ပြန်ဆင်းခဲ့တာလို့ သိရပါတယ်။ အဲ့လို့ အလုပ်ပြန်းဆင်းချိန်က စပြီး ဖူလုံကြေးကြေး မဆောင်ခိုင်း သလို တခြားအလုပ်သမားတွေနဲ့ အလုပ်အတူလုပ်ရပေမဲ့ အခွင့်အရေးတချို့ ဖြတ်တောက်ခံရတာတွေ့ရတယ်လို့ ပြောပါတယ်၊
“အဲ့အမက ကိုယ်ဝန်ရှိစ နေမကောင်း ဖြစ်တော့ ခေါင်းဆောင်က အလုပ်ခဏ နားလိုက်တာ။ နားပြီး ပြန်ဝင်တော့ စက်ရုံက ဝန်ထမ်းကဒ် မပေးတော့ဘူး။ စက်ချုပ် ကျွမ်းကျင် ခန့်ပြီး ကျွမ်းကျင်ကြေး ထည့်မပေးဘူး ။ လိုင်းပိုင် တရုတ်အမျိုးသမီးက မပေးခိုင်းတာလိုပြောတယ်။ မီးဖွားရင်ထွက်မှာမို မပေးတာ လို ပြောတယ်။ တန်းတူ စံချိန်တောင်းတယ်၊ ခက်တဲ့ ပွိင့်ကိုလဲ ခိုင်းတယ်။ သက်တောင့်သက်သာ လုပ်ရတာမရှိဘူး။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က စနေနေ့တွေမှာ အိုတီ မဆင်းပါက နောက်ရက်တွေမှာ အိုတီ မဆင်းခိုင်းဘဲ လမ်းစရိတ်ပေး နေအိမ်ပြန်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စနေနေ့မှာ အချိန်ပို မဆင်းဘဲ ဂိတ်ပတ်စ်နဲ့ ပြန်ရင် နောက်က အိုတီမဆင်းခိုင်းဘူး။ စံချိန်မတဲ့လိုင်းဆို နောက်ကျမှ ပြန်လွှတ်တယ်။ ဖယ်ရီ ကားက မစောင့်လို ကျန်ခဲ့ရင် ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်ဆိုပြီး လိုင်းပိုင် တရုတ်အမျိုးသမီးက ပြောနေတာ” လို့ ပြောပါတယ်။
 
စက်ရုံလုပ်ငန်းခွင်အခြေအနေတွေက ကောင်းမွန်မှုမရှိဘဲ သောက်ရေ သုံးရေတွေ ရောထွေးနေပြီး သန့်ရှင်းရေး အသုံးဆောင်တွေက အစ အလုပ်သမားတွေရဲ့ ငွေကြေးနဲ့ ဝယ်ယူနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“သောက်ရေဆိုလဲ မသန့်ဘူး၊ ရွှံနံ့ ရနေတယ်။ သောက်ရေ ပြတ်ရင် အိမ်သာရေပိုက်နဲ့ သွယ်ပြီး ထည့်ပေးတယ်။ အိမ်သာတွေက အမြဲ ပြည့်လျှံနေတာ၊ သန့်ရှင်းမှု မရှိဘူး ။ တံမြက်စည်း အမှိုက်ပုံးကအစ ဝန်ထမ်း တွေက ကိုယ့်ပိုက်ဆံနဲ့ ဝယ်ရတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် အဝင် နောက်ကျလို့ ငွေကြေးပေးရတာ ၊ တရားမဝင် အလုပ်ထုတ်တာတွေရှိနေပြီး ဒီလို လုပ်ငန်းခွင် ပြသနာတွေကို WCC အဖွဲ့က တင်ပြ ဖြေရှင်းပေးတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ဝင်လို့ ၅မိနစ် လောက်နောက်ကျရင်၊ ပိုက်ဆံ ၁၀၀၀ ဖြတ်တယ်။ အလုပ်မှာ လွဲချော်ရင် ဝမ်တိန်ဆိုတာ မရှိဘူး ချက်ချင်း ထုတ်ပစ်တယ်။ WCC တွေကလည်း ဖြေရှင်းပေးတာမရှိတော့ ခံစားခွင့် ဆုံးရှုးပြီး အကူညီ မဲ့နေတယ်” လို့ ပြောပါတယ်။
 
Baisheng Myanmar Industry Co.,Ltd ဖိနပ် စက်ရုံက ရန်ကုန်တိုင်း၊ ထန်းတပင်မြိုနယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေးမှာ တည်ရှိပြီး HI-TEC တံဆိပ်တောင်တက်ဖိနပ်တွေ ထုတ်လုပ်နေပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026