NEWS

ကျောက်ဆည် Win & Win အိတ်ချုပ်စက်ရုံ ပိတ်သိမ်း၊ အလုပ်သမားများအားနစ်နာကြေးမပေးဘဲ တခြားစက်ရုံမှာ လုပ်ကိုင်ရန် စက်ရုံတာဝန်ရှိသူ ပြော

CoverLogo
1.2K Views

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ စက်မှုဇုန်နယ်မြေက Win & Win Co.LTD (အိတ်ချုပ်) စက်ရုံက  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပိတ်သိမ်းခဲ့ပေမဲ့ ဥပဒေအရ နစ်နာကြေး တစ်စုံတစ်ရာပေးအပ်တာမရှိခဲ့ဘဲ တခြားစက်ရုံမှာ လုပ်ကိုင်ဖို့ စက်ရုံတာဝန်ရှိသူတွေက ပြောကြားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေ ကိုလည်း စက်ရုံဘက်က၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ပြောဆို ခဲ့ပေမဲ့ လည်း စက်ရုံပြန်လည်ဖွင့်လှစ်တာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“ ၁ လပိုင်းထဲမှာဖွင့်မယ်ပြောပြီး မဖွင့်ခဲ့ဘူး။ စက်ရုံဝန်းအတွင်းက တခြားစက်ရုံက အလုပ်သမားတွေက ပြောမှ စက်ရုံပိတ်တာ သိရတာပါ။ ညီမတို အိတ်ချုပ်စက်ရုံ ပစ္စည်းတွေအားလုံးလည်း သိမ်းသွားပြီလို့ပြောတယ်” လို့ အိပ်ချုပ် စက်ရုံအလုပ်သမားအမျိုးသမီး က ပြောပါတယ်။

ဒါ့အပြင် ကျောက်ဆည်မြိုနယ်အလုပ်သမားရုံးမှာ Win & Win အိပ်ချုပ်စက်ရုံဘက် စက်ရုံပိတ်သိမ်းတယ်ဆိုပြီး ပြီးခဲ့တဲ့ဧပြီလထဲမှာ တင်ပြထားတယ်လို့လည်း အလုပ်သမားရုံးတာဝန်ရှိသူတွေက အလုပ်သမားတွေကို ပြောကြားခဲ့တယ်လို့သိရပါတယ်။

အိတ်ချုပ်စက်ရုံပိတ်တဲ့အတွက်  ဧပြီလ(၄လပိုင်း) အကုန်မှာ အလုပ်သမား တွေကို နစ်နာကြေးပေးမယ်ဆိုပြီး  စက်ရုံ WCC ညွှန်ကြားချက်နဲ့ လူမှုကွန်ရက်ကနေ ကြေညာခဲ့တယ်လို့လည် းစက်ရုံလုပ်သားတွေက ပြောပါတယ်။

ဒါပေမဲ့ မေလ၁၉ ရက်မှာ ပိတ်သိမ်းထားတဲ့ အိပ်ချုပ်စက်ရုံက အလုပ်သမား ဝန်ထမ်းအားလုံး အလုပ်ပြန် ဝင်ရောက်ဖို့Win & Win Co.LTD အိပ်ချုပ်စက်ရုံဘက်က ကြေညာခဲ့ပြီး မေလ၂၄ ရက် နောက်ပိုင်း အလုပ်မဝင်တဲ့အလုပ်သမားတွေကို ကိုယ်တိုင်နုတ်ထွက်တယ်လို့ သတ်မှတ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

“ညီမတို့ စုံစမ်းတော့နစ်နာကြေးလို့မပြောနဲ့ ထောက်ပံ့ကြေးအနေနဲ့ တစ်လစာပေးမယ်၊ အလုပ်ကို တခြားစက်ရုံ မှာ ဝင်လုပ်ဖို့စက်ရုံတာဝန်ရှိသူကပြောလိုက်တယ်၊ ဒါကတော့ အဆင်မပြေဘူး ” လို့ အိတ်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ စက်ရုံပိတ်ထားတဲ့ ငါးလ ကာလအတွင်း စားဝတ်နေရေးအတွက် တခြား အလုပ်တွေ လုပ်ကိုင်ခဲ့ရသလို၊ စက်ရုံဘက်က စီစဉ်ပေးတဲ့ စက်ရုံတွေမှာ လုပ်ကိုင်ဖို့ဆိုတာကလည်း ကျွမ်းကျင်မှု မရှိတဲ့အလုပ်အကိုင်တွေဖြစ်တာကြောင့် လုပ်ကိုင်လိုတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“ တခြားအလုပ်တွေကကျွမ်းကျင်မှုမရှိတော့ အခက်အခဲတွေရှိတယ်။ နောက်အခု စက်ရုံဘက်က အလုပ်ပိတ် သိမ်းတာဖြစ်လို့ဥပဒေပါ နစ်နာကြေးကိုတောင်းဆိုတာပါ ” လို့ Win & Win Co.LTD အိပ်ချုပ်စက်ရုံက အလုပ်သမားအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ အိတ်ချုပ်စက်ရုံကအလုပ်သမားတွေက စက်ရုံပိတ်သိမ်းခဲ့တဲ့အတွက် နစ်နာကြေးနဲ့ ယာယီပိတ်သိမ်း ခဲ့တဲ့ ကာလအတွက်လစာခံစားခွင့်တွေကို Win
& Win Co.LTD အိတ်ချုပ်စက်ရုံ ဆီ တောင်းဆို ထားပါတယ်။ အိတ်ချုပ်စက်ရုံ အလုပ်သမားတွေ တောင်းဆိုချက်တွေဟာ ဥပဒေအတိုင်းသာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးကအခုလို ပြောပါတယ်။

“ အလုပ်သမားတွေရဲ့တောင်းဆိုတာက ဥပဒေအတိုင်းပါပဲ။  အလုပ်သမားက အလုပ်မလုပ်ချင်တာမဟုတ်ဘဲ အလုပ်ရှင်ဘက်ကအလုပ်မပေးနိုင်လို့ အလုပ်မဆင်းရတဲ့ ရက်/ကာလတွေမှာ အချိန်ပြည့် အလုပ်လုပ် သကဲ့ သို့အခကြေးငွေ ပေးရမယ်လို့ အနည်းဆုံး အခကြေးငွေ ဥပဒေမှာရော နည်းဥပဒေမှာရော ပါပါတယ်။ “ လို့ပြောကြားပါတယ်။

Win &Win Co.LTD အိတ်ချုပ်စက်ရုံမှာ စက်ရုံမပိတ်မီကာလက ကျောပိုး အိတ်တွေနဲ့ မိုးကာသားအိတ်တွေ ချုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Win & Win Co.LTD အိတ်ချုပ်စက်ရုံမှာ အလုပ်သမားဝန်ထမ်း၁၁၀ ကျော်ရှိပြီး စက်ရုံ အတွင်း တခြားအလုပ်ရုံတွေမှာ ဖိနပ်နဲ့ ကုန်ကြမ်းပစ္စည်းတွေ
ထုတ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026