NEWS

အလုပ်သမားအခွင့်အရေးများဆိုးရွားစွာချိုးဖောက်ခံနေရတယ်လို့ Ten Da Garment အလုပ်သမားတွေပြော

CoverLogo
1.3K Views

နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ CORTEFIEL( Women) , MOHITO, ATHLETIC စတာတွေ ချုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးဆိုးရွားစွာချိုးဖောက်ခံနေရတယ်လို့ Ten Da Garment အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၅ မှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC လည်း မရှိတာကြောင့် အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းပေးတာမရှိဘဲ ချိုးဖောက်ခံနေရတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အထည်စံချိန်များကို တောင်းခံရာတွင် အလုပ်သမားချုပ်လုပ်နိုင်တဲ့  အရေးအတွက်ထက် ပိုမိုတောင်းခံ ထားပြီး  စံချိန်မပြည့်မီပါက သက်ဆိုင်ရာ လိုင်းခေါင်းဆောင် အောစူပါ၊ စူပါ၊ လီတာများမှ ရိုင်းဆိုင်းစွာ ဆဲဆိုမှုများပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အထည်များ ပဲကျပါက ပဲထည်များပြင်ရန်ဆိုပြီး အချိန်ပို(OT) ခေါ်ပြီး  အချိန်ပို(OT) ကြေးမပေးဘဲ အလုပ်ဆင်းရတယ်လို့ ဆိုပါတယ်။  

ပဲကျလို့ အချိန်ပို(OT) ကို အလကားမဆင်းပေးလျှင် သက်ဆိုင်ရာခေါင်းဆောင်များမှ ဆဲဆိုခြင်း၊ အဆင့်ချခြင်း၊ လိုင်းအတွင်း ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများပြုလုပ်ခံရပြီး  အချိန်ပို(OT) ကြေးမရရှိဘဲ မဖြစ်မနေဆင်းပေးနေရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရက်ပျက်ပါက တနင်္ဂနွေနေ့ ကို လုပ်ခလစာ မထည့်ပေးဘဲ ဖြတ်တောက်ခြင်း၊ ဂရိတ်ချခြင်းများပြုလုပ်ခံရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင်ထားရသည် အလုပ်သမားများကို လုပ်သက်နှစ်ပေါ်မူတည်၍ အမျိုးမျိုးဖိနှိပ်မှုများလုပ်ဆောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် လုပ်သက် (၃) လမပြည့်အလုပ်သမားများဖြစ်ပါက အကြောင်း အမျိုးမျိုးရှာ၍ အလုပ်မှထုတ်ပယ်ကာ လုပ်သက်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အလုပ်မှ မထုတ်လျှင် ပေးထားတဲ့ ဂရိတ်အဆင့်ကို လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

လီတာ( လိုင်ခေါင်းဆောင်) ရာထူးဖြင့်ခေါ်ယူထားသော အလုပ်သမားများကိုလည်း စက်လိုင်းအတွင်း အထည်ချုပ်လုပ်ခိုင်းတာတွေ ပြုလုပ်တယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်ထဲမှာ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်တဲ့သူတွေက အလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ အမျိုးမျိုးဖိနှိပ်တယ် အလုပ်သမားအခွင့်အရေးချိုးဖောက်တယ် လုပ်ခလစာတွေခေါင်းပုံဖြတ်တယ် အချိန်ပိုတွေကို အတင်းအဓမ္မဆင်းခိုင်းတယ် ဒါတွေကို အများသိစေချင်တယ် ကူညီလို့ရသလောက်ကူညီပေးစေချင်တယ်"လို့ အဆိုပါ စက်ရုံလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံဘက်မှ အထည်စံချိန်များကို တောင်းခံရာတွင် အလုပ်သမားချုပ်လုပ်နိုင်သည့် စံချိန်ကိုသာ တောင်းခံရန်၊ ညှိနှိုင်းဆောင်ရွက်ပေးရန် အလုပ်သမားများအနေဖြင့် ရက်ပျက်ပါက တနင်္ဂနွေနေ့ အတွက် လုပ်ခလစာ ထည့်ပေးရန် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အလုပ်မှ မထုတ်ပယ်ရန်နှင့် အဆင့်/ ရာထူးမချရန်၊ လီတာဖြင့်အလုပ်ခန့်ထားသည့်ခေါင်း‌ဆောင်များကို စက်သမားရာထူးမချရန်  အထည်များပဲကျ၍ ပြင်ဆင်ရပါက အချိန်ပိုခေါ်ယူပါက အချိန်ပိုကြေးကို ဥပဒေနှင့် အညီတွက်ချက်ပေး ရန် စတဲ့ အချက်တွေ ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026