NEWS

အလုပ်သမားအခွင့်အ‌ရေးတောင်းဆိုတဲ့ အလုပ်သမားတွေနဲ့ ကူညီပေးတဲ့ အဖွဲ့အစည်းကို ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီး

CoverLogo
953 Views

အလုပ်သမားဥပဒေပါ အခွင့်အရေးတွေအတွက် တောင်းဆိုသူတွေကို ဆူပူဆန္ဒပြတာတွေ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က ဇွန်လ(၂၈)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

 

Action Labor Rights အဖွဲ့ဝင်တွေ၊ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

 

Action Labor Rights အဖွဲ့က အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား တစ်ယောက်၊ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အမျိုးသမီး လေးယောက်နဲ့ အမျိုးသားတစ်ယောက်၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသားတစ်ယောက် စုစုပေါင်း (၁၀)ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

 

ဖမ်းဆီးရမိသူတွေကိုစစ်ဆေးရာမှာ Action Labor Rights အဖွဲ့ဝင်တွေက ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမား (၂၀)ယောက်လောက်ကို စည်းရုံးသိမ်းသွင်းပြီး ဆူပူဆန္ဒပြစေဖို့လှုံဆော်ခဲ့တာကြောင့် စက်ရုံအလုပ်သမားတွေက လုပ်ငန်းခွင်မဝင်ရောက်ဘဲ ဆန္ဒပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 

ဒါ့အပြင် Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ချို့လည်း လှုံ့ဆော်မှုတွေကြောင့် လုပ်ငန်းခွင်မဝင်ရောက်ဘဲ ဆန္ဒဖော်ထုတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပါရှိပါတယ်။ 

 

စက်ရုံ၊ အလုပ်ရုံတွေမှာ ဆူပူမှုတွေ ဖြစ်ပေါ်လာအောင် နောက်ကွယ်က သွေးထိုးလှုံဆော်ဝါဒ ဖြန့်သူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမှာ ဖြစ်သလို ဖမ်းစီးခံထားရသူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီမီဒီယာတွေ မှာဖော်ပြထားပါတယ်။ 

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေကို တောင်းဆိုတာဟာ အရေးယူခံရမယ့် အခြေအနေဖြစ်လာပြီး အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ သမဂ္ဂခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

 

#MyanmarLabourNews 

ဓါတ်ပုံ-စစ်ကောင်စီ မီဒီယာတွင်ဖော်ပြထားသော အလုပ်သမားများအားတွေ့ရစဥ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026