NEWS

ဖမ်းဆီးခံအလုပ်သမားများအား စစ်ခုံရုံးတွင် စစ်ဆေးမည်ဟုဆို

CoverLogo
969 Views

အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရလို့ တောင်းဆိုခဲ့ကြတဲ့ ဟိုစိမ့် Hosheng စက်ရုံက အလုပ်သမားတွေနဲ့ အကူအညီ ပေးခဲ့သူ ၃ ဦးကို စစ်ကောင်စီဘက်က လာမဲ့ ဇူလိုင်လ ၇ ရက် ရုံးချိန်းမှာ ပုဒ်မတပ် တရားစွဲမယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

"အခုတော့ ရမာန်ယူထားတယ် ၊ လာမဲ့ ၇ ရက်မှာ ရွှေပြည်သာတရားရုံးမှာ ရုံးထုတ်မယ် ။ လှော်ကားရဲစခန်းက ဒီအမှုကို ကိုင်တွယ်နေတယ်လို့တော့ ကြားရတယ်” လို့ ပြောပါတယ်။ 

ဖမ်းဆီးထားသူတွေထဲက အလုပ်သမား ၅ ဦးကို ပုဒ်မ ၅၀၅ (က) တရားစွဲထားပြီး ကူညီပေးနေသူ ၃ ဦးကိုတော့ ၁၇ (၁) နဲ့ တရားစွဲထားလို့ ဖမ်းဆီးခံထားရသူနဲ့ နီးစပ်သူက ပြောပါတယ် ။ 

ဖမ်းဆီးခံရသူတွေဟာ အလုပ်သမား တွေဖြစ်လို့ လုပ်ငန်းခွင် ချိုးဖောက်ခံရတာတွေကို တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ 

“ အလုပ်သမားတွေက နိုင်ငံရေးတောင်းဆိုချက် တောင်းဆိုခဲ့တာမဟုတ်ဘူး။ အလုပ်သမာအရေးကိစ္စကို တောင်းဆို တာပါ။ ဒါကို နိုင်ငံရေးပုဒ်မတပ်တယ်ဆိုတာက ရည်ရွက်ချက်က ဘာလဲဆိုတာကို မေးရမလို ဖြစ်နေပြီ ။ ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ်ပြောတယ်။ လက်ရှိ အဖွဲ့အစည်း တွေ ရှင်သန်နေရတာ ကတော့ တကယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုတာ ဟုတ်ရဲ့လား ထင်မိတယ်” လို့လည်း ပြောပါတယ်။  

အလုပ်သမားတွေတောင်းဆိုတဲ့ အချက်တွေက လုပ်ငန်းခွင်အတွင်း အခွင်းရေးပိုင်ဆိုင်ရာ ကိစ္စရပ်တွေ၊ လုပ်အား ခေါင်းပုံဖြတ်မှုတွေ၊ လက်ရှိ အလုပ်သမားဥပဒေကို မလိုက်နာတာတွေကို တောင်းဆို တင်ပြခဲ့ကြတာလို့ အလုပ်သမားအရေး လှူပ်ရှားသူက ပြောပါတယ်။ 

“ အလုပ်သမားတွေကို အခုလိုဖမ်းတာက ဥပဒေကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို ကာကွယ်ပေးနေတယ်လို့ပဲ ယူဆရမယ်” လို့ ဆက်ပြောပါတယ်။

စက်ရုံဘက်က အလုပ်သမားတွေကို အကူအညီပေးမယ်လို့ ပြောကြားထားပေမဲ့ စောင့်ကြည့်နေတယ်လို့ အလုပ်သမားအဖွဲ့အစည်းဝင် တဦးက ပြောပါတယ်။ 

ကုန်အမှတ်တံဆိပ်ဘက်က အလုပ်သမားတွေ အပေါ်ကူညီပေမဲ့ နှေးကွေးလွန်းတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ 

“ကုန် အမှတ်တံဆိပ်ဘက် တာဝန်တော့ ယူတယ်။ လုပ်ဆောင်ချက်က နှေးလွန်းတယ်။ နှေးလွန်းလို့လည်း အခုလို အလုပ်သမားတွေ အဖမ်းခံခဲ့ရတာပဲ။ ဒီအဖြစ်အပျက်နောက်မှာ စစ်ကောင်စီက အလုပ်သမားတွေအပေါ် ဘယ်လို စဉ်းစားနေပြီလဲ ဆိုတာကိုလည်း မြင်နေရပါပြီ ” လို့ ကူညီလုပ်ဆောင်ပေးနေသူက ပြောပါတယ်။ 

လက်ရှိဖမ်းဆီးခံရသူတွေကို စစ်ခုံရုံးမှာ စစ်ဆေးမှာဖြစ်လို့ ဥပဒေဆိုင်ရာ ကူညီးပေးနိုင်တဲ့ အခွင့်အလမ်း နည်း တယ်လို့ သိရပါတယ်။

နောက်ထပ် အလုပ်သမားအခွင့်အရးတောင်းဆိုနေတဲ့ Sun Apperal က အလုပ်သမား ခေါင်းဆောင် ၂ ဦးလည်း ဖမ်းဆီးခံထားရ ပါတယ် ။ 

ဟိုစိမ့် Hosheng Myanmar အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA, Inditex စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026