NEWS

AQUA SHOE စက်ရုံ သတ်မှတ်အချိန်ပိုထက် ပိုမို ခိုင်းစေ

CoverLogo
821 Views

မြစိမ်းရောင်းစက်မှုဇုန်က AQUA SHOE စက်ရုံမှာ ဥပဒေ သတ်မှတ်အချိန်ပိုထက် ပိုမိုခိုင်းစေတာကြောင့် အလုပ်သမား အများစု သွားလာရေး ခက်ခဲပြီး နေအိမ်အပြန် နောက်ကျတာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရဲ့   ၂၀၂၂ ခုနှစ် ညွှန်ကြားလွှာမှာတော့ တပတ်အချိန်ပို နာရီ  ၂၀ ထက် ကျော်လွန်ခိုင်းစေတာတွေ မပြုလုပ်ဖို့ ဖော်ပြထားပါတယ်။ 

“စက်ရုံက သတင်းကျွတ်ပြီးနောက်ပိုင်း နေ့တိုင်း ည ၈ နာရီအထိ လုပ်ပေးနေရတာ။ စနေဆိုလည်း ည ၇ နာရီ အထိ လုပ်ကိုင်ပေးရတယ်။ ဒီလထဲမှာဆို ပိတ်ရက်မရှိခဲ့ဘူး။ တနင်္ဂနွေဆင်းရတာ သုံးပတ်လုံးလုံးပဲ ။ အိမ်ပြန်ရင် ၁၀ ခွဲ လောက်မှ ရောက်တယ်။ လုံခြုံရေးနဲ့ ဘာနဲ့ ဆို အဆင်မပြေတော့ဘူး” လို့ စက်ရုံအလုပ်သမား အမျိုးသမီး  တဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် တနှစ်လုံးနီးပါး နေ့စဉ် အချိန်ပို ည ၇ နာရီ လုပ်ကိုင်ခဲ့ရပြီး စနေနေ့တိုင်းလည်း ည ၇ နာရီအထိ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အချိန်ပိုဆင်းရတဲ့ နေ့တိုင်း နားချိန်မရဘဲ ဆက်တိုက် လုပ်ကိုင်ခဲ့ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံက ဒဂုံဧရာအဝေးပြေးရှေ့က မြစိမ်းရောင်စက်မှုဇုန်မှာ ရှိပြီး အလုပ်သမားတွေက တွံတေး၊ ခတ္တာယ၊ ထန်းတပင် ဘက်က လာရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျွန်မတို့က ကြိုပို့စီးပြီး ရွာကို တန်းရောက်တာတောင် ၉ နာရီခွဲနေပြီ ။ ထန်းတပင်ဘက်က တချို့ဆိုရင် လှေ တဆင့် စီးရသေးတယ်။ သူ့တို့ ဒုက္ခကမှ အကြီးကြီးပဲ ။ အခန့်မသင့်ရင် လှမ်းလျှောက်ပြန်၊ မြစ်ကူးဖို့ အိမ်က လှေကိုခေါ်ရတာ။  မနက်ဆို အလုပ်လာဖို့ ၃ နာရီခွဲကတည်းက အိပ်ယာထ ပြင်ဆင်ရတယ်။ ဖယ်ရီစီးဖို့ ၆ နာရီ ထက် နောက်ကျမရဘူး။ လှေကို လပေးနဲ့ စီးလာကြရတာ။ တွံတေးဘက် လာတဲ့သူတွေလည်း ဖယ်ရီနဲ့ သာ ပြန်ရတာ အရမ်းနောက်ကျကြတယ်။ ၇ နာရီလောက် ပြန်ရမယ်ဆိုရင်တော့ သက်တောင့်သက်သာ ဖြစ်တာပေါ့” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Aqua Shoes Co., Ltd ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတယ်လို့ DICA ရဲ့ အချက် အလက်တွေအရ သိရပါတယ်။ Aqua Shoes ကုမ္ပဏီက တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး Water Shoes, Swim Shoes and Beach Shoes   စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေတယ်လို့ သိထားပါတယ်။  

 #MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026