NEWS

တနင်္ဂနွေနေ့များတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို အတင်းကြပ်ဆင်းခိုင်းနေ

CoverLogo
1.3K Views

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ၊အမှတ် ၁၃ရပ်ကွက်၊ မဥ္ဇူလမ်းရှိ HuaboTimes အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေ ဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ OT - အချိန်ပို  အတင်းအကြပ်ဆင်းခိုင်းနေတယ်လို့သိရပါတယ်။ 

" စက်ရုံမှာ OT တွေကို တနဂ်နွေနေ့ ခေါ်တဲ့အပတ်တိုင်း မဖြစ်မနေဆင်းပေးရမယ်၊ မဆင်းလို့မရဘူး၊ ငြင်းလို့မရဘူး၊ မဆင်းရင် All Super(လိုင်းကြီးကြပ်ရေး)တွေက ခေါ်တုတ်တယ်၊ ညဘက်ဆိုလဲ ၈နာရီ၁၅ထိ OTဆင်းရတယ် ခုလို နိုင်ငံရေးမကောင်းတဲ့ချိန် ညဘတ်ထိ OT တွေဆင်းနေရတဲ့အတွက် ညီမတို့အတွက် အန္တရာယ်များသလို မိဘတွေကလဲစိတ်မချဘူး၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကိုလဲ ညဘက်ဖြတ်ပြန်ရတာ အဆင်မပြေဘူး မဆင်းလို့ကလည်းမရလို့ ညီမတို့မှာ အခတ်တွေ့နေရတယ်"လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

အဆိုပါစက်ရုံဟာ Only,  ZARA စတဲ့ အမှတ်တံဆိပ်တွေကို အဓိကချုပ်နေပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။ 

တနဂ်နွေ OT ဆင်းရတဲ့ ရက်တွေမှာ မနက် ၇ နာရီခွဲကနေ ညနေ ၄နာရီထိဆင်းရတာဖြစ်ပြီး  ၉၆၀၀ ကျပ်ကို လက်ငင်းရှင်းပေးတာဖြစ်ပြီး  တစ်လလျင် တနဂ်နွေ ၄ ရက်မှာ  ၃ရက်လောက်ဆင်းရတာရှိတယ်လို့ သိရပါတယ်။ 

"ဒီအတွက် ကျန်းမာရေးထိခိုက်တယ် အရမ်းပင်ပန်းတယ်  သာရေးနာရေး မိသားစုအရေး ဘာမှ မလုပ်ရဘူးဖြစ်တယ်  ကျန်းမားရေးထိခိုက်ပြီး အလုပ်ထဲနေမကောင်းဖြစ်ရင် ခွင့်မပြောနဲ့ ဂိတ်ပတ်တောင်မပေးဘူး"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

အလုပ်သမားတွေကို ယခုလိုဖိအားပေးကာ မဖြစ်မနေ အချိန်ပိုဆင်းခိုင်းနေတာဟာ  သင်္ကြန်ကာလမတိုင်မီကနေ လက်ရှိအချိန်ထိခေါ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025