NEWS

Myanmar of Hua Meng အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးများချိုးဖောက်ခံနေရတယ်လို့ဆို

CoverLogo
1.8K Views

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ Myanmar of Hua Meng အထည်ချုပ်စက်ရုံ တွင်
လုပ်ငန်းခွင် ဆိုင်ရာ  အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့  အလုပ်သမားတွေထံက
သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေဖုန်းကိုင်ခွင့်မရှိဘဲ ဖုန်းကိုသိမ်းထားပြီး လုံခြုံရေး ဝန်ထမ်းတွေထံမှာ အပ်ထားရတာ ကိုယ်ဝန် ဆောင် အလုပ်သမားတွေ အတွက် မီးဖွားခွင့်နဲ့ပတ်သတ်တဲ့ ငွေကြေးအကျိုးခံစားခွင့် တွေမပေးတာ၊ အထည်စံချိန်တွေကို တောင်းခံရာမှာ လဲ လုပ်နိုင်တာထက်ပိုတောင်းတာတွေ ပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါစက်ရုံဟာ  လူဦးရေ ၂၀၀၀ ဝန်းကျင်နဲ့ 
ZU brand, SinSay brand တွေကို ဂျင်းစကပ်၊ ဂျင်းဘောင်းဘီနဲ့ အင်္ကျီ တွေကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

"OT တွေဆိုလည်း အလုပ်သမားဆန္ဒမကောက်ယူဘူး အတင်းအကြပ် ဆင်းရမယ်ဆိုပြီးအမိန့်ပေးသလို ပြောတယ် ၅လပိုင်း၈ရက်နေ့က ည၇နာရီထိဆင်းရပြီးရက်အကန့်အသတ်မရှိ  ပြီးခဲ့တဲ့ တနလာ်နေ့ကနေ ည၈နာရီထိဆင်းရမယ်ဆိုပြီးကြေညာတယ်။ရွာဘက်တွေပြန်ရတဲ့သူဆို မှောင်မဲနေတာ ခုလို နိုင်ငံရေးမကောင်းတဲ့အချိန် ဒုက္ခရောက်တယ်။ OT ကြေးကိုတော့ လစာထဲထည့်ရှင်းတယ်၊ ပိတ်ရက် OT ကြေးကိုတော့ လက်ငင်းရှင်းတယ်။" လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်က အလုပ်သမား ၂၀၀၀ ကျော်အတွက် ကျန်းမာရေး ကိစ္စ ထမင်းစားဆောင် သန်ရှင်းမှုမရှိတာ သောက်ရေ လုံလောက်စွာ မရတာ ရာသီဥတုပူပြင်းမှုကြောင့် အပူလွန်ကဲမှုတွေပါ ခံစားရအတွက်အဆင်ပြေအောင် စီမံထားတာမရှိဘဲ သန်ရှင်းမှုမရှိတဲ့ အခြေအနေမျိုးတွေနဲ့ တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။

" စက်ရုံမှာ အိမ်သာ ၁၅ လုံး ရှိတာမှာ ၆လုံးပဲကောင်းတယ် ကျန်တဲ့ ၉လုံးက ရေမလာတာ၊ ဂျက်မကောင်းတာတွေအပြင် အိမ်သာဘေးက ရေပိုက်တွေက အဖွင့်အပိတ်မရှိဘူး မြောင်းထဲကို ရေတွေ လွှတ်တယ်၊ အိမ်သာထဲမှာဆိုလည်း အမှိုက်ပုံးမထားဘူး လူသွားလမ်း အိမ်သာအပြင်ဘတ်မှာ ထားတယ် အရမ်းညစ်ပတ်တယ် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ ပြစ်ဖို့ အဆင်မပြေဖြစ်ရတယ်။သန့်ရှင့်ရေးဝန်ထမ်းတွေဆိုရင်လဲ အမြဲတမ်းနေ့ စားပဲခန့်ပြီး ယူနီဖောင်းမပေးဘူး ၊ PPE မပေးထားဘူး" လို့ အလုပ်သမားကပြောပါတယ်။

"EC စာချုပ်ကိုလည်း တစ်နှစ်ပြည့်မှ ချုပ်ပေးတာ ဒီထက်မက ကြာတာလည်းရှိတယ် ၊ EC ချုပ်ပြီးရင်လည်း အလုပ်သမား လက်ထဲ ထည့်မပေးဘူး စက်ရုံဘတ်က ပြန်ယူသွားတယ် ။ ညီမတို့သိတာက EC ကိုရက်ပေါင်း ၃၀အတွင်း ချုပ်ရမယ်၊ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ တစ်စုံစီ လက်ဝယ်ထားရမယ်လို့ ဥပဒေထဲမှာပါတယ်။ ဒါပေမဲ့ အစိုးရဌာနတွေကလည်း လာစစ်တာတွေမရှိဘူး အလုပ်ရှင်ကလည်း ဒီ ဥပဒေတွေကို လိုက်နာတာမရှိဘူး"  လို့ လက်ရှိလုပ်ငန်းခွင်အခြေအနေကို အလုပ်သမားကပြောပါတယ်။

"Super /Leader တွေက ဆဲဆိုတယ် လက်ပါတာတွေတောင်ရှိတယ် နိုင်ငံခြားသား လူမျိုးတွေက တိုက်ရိုက်အုပ်ချုပ်တယ် ပါးချတာတို့ ခေါင်းခေါက်တာတို့ လုပ်တယ် အလုပ်သမားတွေက ရှောင်နိုင်လို့သာ ထိမသွားကြတာ" လို့ အလုပ်သမားကပြောပါတယ်။

Hua Meng အထည်ချုပ်စက်ရုံဟာ ၂၀၁၉  အောက်တိုဘာ ၇ ရက်နေ့မှာ  အလုပ်သမား တွေက အချက် ၄၀ ကျော်ကို စုပေါင်းတောင်းဆိုမူ ပြုလုပ်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာ ၂၇ တွင် ခုံသမာဓိအဖွဲ့ ၏ဆုံးဖြတ်ချက်အား ကျေနပ်မှု  မရှိတဲ့အတွက် ကြောင့် ၂၀၁၉ ဒီဇင်ဘာ ၉ မှ စတင် သပိတ်မှောက်ကာ ၂၀၂၀ ဇန်နဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်တွင်  ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအမံဖြင့် သဘောတူစာချုပ် ဆိုကာ ညတွင်းချင်းသပိတ်စခန်းသိမ်းခဲ့ပြီး  ဇန်နဝါရီ ၁၄ ရက်တွင် လုပ်ငန်းခွင်သို့ပြန်လည် ဝင်ရောက်ခဲ့ကြပါတယ်။

၂၀၂၀  ဖေဖော်ဝါရီလမှာအော်ဒါ မရှိလို့ဆိုပြီး စက်ရုံယာယီပိတ်ခဲ့ပြီး လက်ရှိမှာ လူဦးရေ နှစ်ထောင်ဝန်းကျင်နှင့် ပြန်လည်ပတ်ခဲ့သော်လည်း ယခုအချိန်ထိ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ ၊ သမဂ္ဂအဖွဲ့ဝင်များ၊ စုပေါင်းတောင်းဆိုမူ  သပိတ်မှောက်ရာတွင်ပါဝင်ခဲ့သူများအား အလုပ်ပြန်လည်ခေါ်ယူခြင်းမရှိသေးဘူးလို့ လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026