NEWS

Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား

CoverLogo
32 Views
 
Asdet Myanmar Garment စက်ရုံ HR မန်နေဂျာ ဆိုသူက သတ်မှတ်အထည်စံချိန်မပြည့်ပါက အလုပ်ထုတ် မယ်ဆိုပြီး စူပါတွေကို ပြောဆိုခဲ့တယ်လို သိရပါတယ်။ စက်ရုံဘက်က ဒေးကြေးကျပ် ၁၂၀၀၀ တိုးမြှင့်ထားလို အထည်စံချိန်တိုးမြှင့် ပေးရမယ်လို့ ခဲ့တာလိုလည်း အလုပ်သမားတွေက ပြောပါ။
 
“စက်ရုံက ဒေးကြေး ၁၂၀၀၀ တိုးပေးထားလို့ဆိုပြီး အထည် စံချိန်လည်း တိုးတောင်း ပါတယ်။ သတ်မှတ် အထည်စံချိန်မပြည့်ရင် အလုပ်လာဖို့ မလိုဘူး၊ နစ်နာကြေးပေးစရာ မလိုဘူးဆိုပြီး HR မန်နေဂျာက စူပါတွေကို ခေါ်ပြီး ပြောထားတယ်။ အလုပ်လည်း ထုတ်နေတယ်။ အထည်စံချန်မပြည့်ရင် အလုပ်ကို ၁၅မိနစ် ကြိုဝင်ရမယ် ဆိုပြီး မနက်ပိုင်း မီတင်တွေမှာ ပြောတယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်သက် ၇ လ ပြည့်မှ EC စာချုပ်ချုပ်ပေးမယ်လို့ HR က ပြောထားပြီး နေမကောင်းလို ဂိတ်ပတ် ယူတာကို “သေမဲ့ရောဂါမဟုတ်ဘူး ဆေးသောက်ပြီး ခဏနား ဆိုပြီး ပြောတယ်” လို စူပေါတွေက ပြောဆိုတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက် အထည်စံချိန်ပြည့်လည်း ထပ်တိုးတောင်းပြီး မပြည့်ပါ အချိန်ပို အောလင်း(မိုးလင်း) လုပ်ကိုင် ခိုင်းတယ်လို ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက စနေနေ့ အောလင်း တစ်လဝန်းကျင်လုပ်ကိုင်ခဲ့ရပြီး အလုပ် နားရက် တနင်္ဂနွေနေ့ အချိန်ပိုတွေကို ၂ လ ဝန်းကျင်ကြာ လုပ်ကိုင်ခဲ့ရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က အောလင်းဆင်းရတယ်။ အလုပ်သမား ၂၀၀ ကျော် ဆင်းရတယ်။ စက်ရုံက ထမင်းကျွေးတော့ အောက်သိုးသိုးနဲ့ မလက်ဆပ်ဘူး ဖြစ်ဘူး။ အဲ့ ညစာ မစားတော့ဘဲ အချိန်ပိုဆင်းခဲ့ရတယ်” လို အလုပ်သမားတချိုက ပြောပါတယ်။
 
သောက်ရေသန့်ဘူးကြီးတွေကို ထမင်းစားဆောင်မှာ ထားပေးပြီး အလုပ်ချိန်မှာ သောက်ဖိုကိုတော့ ရေဗူးအသေးတွေကို အလုပ်သမားအရေအတွက် အလိုက်ပေးထားတာက ကျန်းမာရေးနဲ့ ကိုက်ညီမှု မရှိဘူးလို ပြောပါတယ်။
 
“ခွင့်ပြုထားတဲ့ နေရာမှာ ရေးဗူးအသေးတွေ ထားတယ်၊ အဲ့နေရာမှာပဲ သောက်ခွင့်ပေးတယ်။ အဲလိုထားပြီး ရှိတဲ့ရေဘူး တွေ့တဲ့သူ သောက်ရတာမျိုး။ လူစုံ သောက်ရတာပေါ။ ကျန်းမာရေးအရ အဆင်မပြေဘူး။ ရေဗူးသေးတွေ လဲခ တစ်ဗူး ၃၀၀ နဲ့ ပေးဝယ်ယူရမယ်ဆို HR က ပြောတယ်၊ ကိုယ်ပိုင်ဆိုလည်း ခွင့်မပြုပြန်ဘူး” လို ပြောပါတယ်။
 
အလုပ်သမားတွေ ကြုံတွေရတဲ့ လုပ်ငန်းခွင် အခက်အခဲတွေကို WCC အဖွဲက ကူညီ ညှိနှိင်း ပေးတာမရှိဘဲ “စက်ရုံက ဘာမှ မလုပ်ပေးဘူး” ဆိုပြီး ပြောဆိုတယ်လို အလုပ်သမားတဦးက ပြောပါတယ်။
 
Asdet Myanmar Garment အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်း စက်မှုဇုန် မှာ ဖွင့်လှစ်ထားပြီး အတွင်းခံ အထည်တွေ ချုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။
 

Related posts

Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026