NEWS

Asdet အထည်ချုပ်စက်ရုံ ကြီးကြပ်ရေးမှူးများက  ခြိမ်းခြောက်အချိန်ပိုဆင်းခိုင်း ၊ နေ့စားလုပ်သားများအား အချိန်ပိုခ မပေး

CoverLogo
598 Views

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းက Asdet အထည်ချုပ် စက်ရုံမှာ အဆင့်ဆင့် ကြီးကြပ်ရေးမှူးတွေ(စူပါ၊ အောစူပါ)တွေက ခြိမ်းခြောက် အကျပ်ကိုင်ပြီး အချိန်ပို ဆင်းခိုင်းပြီး ၊ နေ့စားအလုပ်သမားတွေမှာတော့ အချိန်ပိုလုပ်ကိုင်ရပေမဲ့ လုပ်ခ မရဘူးလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

Asdet အထည်ချုပ် စက်ရုံမှာ အလုပ်သမား၆၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး  CHANG, esmaea (LIDL), Footmaek အမှတ်တံဆိပ် အင်္ကျီနဲ့ အမျိုးသမီးအတွင်းခံ အထည်တွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ စက်ရုံကိုတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး လုပ်ငန်းခွင်ထဲမှာ သမဂ္ဂ ဖွဲ့စည်းထားတည မရှိဘူးလို့ သိရပါတယ်။ 

"ဒီစက်ရုံမှာ ဖြစ်နေတာတွေကို  သက်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေကလည်း မသိချင်ယောင်ဆောင်နေတယ်။ အချိန်ပိုကြေးကလည်း နေ့စားသမားတွေ ဆိုရင်မရဘူး”လို့ အလုပ်သမားတွေက ပြောပါတယ်။  

စက်ရုံအလုပ်ချိန်မှာ  အချိန်ပိုအပါ မနက် ၇ နာရီခွဲကနေ ညနေ ၆  အထိဖြစ်ပြီး ညနက် ၁၂ နာရီ အောနိုက်နဲ့  စနေနေ့တွေမှာ  အောလင်း လုပ်ကိုင်ခိုင်းတဲ့အပြင် တနင်္ဂနွေနဲ့ အများပြည်သူပိတ်ရက်တွေမှာပါ လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  ဒါ့အပြင် ကြီးကြပ်ရေးမှူး အဆင့်ဆင့်ကလည်း အချိန်ပို မလုပ်လိုပါက အလုပ်လာစရာ မလိုဘူးလို့ ပြောဆိုတဲ့အပြင် အလုပ်နေရာပြောင်းရွေ့တာနဲ့ ကြမ်းတမ်းစွာ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ဇန်နဝါရီ၂၄၊၂၅၊၂၆ ရက်တွေမှာ အောနိုက် လုပ်ကိုင်ခိုင်းပြီး စက်ရုံအတွင်း ဖြစ်သလို အိပ်ခိုင်းပြီး နောက်တနေ့ ဆက် အလုပ်လာခိုင်းလို့ အလုပ်သမားရုံးကို တိုင်ကြားခဲ့ရာ အလာရောက်စစ်ဆေးလို့  အချိန်ပို မလုပ်ရတော့ဘဲ  အလုပ်သမားတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီလို တိုင်းတန်းတာကြောင့် နောက်ရက်မှာပဲ အော်ဟစ်ဆဲဆိုခဲ့ပြီး တိုင်ကြားသူကို သိရှိပါက အလုပ်ထုတ် မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။ အဲဒီနေ့မှာပဲ မန်နေဂျာ ဒေါ်အိအိဖြူက အလုပ်သမားတွေကို ခေါ်ယူမေးမြန်းတာကြောင့် အလုပ်သမားတွေက ကြောက်ရွံပြီး ဆန္ဒအရ အချိန်ပိုဆင်း တာဆိုပြီး ဖြေကြားပေးခဲ့ရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်တွေမှာ ည ၁၂ နာရီအထိ အချိန်ပိုဆင်းခဲ့ရပေမဲ့ အလုပ်သမားရုံးလာရောက် စစ်ဆေးတာမရှိတာကြေင်  ဖေဖော်ဝါရီ ၂၇ နဲ့ ပိတ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်တွေမှာ အောနိုက် အလုပ်ဆင်းခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်သမားတွေက အချိန်ပိုတွေ မဆင်းနိုင်တော့လို့ ငြင်းဆန်ခဲ့ပေမဲ့ ကြီးကြပ်ရေးမှူးတွေကတော့ အလုပ် မလာနဲ့တော့ဆိုပြီး ခြိမ်းခြောက်သလို အလုပ်သမားရုံးက တာဝန်ရှိသူတွေကို တိုင်ကြားမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ လာရောက်စစ်ဆေးတာ လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။ 

အလုပ်သမားအများစုဟာ အချိန်ပိုဆင်းရလို့ ပင်ပန်းတာ၊ ချက်ပြုက်ချိန်မရှိ အနားယူချိန်မရှိတာ၊  စက်ရုံက ကျွေးမွေးတာကလည်း အဆင်မပြေတာ၊ အချိန်ပို ငြင်းဆန်တာကို ခြိမ်းခြောက်တာတွေက အဆင်မပြေ ဖြစ်နေ ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ 

လစာထုတ် စာရွက်မှာ အချိန်ပိုအတွက် ည ၈နာရီ ၁၅ အထိသာ ဖော်ပြထားပြီး  အောနိုက်၊ အောလင်း ၊ အများပြည်သူပိတ်ရက်နဲ့ တနင်္ဂနွေပိတ်ရက်တွေအတွက် အချိန်ပိုလုပ်ခကို နောက်ရက်တွေမှာ ထုတ်ပေးပြီး  ဖျောက်ထားတယ်လို့လည်း သိရပါတယ်။  

စက်ရုံဘက်က ဆောင်ရွက်တဲ့အကြောင်းအရာတွေကို WCC အဖွဲ့ကို အသိပေး သဘောတူလက်မှတ် ထိုးခိုင်းတာကလွဲပြီး လက်ရှိ အောလင်း၊ အောနိုက်စတဲ့ တရားမဝင် အချိန်ပိုခိုင်းစေတာနဲ့  လုပ်ငန်းခွင်ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးဖို့ကိုတော့ စက်ရုံဘက်က လက်မခံဘူးလို့ သိရပါတယ်။  

Asdet အထည်ချုပ်စက်ရုံရဲ့ လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို  အလုပ်သမားရုံးက တာဝန်ရှိသူတွေအနေနဲ့  ကိုယ်ချင်းစာတရားနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။

 #MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026