NEWS

Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း

CoverLogo
288 Views
 
စက်ရုံ မန်နေဂျာ က အထည် စံချိန်တွေကို အတင်းကျပ်တောင်းပြီး အချိန်ပို အပတ်တိုင်း လုပ်ကိုင်ခိုင်းနေတယ်လို့ Asdet Myanmar Garment အလုပ်သမားတွေက ပြောပါတယ်။ သတ်မှတ်စံချိန်တွေ မရရအောင် တောင်းဖို စံချိန်မပြည့်ရင် မန်နေဂျာက ခေါင်းဆောင်တွေကို ခေါ်ပြီး ဖိအား ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
 
"ဒေးကြေး ၁၂၀၀၀ အထိ ထိုးတော့ ပေးပါတယ်။ စံချိန်ကိုတော့ မပြည့်မချင်း ချုပ်ခိုင်းဖို့ HR မန်နေဂျာက ပြောတယ်။ အထည့်ကပဲ ကျရင် ဖြည့်ချုပ်ပေးရတယ်။ စံချိန်မပြည့်တဲ့ နာရီမှာ အထည်ကြွေးမှတ်ပြီး နောက် နာရီမှာ ထပ်ဖြည့်ချုပ်ပေးရတယ်။ တနင်္ဂနွေအချိန်ပို နှစ်ပတ်ဆက်တိုက်ခေါ်တယ် ။ သင်္ကြန်ရက်စားတွေလဲ ဆင်းပေးရတော့ နားရက်မရှိဘူး " လို ဝန်ထမ်းတချိုက ပြောပါတယ် ။
 
စက်ရုံချိုးဖောက်မှု သတင်း ပေးလို့ ထင်မြင်တဲ့ အလုပ်သမားတွေကို HR မန်နေဂျာက စုံစမ်းမှုတွေ ပြုလုပ်နေတပြီး အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့သိရပါတယ်။
 
“ စောင်ကြည့်တယ်ဆိုတာ က စူပါ၊ စာရေးမ I EP တွေကနေ စုံစမ်းခိုင်းတယ်။ သိရင် အလုပ်ထုတ် မယ်။ဘာမှ ခံစားခွင့် မပေးဘူး ဆိုပြီး ခြိမ်းခြောက်တယ်။ အလုပ်သမားတွေ အပေါ်တော့ ဘာမှ မပြောင်းလဲဘူး ပိုပြီး ဆိုးလာတယ်” လို့ အလုပ်သမားတွေ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အပူဒဏ်ခံစားနေရပေမဲ့ WCC အဖွဲ့ဝင်က အလုပ်သမားတွေကို ကူညီ ညှိနှိင်း လုပ်ဆောင် ပေးတာမရှိတဲ့ အပြင် စက်ရုံဘက်ပြောဆိုတာကိုပဲ ခေါင်းငြိမ့် လက်ခံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ စကားတစ်ခွန်းပဲ နားထောင်တယ်၊ WCC တွေက ဘာမှမလုပ်ပေးဘူး။ စက်လိုင်းတွေထဲမှာ ပန်ကာတပ် မပေးထားဘူး၊ မနက်ဆို ၁၀ နာရီလောက်ကတည်းက ပူတာ ညနေ အထိ အလုပ်ဆင်းတဲ့ အထိပဲ။ သောက်ရေ တွေဆို ရေကျက်အေးလို ဖြစ်နေတယ်” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Asdet Myanmar Garment အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မူဇုန်မှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026