NEWS

Popular International Garment စက်ရုံ အလုပ်သမားသပိတ် ဒေးကြေး ၅၆၀၀ တိုးပေး၊ ပြေလည်မှုရ

CoverLogo
2.2K Views

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း၊ အမှတ်(၂၅/၅၆)က တရုတ်နိုင်ငံသားပိုင် Popular International Garment အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဒေးကြေးကျပ် ၅၆၀၀ တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ဒီနေ့ ဇွန်လ ၂ ရက် ညနေပိုင်းမှာတော့ ပြေလည်မှုရရှိခဲ့ပြီလို့  သိရပါတယ်။

" ကျွန်မတို့ အဆင်ပြေ သွားပါပြီ။  ဒေးကြေး ၅၆၀၀၊ Otကြေး တိုးပေးတာ ၁၄၀၀ ၊ ရက်မှန်ကြေး ၇၀၀၀ ထပ် တိုးတယ် " လို့ သပိတ်မှောက် တောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေဟာ တခြားစက်ရုံတွေနည်းတူ  ဒေးကြေး ၅၆၀၀ တိုးပေးဖို့နဲ့ အရမ်းနည်းပါးတဲ့ ရက်မှန် ကြေးတွေကိုလည်း တိုးပေးဖို့ကို WCC ကနေ တစ်ဆင့် စက်ရုံတာဝန်ရှိသူတွေဆီ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တောင်းဆိုရာခဲ့ရာမှာ  “အစိုးရက မတိုးပေး မချင်း ဘယ်စက်ရုံတိုးတိုး မတိုးပေးနိုင်ပါဘူး”လို့ စက်ရုံမှူးက ပြောတဲ့အတွက် ဇွန် ၁ ရက်က စတင်ပြီး စက်ရုံတစ်ရုံလုံး အလုပ်မလုပ်ဘဲ သပိတ်မှောက် တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Popular International Garment စက်ရုံဟာ အမျိုးသား ၃၅  ဦး၊ အမျိုးသမီး ၈၅၀  အလုပ်သမား စုစုပေါင်း ၈၈၅  ဦး နဲ့ လည်ပတ်နေတဲ့ အထည်ချုပ် စက်ရုံဖြစ်ပါတယ်။  အလုပ်သမားတွေက တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်ကနေ ၅၆၀၀ တိုးပေးဖို့ ၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေး ကျပ် ၄၀၀၀၀ တွေကိုလည်း တိုးပေးဖို့ ၊ ကျွမ်းကျင်ကြေး (A) အဆင့် ကျပ် ၃၅၀၀၀ ၊ (B) အဆင့်ကို ကျပ် ၃၂၀၀၀ ၊ (C) အဆင့်ကို ကျပ် ၂၉၀၀၀နဲ့ လုပ်သက် နှစ်ကြေး ၁ နှစ် ကျပ် ၅၀၀၀ တိုးပေးဖို့၊  ကြိုပို့ယာဉ်တွေကို လူဦးရေအလိုက် ယာဉ်တွေ စီစဉ်ပေးဖို့ ၊ အလုပ်သမားတွေ ချုပ်လုပ် နိုင်တဲ့ စံချိန် သတ်မှတ်ဖို့၊ ရေပူရေအေး စက်တွေထားရှိပေးဖို့  စတဲ့ အချက်တွေကို ဇွန်လ ၁ ရက်မှာ စတင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ဒီကနေ့ ဇွန်လ၂ရက် ညနေပိုင်းက မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံ ရေးဦးစီးဌာနရုံးမှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖြေရှင်းခဲ့ရာကနေ ပြေလည်မှုရရှိခဲ့တာလို့ သိရပါတယ်။ Popular International Garment စက်ရုံဟာ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က စတင် လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ စက်ရုံအတွက် ကုန်ကြမ်းတွေကို တရုတ်နဲ့ ဂျပန်နိုင်ငံတွေကတင်သွင်းပြီး ကုန်ချောအဖြစ် ဂျာကင်အင်္ကျီ၊ ဂျင်းဘောင်းဘီတွေ ချုပ်လုပ်ကာ အင်္ဂလန်၊ ပိုလန်၊ ဂျပန်၊ ဥရောပ နိုင်ငံတွေကို တင်ပို့နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026