NEWS

Asia Caps စက်ရုံ လုပ်ခတောင်းဆိုမှုလုပ်ပါက ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်

CoverLogo
723 Views
Asia Caps စက်ရုံကပါ ခင်ဗျ။ ဦးထုတ် စက်ရုံပါဗျ။ ကျနော်တို့ စက်ရုံက စနေနေ့က လစာတိုးတဲ့ စာ ထုတ်လာပါတယ်ဗျ။ ဒေးကြေး ၇၈၀၀ ကနေ ၉၀၀၀ တိုးပေးတယ်။ အချိန်ပိုကို တနာရီ ၁၉၅၀ ကနေ ၂၀၀၀ တိုးပေးတယ်၊ ရက်မှန်ကြေးကတော့ ၅၀၀၀ တိုးပြီး ၃၀၀၀၀ ဆိုပြီး စာထုတ်လာတယ်။
 
ဒီလို သတ်မှတ်တာကို ဇွန် ၁ ရက်ကနေ စမယ်ဆိုပြီး ပါတယ်။ အဲ့စာထဲက ဒေးကြေးတွေနဲ့ တခြားတိုးပေးတာကို စက်ရုံအလုပ်သမားတွေက လက်မခံနိုင်ဘူး။ မကျေနပ်ကြဘူး။ ပြီးခဲ့ စနေနေ့ (မေ ၃၁) မှာ စက်တန်းကို မီးပိတ်ထားပြီး အလုပ် မလုပ်ဘဲ နေကြ တယ်။ သတ်မှတ် ကြေညာထားထက် ပိုပေးဖို့ တောင်းဆိုကြတာပါ။
 
တောင်းဆိုတဲ့ အလုပ်သမားအများစုက စက်လိုင်းတွေကပါ။ စုစုပေါင်း ၁၀၀၀ ဝန်းကျင် ရှိပါတယ် ဗျ။ ဒီနေ့ (ဇွန် ၃ ရက်)မှာ အချိန်ပို အိုတီကြေးကို နောက်ထပ် ၂၅၀ တိုးပြီး ၂၂၅၀ ဆိုပြီး ထပ်စာထုတ်ပါတယ်။
 
စာလည်း ထုတ်ပြီးတော့ စက်ရုံမန်နေဂျာက “ နောက်မလှုပ်နဲ့ လှုပ်ရင် ရဲခေါ်မယ်” ဆိုပြီး စက်ရုံ မန်နေဂျာက ပြောပါတယ်ဗျ။ စက်ရုံမှာ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အချိန်ပို မခေါ်ပါဘူး ။ ကိုယ်ဝန်ဆောင်ပြီး ဗိုက်ကြီးပြီ ဆိုတာ သိတာနဲ့ အလုပ်ထုတ်တာပါ။
 
အခု စက်ရုံဘက်က သတ်မှတ်ပေးတဲ့ လုပ်ခ ဒေးကြေဆိုတာ ခေတ်အခြေအနေအရ ဆို ကျနော်တို့ အတွက် အဆင်မပြေပါဘူး။ အဆင်မပြေလည်း ကြောက်လို့ ငြိမ်နေရ ပါတယ်ဗျ။ ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တော့ ပိုကြောက်ရပါတယ်။
 
WCC အဖွဲ့တော့ ရှိပါတယ်။ သူတို့ကနေ တဆင့် ညှိနှိုင်းပေးဖို့ တောင်းဆိုဖို့က မလွယ်ပါဘူး ။ ခေါင်းဆောင် စူပါတွေဆိုတာလည်း စက်ရုံက လက်သတ် မွေးထားတာပါ။ တခုခုဆို အလုပ်သမားတွေမှာ ခါးစည်းခံနေရတာပါ။
အခုတော့ တိုးပေးတဲ့အတိုင်း လက်ခံလိုက်ရပါတယ်။ ပုံမှန်အတိုင်း အလုပ် ပြန်လုပ်ပါပြီ။ ကျနော်တို့လည်း ကြောက်ပါတယ်။
 
စားဝတ်နေရေးကတော့ မလုံလောက်ပါဘူး ။
Asia Caps စက်ရုံက တရုတ်နိုင်ငံသားပိုင်ပါဗျ။
အလုပ်သမား စုစုပေါင်း ၁၀၀၀ ကျော်ရှိပါ တယ်ဗျ။
ကျနော်တို့ ဘယ်လို လုပ်ရမလဲ ဆိုတာ အကြံပေးပါဦး။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026