NEWS

Gainway International (Myanmar) စက်ရုံ လုပ်သား တွေ ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးရန် တောင်းဆိုရာ ပြေလည်မှုရရှိဟုဆို

CoverLogo
1.4K Views

ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Gainway International (Myanmar) Garment က အလုပ်သမားတွေဟာ တစ်ရက်လုပ်အားခ (ဒေးကြေး) ၅၆၀၀ တိုးပေးဖို့အတွက် စက်ရုံတွင်းဆန္ဒပြ တောင်းဆိုခဲ့ရာ ဇွန်လ၁၂ရက်နေ့မှာတော့ ဆွေးနွေးညှိနှိုင်းမှုပြေလည်ခဲ့တယ်လို့ အလုပ်သမားတွေထံက  သိရပါတယ်။

" Gain Way အထည်ချုပ်စက်ရုံတွင် ဝန်ထမ်းများအားလုံး စုပေါင်းတောင်းဆိုခဲ့သောကြောင့် ၂၀၁၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှစပြီး ဒေးကြေး ၅၆၀၀ အိုတီတစ်နာရီ ၁၄၀၀ကျပ် ရရှိပါမည်"လို့ ဆိုထားပါတယ်။

စက်ရုံအလုပ်သမားတွေက တစ်ရက်လုပ်အားခ တိုးမြှင့်ပေးဖို့အတွက် စက်ရုံတွင်းအလုပ်သမား ၉၀၀ ကျော်အနက် အလုပ်သမား ၈၀၀ ကျော်က ၅၆၀၀ ကျပ်တိုးပေးဖို့ သဘောတူ ဝိုင်းဝန်းလက်မှတ်ထိုးကာ စာဖြင့်တင်ပြတောင်းဆိုခဲ့ပြီး  တုံ့ပြန်မှူမရှိလို့ ဇွန်၉ရက်နေ့မှာတော့ လုပ်ငန်းခွင်ကို မဝင်ရောက်ဘဲ  စက်ရုံအတွင်း  တောင်းဆိုခဲ့ကြတာဖြစ်တာပဲ​ဖြစ်ပါတယ်။

ဒါဟာစက်ရုံတွင်းစာဖြင့်တင်ပြတောင်းဆိုခြင်း WCC ​မှတစ်ဆင့်တောင်းဆိုခြင်းတို့ပြုလုပ်ပေမဲ့ တုံ့ပြန်မှုမရှိတာကြောင့် ဇွန်လ၉ရက်နေ့ကစပြီးစက်ရုံတွင်းဆန္ဒပြတောင်းဆိုမှုစတင်ခဲ့ပြီး ဇွန်၁၀ရက်နေ့မှာတော့ စူပါများလီဒါများနဲ့ ထပ်တိုးပူးပေါင်းပါဝင်လာတာကြောင့် တောင်းဆိုမှူပိုများလာခဲ့ပြီးနောက် ဇွန်၁၂ရက်နေ့မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပါ ညှိနှိုင်းခဲ့ပြီး စက်ရုံဘက်က အလုပ်သမားတွေကိုဇူလိုင်လကစပြီး ဒေးကြေး ၅၆၀၀ အိုတီတစ်နာရီ ၁၄၀၀ ကျပ်ပေးဖို့ လိုက်လျောခဲ့လို့ ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံဟာ H&M အမှတ်တံဆိပ်အမျိုးသမီးအတွင်းခံဝတ်အထည်များချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမား တွေကတော့ တစ်နေ့လုပ်ခဒေးကြေး၅၆၀၀ကျပ်ရရှိဖို့၊ ရက်မှန်ကြေးတစ်သောင်တိုးပေးဖို့၊ နှစ်ကြေးထည့်ပေးဖို့၊ ဒေးကြေး၅၆၀၀ တိုးပေးပီးရာခိုင်နှုန်းတစ်ကတ်ကြေး မလျှော့ဖို့နဲ့ အခြားစက်ရုံတွေပေးတဲ့အတိုင်းတိုးပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

Gainway International (Myanmar) Garmentက  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ထည်ထောင်ထားတာဖြစ်တယ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026