NEWS

AAC-ဂေဟာ အပြီးပိတ်သိမ်းပြီး မသန်စွမ်း မြန်မာအလုပ်သမားများအား ချက်ချင်း ပြောင်းရွှေ့ခိုင်း

CoverLogo
393 Views
 
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC-ဂေဟာ ကို အာဏာပိုင်တွေက အပြီးပိတ်သိမ်းပြီး မသန်စွမ်း မြန်မာအလုပ်သမားတွေကို ညတွင်းချင်း ပြောင်းရွှေ့ဖို ဖိအားပေးနေတယ်လို့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
ဒီကနေ့ ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဂေဟာ ပိတ်သိမ်းဖို့ ညွှန်ကြားထားတာ ရက်ပေါင်း(၆၀) လို့ လက်ရှိ အဆောက်အဦကို ဖြိုပေးဖို ဒုတိယအကြိမ်လာရောက် အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂေဟာ မှာ နေထိုင်နေတဲ့ ခြေလက်မသန်စွမ်း အလုပ်သမားတွေကို .ည ၇-နာရီ နောက်ဆုံးထား ပြောင်းရွေ့ပေးဖို့ပါ ပြောဆိုခဲ့တာလို့ သိရပါတယ်။
"ဂေဟာမှာက ခြေလက်မသန်စွမ်းတဲ့ မြန်မာ လုပ်သား၂၀ဦးရှိတယ်။ ၇ဦးက မိုးပျံတံတားပြိုကျတုန်းက ဖြစ်ခဲ့တဲ့ သူတွေ။ ကျန် ၁၃ဦး လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသူတွေပါ။ ညနေ ၅နာရီ နောက်ဆုံးထားပြောင်းပေးဖို လာပြောတယ်။ အခု ညနေငါးနာရီ မှာ တခါလာကြည့်ပြီး။ ၇နာရီ မှာ လာစစ်မယ်ဆိုပြီး ဖိအားပေးသွားတယ်"လို့ ဦးခိုင်ကြီးက ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ၂၀ရက်က AAC မဟာမိတ်ရုံး ကို ထိုင်းဥပဒေအရ တရားဝင် အသင်းပင်း ဖွဲစည်းခွင့်မရှိ တာကြောင့်ဆိုကာ ဂေဟာကို ထိုင်းအာဏာပိုင်တွေက ပထမအကြိမ် ဝင်ရောက် ချိတ်ပိတ်ကာ ရက်ပေါင်း ၆၀ အတွင်း ပိတ်သိမ်းဖို အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
"ပထမအကြိမ် ပိတ်သိမ်းဖို အမိန့်ထုတ်ကတည်းက တရားရုံးမှာ အယူခံဝင်ဖိုတင်ထားတယ်။ တကယ်ဆို တရားရုံးရဲ့ အမိန့် မချမချင်း၊ ဒီမှာနေလိုရသေးတာ။ အခု ချက်ချင်းကြီး ပြောင်းဖို အဖွဲအစုံလာပြီး ဖိအားပေး ခြိမ်းခြောက်လိုက်၊ ချော့ပြောလိုက်နဲ့ ပြောင်းခိုင်းနေတာ""လို့ ဦးခိုင်ကြီးက ပြောပါတယ်။
လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီဆောင်ရွက် နေတာမှာ ၁၀နှစ် ကျော် ရှိပြီ ဖြစ်ပြီး အခုလို ချက်ချင်း ပြောင်းရွှေ့ခိုင်းတဲ့ အတွက် မသန်စွမ်းတဲ့ မြန်မာအလုပ်သမားတွေ နေထိုင်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဦးခိုင်ကြီးက ရေးသားထားပါတယ်။
Photo- Hla Khaing (FB)

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026