NEWS

Myanmar Sunway Shoes ဖိနပ်စက်ရုံကအလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.5K Views

ရန်ကုန်တိုင်း  ဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊တိုးချဲ့စက်မှုဇုန်၊ကျန်စစ်သားလမ်း မြေတိုင်းရပ်ကွက်မှာဖွင့်လှစ် ထားတဲ့ Myanmar Sunway Shoes ဖိနပ်စက်ရုံဟာ စက်ရုံတွင်းကအလုပ်သမားတွေအပေါ်  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသား ပိုင်ဖြစ်ပြီး လူဦးရေ ၃၀၀  ခန့်နဲ့လည်ပတ်ကာ  LABEL-JSK(ဂျက်စီကာ), PAH, MUJI, H&M စတဲ့အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ် လို့သိရှိရပါတယ်။

" ခွင့်နဲ့ ပတ်သက်ပြီး လုပ်သက်ခွင့်ကတော့လက်ရှိမှာအပြည့်အဝရရှိသွားတယ်လို့သိရပါတယ်။ ရှောင်တခင်ခွင့် ယူရင် ကြိုပြော ရတယ် သက်သေခိုင်လုံမှ ခွင့်ကိုပေးတယ် ရှောင်တခင်ခွင့်ကို သိထားတာက အရေးပေါ်ခွင့် လို့သိထားပြီး အရေးကြီးလို့ ယူမယ် ဆိုရင်တောင် သက်သေခိုင်လုံမှဆိုတော့ခွင့်ယူရတာအဆင်မပြေမှုတွေရှိနေပြီး အောစူပါ စူပါတွေရဲ့ ဆဲဆိုတာတွေ ခွဲခြားဆက်ဆံမှုတွေရှိနေပြီး ကျန်းမာရေးအတွက်ဆိုလည်း ဆေးပေးခန်းလည်း မရှိ သလို သူနာပြုလည်း မရှိဘူး ဆေးပေးခန်းမရှိသော ကြောင့် မိမိတို့ ငွေကြေးဖြင့် ဆေးပစ္စည်း များကို ဝယ် သုံးနေရတယ်" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

စက်ရုံမှာလုပ်ငန်းခွင် ချိုးဖောက်မှုတွေနဲ့ခွဲခြားဆက်ဆံခြင်း တွေရှိနေပြီးအခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ရှိနေကာ အလုပ်သမားတွေရဲ့သဘောဆန္ဒမပါဘဲ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေအိုတီဆင်းပေးရခြင်း၊  အိုတီ မဆင်းချင်ပါက  အလုပ်သမားကတ် သိမ်းမယ် ဝမ်တိန် ထိုးခိုင်းမယ်လို့ စူပါ လီဒါတွေက ​ပြောဆိုခြိမ်းခြောက်ကာ အချိန်ပိုအတင်းဆင်းခိုင်းခံရခြင်း၊ စက်ရုံမှာနေ့စားအလုပ်သမားတွေကို လစားမခန့်ဘဲ ခိုင်းစေထားခြင်း၊  သတ်မှတ်အထည်စံချိန်ထက်ပိုတောင်း​ကာ အထည်စံချိန်မပြည့်ရင်အဆူဆဲခံရခြင်းတွေ ခံ​နေရတယ်လို့သိရပါတယ်။

အဲဒီလိုအခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် အလုပ်မားများအနေဖြင့်  ဥပဒေပါ အခွင့်အရေးများ ကို ပေးရန်၊ ဆေးပေးခန်း  နဲ့ သူနာပြု ထားပေးရန်နဲ့ အလုပ်သမားသဘောဆန္ဒ မပါဘဲ တနင်္ဂနွေ အိုတီဆင်း ရတာတွေ မဆင်းရင်အဆူခံအဆဲခံတွေ မရှိစေချင်ဘူးလို့ ပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊ ချိုးဖောက်မှုများဖြေရှင်းပေးရန် လိုလားနေ
Nov 05, 2025
Cover
လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ
Nov 04, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ
Nov 03, 2025
Cover
အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်
Nov 03, 2025
Cover
GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်
Nov 03, 2025
Cover
အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း
Nov 03, 2025
Cover
Grand Forest အထည်ချုပ် လုပ်သားများအား ရုတ်တရက် အလုပ်ရပ်ဆိုင်း
Nov 03, 2025