NEWS

သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ အလုပ်သမားများ ခွင့်ယူပါက လစာ ဖြတ်တောက်ခံနေရ

CoverLogo
1.1K Views

ရန်ကုန်မြို့ ရွှေပေါက်ကံက သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ ဟာ အလုပ်သမားတွေ ခွင့်ယူပါက လစာဖြတ်တောက်ခံနေရတယ်လို့ ပြောပါတယ်။ သမီးတော်စွမ်းအား Princess Power အထည်ချုပ်လုပ်ငန်းကတော့ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံ ၁၈ ရက်ကွက်၊ ကနောင်မင်းသားကြီး လမ်းမှာ စက်ရုံဖွင့်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

သမီးတော်စွမ်းအား စက်ရုံတာဝန်ရှိသူတွေဟာ အလုပ်သမားတွေ အကြောင်း ကြောင့် ခွင့်ယူပါက ခွင့်ယူတဲ့ ရက်အတွက် လစာမဲ့ခွင့်အဖြစ် သတ်မှတ်ပြီး ရရှိတဲ့ လစာထဲ ဖြတ်ထောက်နေတယ်လို့ သမီးတော်စွမ်းအား အထည်ချုပ် စက်ရုံ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

“လစာမဲ့ခွင့်တွေပဲ ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ခွင့်ယူတယ်ဆိုရင် လစာဖြတ်ခံရတာပါပဲ။ ခွင့်ယူတယ် ဆိုရင် သူတို့ကို( စက်ရုံတာဝန်ရှိသူတွေကို) အကြောင်းပြချက် ခိုင်ခိုင်မာမာပေးရတယ်။ သူတို့ သဘောတူလို့ ခွင့်ပေးခဲ့မယ် ဆိုရင် အဲဒီခွင့်ရက်အတွက် လစာမပေးဘူးလို့ ပြောပါတယ်” လို့ အမျိုးသမီး အလုပ်သမား တစ်ဦးက ပြောပါတယ်။

သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ အလုပ်မားတွေဟာ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်း နေပေမဲ့ လူမှုဖူလုံရေးကတ် မရသေးတဲ့အပြင် အလုပ်ဆင်းချိန် မှာလည်း ၁၅ မိနစ်ဝန်းကျင် အမြဲ နောက်ကျပြီး အလုပ်ဆင်းနေတယ်လို့ ပြော ပါတယ်။

“ကျွန်မတို့ စက်ရုံရောက် တစ်နှစ်ကျော်တောင်ရှိပြီ ၊ ကတ်က မရသေဘူး။နောက်လုပ်ဝင်ချိန် ၅ မိနစ် စောဝင်ခိုင်းတယ်။ အလုပ်ဆင်းချိန်ကြတော့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် နောက်ကျပြီးမှ အလုပ်ဆင်းရပါတယ်၊ ဘယ်တော့မှ အလုပ်ဆင်းချိန် အတိအကျ မဆင်းရပါဘူးရှင့်” လို့ ပြောပါတယ်။

သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံက ဥပရောပ အမှတ်တံဆိပ် LAURA TORELLI နဲ့ ကိုရီးယား အမှတ်တံဆိပ် SPAO တို့ကို အလုပ်သမား ၄၅၀ လောက်နဲ့ ချုပ်လုပ်နေတယ်လို့သိရပြီး စက်ရုံပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား ဖြစ်တယ်လို့ အထည်ချုပ်လုပ်သားတွေက ပြောကြားထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026