NEWS

Myanmar Jiale Fashion အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများစွာ လုပ်ဆောင်နေဟုဆို

CoverLogo
1.6K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ Myanmar Jiale Fashion အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ ဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသား ပိုင်ရှင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန် ချင်တွင်း (၂) လမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

စက်ရုံကိုတော့ လုပ်သားအင်အား တစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်နေတာ ဖြစ်ပြီးတော့ နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ H&M  အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာပါ။

“အချိန်ပိုတွေ ည(၈)နာရီ ခေါ်နေတယ်။ ညဆိုင်းတွေလည်း ဆင်းခိုင်းပါတယ်။ မဆင်းဘူးဆို အလုပ်ထွက်ရမယ် ပြောပါတယ်။ day ကြေးတွေ တိုးပေးမယ်ပြောထားပေမယ့် တကယ်မတိုးပေးပါဘူး။ ကျွန်မဆို လစာထဲက ၅% လည်း အဖြတ်ခံရတယ်။ လစာကို ဘယ်လိုတွက်နေလဲ မသိဘူး။ သွားမေးတော့လည်း မရှင်းမလင်းဖြေပြီး ပြီးသွားတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

Myanmar Jiale Fashion  အထည်ချုပ်စက်ရုံဟာ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေကို ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လာတာပါ။ အလုပ်သမားတွေကို တနင်္ဂနွေနေ့တွေမှာ အချိန်ပို ခေါ်ယူတာ၊ ကလေးလုပ်သားတွေ  ခိုင်းစေတာ၊ အစမ်းခန့်ကာလ ကျော်လွန်နေပေမယ့် နေ့စားအဖြစ်သာ ဆက်လက်ခိုင်းစေ၊ WCC က စာချုပ်ပါအချက်တွေကို ညှိနှိုင်းမှု မရှိဘဲ ပြောင်းလဲတာ စတာတွေလည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

“စကားပြောတာလည်း အရမ်းရိုင်းပါတယ်။ HR မန်နေဂျာကလည်း အလုပ်သမားဘက်မှာ မရှိပါဘူး။ ကျွန်မတို့စက်ရုံကို ဝန်ကြီးဌာနက လာစစ်ဆေးပေးတာလည်း မရှိပါဘူး။ အခုဆို အလုပ်သမားတွေကို ဘယ်သူကို တိုင်ရမလဲကို မသိတော့တာ”လို့ သူက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေက ဥပဒေပါ အလုပ်သမား အခွင့်အရေးကို ရရှိခံစားလိုတာဖြစ်ပြီး လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံတာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေကိုလည်း တာဝန်ရှိသူတွေ လာရောက်စစ်ဆေးဖို့ လိုလားနေတယ်လို့ အလုပ်သမားကပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026