NEWS

Asian Just စက်ရုံ လုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံ

CoverLogo
537 Views
 
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် Asian Just Co,ltd (အာရှ သမာဓိ) အထည်ချုပ်စက်ရုံ က အလုပ်သမားတွေကို လုပ်ခလစာ နှစ်ကြိမ်ခွဲထုတ်ပေးမှုကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ကိုယ်တစ်လလုံး လုပ်ထားတဲ့ ပိုက်ဆံကို တစ်ပုံတည်းမရဘဲနဲ့ နှစ်ခါခွဲရတာဆိုတော့ အဆင်မပြေဘူး၊ လစာထုတ်တာနဲ့ အကြွေးရှင်တိုင်းက လိုချင်ကြတယ်လေ၊ မပေးနိုင်တော့ အော်ဆဲခံရတာပေါ့" လို့ အလုပ်သမားတဦးက ပြောပါတယ်။
Asian Just စက်ရုံက လုပ်ခလစာကို လဆန်း ၅ ရက်နဲ့ ၁၀ ရက်တွေမှာ နှစ်ကြိမ်ခွဲ ပေးချခဲ့တာလို့ ပြောပါတယ်။ လစာကို နှစ်ကြိမ်ခွဲပေးချေမယ်လို့ စက်ရုံဘက်က အသိပေးခဲ့ပေမဲ့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ပယ်ထည်ကျရင် မှတ်ထားရတယ်။ လကုန်ရင် ပိုက်ဆံပြန်ဖြတ်တယ်။ စက်ရုံမှူးကိုယ်တိုင် ကောက်ခိုင်းတာ” လို့ ပြောပါတယ်။
 
ဒါ့အပြင် လစာတွက်ချက်မှု မကြာခဏ လွဲမှားပြီး အလုပ်သမားနဲ့ စက်ရုံတာဝန်ရှိသူတွေကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ စက်ရုံဝန်းအတွင်းရှိ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေတွေက လုံခြုံမှုနဲ့ သန့်ရှင်းမှု မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
 
“အိမ်သာတွေဆို မလုံခြုံဘူး၊ အပြင်က မြင်နေရတယ်။ မသန့်ရှင်းဘူး ။ နောက် မှုများ လည်းရှိနေကြောင်း ဝန်ထမ်းများထံမှ သိရပါတယ်။
 
စက်ရုံဆေးခန်းမှာ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ဆရာဝန် ရှိပြီး ကျန်ရက်တွေမှာ သူနာပြု မဟုတ်တဲ့ အမျိုးသမီးတဦးက သောက်ဆေးတွေကို ရမ်းသမ်းပေးနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
Asian Just Co,ltd (အာရှ သမာဓိ) အထည်ချုပ်စက်ရုံက ရွှေပြည်သာမြို့နယ် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ရှိပြီး လုပ်သား ၁၈၀၀ လုပ်ကိုင်နေတယ်လို့ သိထားတာပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026