NEWS

တနင်္ဂနွေနေ့များတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို အတင်းကြပ်ဆင်းခိုင်းနေ

CoverLogo
1.6K Views

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ၊အမှတ် ၁၃ရပ်ကွက်၊ မဥ္ဇူလမ်းရှိ HuaboTimes အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေ ဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ OT - အချိန်ပို  အတင်းအကြပ်ဆင်းခိုင်းနေတယ်လို့သိရပါတယ်။ 

" စက်ရုံမှာ OT တွေကို တနဂ်နွေနေ့ ခေါ်တဲ့အပတ်တိုင်း မဖြစ်မနေဆင်းပေးရမယ်၊ မဆင်းလို့မရဘူး၊ ငြင်းလို့မရဘူး၊ မဆင်းရင် All Super(လိုင်းကြီးကြပ်ရေး)တွေက ခေါ်တုတ်တယ်၊ ညဘက်ဆိုလဲ ၈နာရီ၁၅ထိ OTဆင်းရတယ် ခုလို နိုင်ငံရေးမကောင်းတဲ့ချိန် ညဘတ်ထိ OT တွေဆင်းနေရတဲ့အတွက် ညီမတို့အတွက် အန္တရာယ်များသလို မိဘတွေကလဲစိတ်မချဘူး၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကိုလဲ ညဘက်ဖြတ်ပြန်ရတာ အဆင်မပြေဘူး မဆင်းလို့ကလည်းမရလို့ ညီမတို့မှာ အခတ်တွေ့နေရတယ်"လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

အဆိုပါစက်ရုံဟာ Only,  ZARA စတဲ့ အမှတ်တံဆိပ်တွေကို အဓိကချုပ်နေပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။ 

တနဂ်နွေ OT ဆင်းရတဲ့ ရက်တွေမှာ မနက် ၇ နာရီခွဲကနေ ညနေ ၄နာရီထိဆင်းရတာဖြစ်ပြီး  ၉၆၀၀ ကျပ်ကို လက်ငင်းရှင်းပေးတာဖြစ်ပြီး  တစ်လလျင် တနဂ်နွေ ၄ ရက်မှာ  ၃ရက်လောက်ဆင်းရတာရှိတယ်လို့ သိရပါတယ်။ 

"ဒီအတွက် ကျန်းမာရေးထိခိုက်တယ် အရမ်းပင်ပန်းတယ်  သာရေးနာရေး မိသားစုအရေး ဘာမှ မလုပ်ရဘူးဖြစ်တယ်  ကျန်းမားရေးထိခိုက်ပြီး အလုပ်ထဲနေမကောင်းဖြစ်ရင် ခွင့်မပြောနဲ့ ဂိတ်ပတ်တောင်မပေးဘူး"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

အလုပ်သမားတွေကို ယခုလိုဖိအားပေးကာ မဖြစ်မနေ အချိန်ပိုဆင်းခိုင်းနေတာဟာ  သင်္ကြန်ကာလမတိုင်မီကနေ လက်ရှိအချိန်ထိခေါ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026