NEWS

Amava Apparel အထည်ချုပ်စက်ရုံက စုပေါင်းတောင်းဆိုမှု ပြေလည်သွားပြီဟုသိရ

CoverLogo
1.3K Views

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ၊အမှတ်၁၃ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံမှာ  ၄.၅.၂၀၂၃  ရက်မှာအလုပ်သမားများ လုပ်ငန်းခွင်အတွင်းလုပ်လက်စအလုပ်များရပ်ကာ စုပေါင်းတောင်းဆိုခဲ့ကြပြီး ဒုတိယ မြောက်
နေ့မှာ ပြေလည်သွားပြီလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဆေးခွင့် ၁ ရက်ယူပါက သို့မဟုတ် ရှောင်တခင်ခွင်ရက် ၂ရက်ယူရင် ရက်မှန်ကြေး ၁၀၀၀၀ ကျပ်ဖြတ်တောက်မယ်လို့ စက်ရုံဘက်ကပြောတဲ့အပေါ်ကျေနပ်မှုမရှိလို့ လုပ်ငန်းခွင် ရပ်နားပြီး စုပေါင်းတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

"အလုပ်သမားတွေက လက်မခံဘူး ၂၀၁၉ ခုနှစ်က အလုပ်ရှင်၊အလုပ်သမား ၊ ဌာနဆိုင်ရာနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း ဘာခွင့်ယူယူ ၃ရက်ပျက်မှ တစ်သောင်းကျပ်ဖြတ်မယ် ဆိုတာကို တောင်းဆိုကြတာ" လို့ တောင်းဆိုရာမှာပါတဲ့အလုပ်သမားကပြောပါတယ်။

ဒုတိယမြောက်နေ့မှာတော့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး စက်ရုံဘက်က မိုက်နဲ့ကြေညာပြီး ပြေလည်မှုရသွားတဲ့အတွက် အလုပ်သမားေတွ လုပ်ငန်းခွင်မှာ ပြန်လည်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

" ဒီနေ့ စက်ရုံဘက်ကကြေညာတယ် ဝန်ထမ်းအားလုံး လူဟောင်း လူသစ်မခွဲခြားဘဲ ဘာခွင့်ယူယူ ၃ ရက်ပျက်မှသာ ရက်မှန်ကြေး ၃၀၀၀၀ ကျပ်ထဲက ၁၀၀၀၀ကျပ်သာ ဖြတ်တောက်မယ်လို့ " အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်ခွင်ရပ်ပြီး စုပေါင်းတောင်းဆိုရာမှာ နေ့စားသမားတွေကလွဲပြီး  အလုပ်သမား ၁၀၀၀ ကျော်ကပါဝင်တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံဟာ သီရိလကာ်နိုင်ငံသားပိုင် ဖြစ်ပြီး ၊လုပ်သား တစ်ထောင်ကျော်နဲ့ လည်ပတ်နေကာ BLAKLADER  Brand ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၇လပိုင်း ၂၉ရက်နေ့မှာလဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်ခန့်ဟာ ၁၉ ချက်ပါ တောင်းဆိုချက်အား စက်ရုံရှေ့တွင်စုပေါင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026