NEWS

A&C အထည်ချုပ် စက်ရုံတွင် သီတင်းကျွတ် ကန်တော့ရန် လစာများဖြတ်တောက်

CoverLogo
378 Views
 
A&C အထည်ချုပ် စက်ရုံမှာ စက်ရုံက ကြီးကြပ်ရေး နိုင်ငံခြားသားတွေနဲ့ အောစူပါတွေကို ကန်တော့ဖို့ အတွက်ဆိုပြီး လစာက ဖြတ်တောက်ရယူခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမား တဦး ကျပ် ၃၀၀၀နဲ့ အထည်ဆုကြေး ကျပ်၄၀၀၀ စုစုပေါင်း ကျပ် ၇၀၀၀ ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ လိုင်းပိုင်တရုတ်ကျဲကျဲ နဲ့ အောစူပါကို ကန်တော့ ဖို့ဆိုပြီး လစဥ် အထည်ဆုကြေးထဲက ၄၀၀၀ ကိုနှုတ်တယ်။ အထည်ဆုကြေးက ၈၅၀၀ ရတယ်။ လစာထုတ်တုန်းကလဲ လစာထဲက ၃၀၀၀ နုတ်တယ် ။ ပေးချင်လား မပေးချင်လား မမေးခဲ့ဘူး။ လစာအစွန်းထွက် ပိုက်ဆံ တွေဆိုရင် လည်း ထုတ်မပေးဘူး တန်ဆောင်တိုင် အတွက်ဆိုပြီး ယူထားတယ် ။ ပြီးရင် ထပ်ကောက်တယ်။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က ရက်ပျက်နဲ့ ဂိတ် ပတ်စ်ယူရာမှာလည်း လစာနဲ့ ရက်မှန်ကြေးဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။
"ရက်ပျက်၊ ဂိတ်ပတ် ယူရင် ရက်မှန်ကြေး အကုန်ဖြတ်တယ်။ ဂရိတ်ချတယ် ။လစာတိုးပေးဖို့ကျ ခေါင်းဆောင်တွေက မပြောပေးဘူး ပိုက်ဆံတောင်းဖို့ဆိုရင် သူတို့က လုပ်တယ် " လို့လည်း ပြောပါတယ်။
 
စက်ရုံက အမျိုးသမီး သန့်စင်ခန်းတွေမှာ ဂျက်၊ မီလုံးများ ပျက်စီးနေပြိး မိုးမလုံတဲ့ အပြင် ရေညှိများ ညစ်ပတ်နေတယ်လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။ အပေါ်ထပ် သောက်ရေဘေစင် ပျက်စီးတာကြောင့် အလုပ်သမားတွေ ထမင်းစားသည့်နေရာကို ရေကျနေပေမဲ့ စက်ရုံ ဘက်က ပြုပြင်ပေးတာမရှိလို့ ထမင်းစားဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
 
A&C အထည်ချုပ် စက်ရုံက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ လမ်း၁ မှာရှိပြီး Camel Active တံဆိပ် အထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ တစ်ရုံ ဖြစ်ပါတယ်။

Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026