NEWS

Amava Apparel စက်ရုံ အစိုးရ လက်မှတ်ထိုးထားသည့် စာချုပ်အား ချိုးဖောက်ပြီး အလုပ်သမားသမဂ္ဂအား ဖြိုခွင်းနေ

CoverLogo
2.2K Views

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၃)ရပ်ကွက်က  Amava Apparel အထည်ချုပ်စက်ရုံဟာ အော်ဒါပြတ်လပ်တယ်ဆိုပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ လိုင်းကိုယ်စားလှယ်တွေနဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ စက်လိုင်းတွေကို ရွေးဖြုတ်နေတယ်လို့ သိရပါတယ်။

"၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ လုပ်သာ ၇၀ ကျော် ပထမအကြိမ်  လျှော့ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ဧပြီမှာ လုပ်သား၇၀ ကျော်ထပ်မံ လျှော့ခဲ့တယ်။ ဒီလျှော့ချတဲ့အထဲမှာ အလုပ်သမားအခွင့်အရေးသိသူတွေ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သမဂ္ဂခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်။ ခုလဲ စက်ရုံက သမဂ္ဂခေါင်းဆောင်တွေပါတဲ့လိုင်းကို ထပ်ဖြုတ်ဖို့စီစဥ်နေတာကို Leaderတွေကနေ တစ်ဆင့် ကြားရတယ်။ Leader ခေါင်းဆောင်နဲ့ ပဏာသင့်တဲ့သူတွေကိုတော့ ပြန်ရွေးထားတယ်၊ စက်ရုံဘက်က လူလိုတာနဲ့ လုပ်သားလျှော့ချရာမှာ ပါဝင်တဲ့သူတွေကို ဦးစားပေးခေါ်ယူမယ်ပြောခဲ့ပြီး၊ လူဟောင်းတွေပြန်မခေါ်ပဲ လူသစ်တွေကို နေ့စားတစ်ရက် လေးတောင်နဲ့ ပြန်ခေါ်နေတယ်။ နေ့စား ဝန်ထမ်းတွေဆိုရင် ခြောက်လ ပြည့်ဖို့ တစ်ရက်အလိုတွေမှာ ဖြုတ်ပြစ်တယ်။ ပြီးရင်ပြန်လာလျှောက်ခိုင်းတယ် ။ နေ့စားဝန်ထမ်းတွေအတွက် ဘာအခွင့်အရေးမှမရှိသလို့ ညဘတ် အချိန်ပိုတွေ ခေါ်ရင်လည်း ငြင်းလို့မရဘူး။ စက်ရုံ ပိုင်ရှင်လာမှ နေ့စားတွေကို အတည်ပြု ဝန်ထမ်းလုပ်ပေးတာတွေရှိတယ်။ နေ့စားသမားတွေကိုလည်း သမဂ္ဂထဲ မဝင်ဖို့ပြောတယ် ။ခြိမ်းခြောက်တယ် ။ ဒါဟာ သမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာ"လို့အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

"အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ သမဂ္ဂအဖွဲ့ဝင်တွေ ၊ သမဂ္ဂလိုင်းကိုယ်စားလှယ်တွေနဲ့ သမဂ္ဂ အဖွဲ့ဝင်မဟုတ်သူတွေကို စက်ရုံဘက်က ခွဲခြားဆက်ဆံတယ်။ ပွိုင့်မပေးတာတို့၊ အလုပ်သမားတွေနဲ့ ဝေးတဲ့နေရာ နောက်ဆုံးလိုနေရာမျိုးမှာထားတယ်။ အလုပ်သမားတွေနဲ့ ပေါင်းမထားဘူး။ အလုပ်သမားတွေကိုလည်း သမဂ္ဂနဲ့ စကားမပြောဖို့ခြိမ်းခြောက်တယ်။  သမဂ္ဂအဖွဲ့ဝင်ထားရင် အပြစ်မရှိအပြစ်ရှာတယ်။ အိမ်သာသွားရင်တောင် ပြောဆိုခံရတယ်။
သမဂ္ဂခေါင်းဆောင်တချို့ ကိုလည်း မစ္စတာဘွတ်က သူ့ရုံးခန်းခေါ်ပြီး သမဂ္ဂအလုပ်လုပ်တာ ပိုက်ဆံရလို့လုပ်နေတာလား ၊  သမဂ္ဂတာဝန်တွေလုပ်စရာမလိုဘူးလို့ ခေါ်ပြောတာတွေရှိတယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင် ၂၉ရက်နေ့မှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်လောက်က အချက် ၁၉ချက်ပါ တောင်းဆို ချက်တွေကို စက်ရုံရှေ့မှာ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ အဲဒီတောင်းဆိုချက်တွေကို အလုပ်ရှင်၊အလုပ်သမားနဲ့ အစိုးရတို့ သဘောတူ လက်မှတ်ထိုးစာချုပ်ဆိုခဲ့ပေမဲ့ စာချုပ်ပါ အချက်တွေကို အလုပ်ရှင်က ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၃၊မေလ၊၄ရက်မှာ စာချုပ်ကို မချိုးဖောက်ဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

"ညီမတို့ စက်ရုံမှာ ရက်မှန်ကြေး သုံးသောင်း ရတယ်။ စာချုပ်မှာ သုံး ရက်ပျက်တယ်ဆိုရင် ရက်မှန်ကြေးထဲက တစ်သောင်း ဖြတ်မယ်၊ ဒါကို ၂၀၁၉ က သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်။၂၀၂၃ မေလမှာ ချိုးဖောက်တယ်။ စည်းကြပ်ဌာနတွေက အရေးယူတာမရှိလို့ အခု စာချုပ်တိုင်းမသွားပဲ ရက်မှန်ကြေးကို လေးသောင်းပေးပြီး အထည်စံချိန် ၅၅%ရမှ ရက်မှန်ကြေး လေးသောင်းပေးမယ်၊ တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေးထဲက ၂၅%ဖြတ်မယ်ဆိုပြီး အလုပ်သမားတွေကို အတင်းလက်မှတ်လိုက်ထိုးခိုင်းတယ်။ အလုပ်သမားတွေက လက်မခံဘူး။ ဒါဟာ ပထမချိုးဖောက်မူတွေမှာ စည်းကြပ်ဌာနတွေက အရေးယူမူမရှိခဲ့လို့၊ အခုလို ထပ်ခါထပ်ခါ ချိုးဖောက်ပြီး အလုပ်ရှင်၊အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် စာချုပ်ကို လေးစားမူမရှိတာ "လို့ အလုပ်သမား တစ်ဦးက ထပ်မံပြောဆိုပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း စက်ရုံဘက်က အလုပ်သမားတွေ ဆေးလက်မှတ် ခွင့်ယူရင် မပေးဖို့ လူမှုဖူလုံရေး (လမဖ)ကိုပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

Amava Apparel စက်ရုံမှာ သီရိလင်္ကာ နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်​နေကာ Blaklader၊ KARRIMOR စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဥ်မျိုး Myanmar Knitting အထည်ချုပ်စက်ရုံမှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026