NEWS

တနင်္ဂနွေနေ့ကို သင်္ကြန်ပိတ်ရက်အစားထိုးဆင်းရန်ဖိအားပေးခံနေရတယ်လို့ဆို

CoverLogo
1.4K Views

တနင်္ဂနွေနေ့ကို သင်္ကြန်ပိတ်ရက်အစားထိုးဆင်းဖို့ ဖိအားပေးခံနေရတာကြောင့် အခက်တွေ့နေရတယ်
လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက  အောစူပါက အလုပ်သမားများကို ဖိအားပေးခြိမ်းခြောက်ကာ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားအတင်းဆင်းခိုင်းနေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ် စက်မှုမြို့တော်မှာရှိတဲ့ SX SXUANG XI အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကိုခြိမ်းခြောက်ပြီး သင်္ကြန်ပိတ်ရက် ရက်အစားတနဂ်နွေနေ့ကို အတင်းဆင်းခိုင်းနေလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

" ရန်ကုန်က အလုပ်လာလုပ်တဲ့ All Super တစ်ယောက်ကပြောတယ် နင်တို့ရက်အစားမဆင်းရင် နောက်ပိုင်း တစ်ခုခုဖြစ်ရင် နင်တို့ကိုမကာကွယ်ပေးဘူးလို့ခြိမ်းခြောက်တယ် ။ လိုင်း 1 to 5ကိုအုပ်ချုပ်တဲ့ All Super ဒေါ်ဝတ်ရည်က လက်မှတ်မဖြစ်မနေထိုးရမယ် ဆိုပြီး ဆဲရေးတိုင်းထွာပြီး ထိုးခိုင်းတယ်။ စက်ရုံထဲမှာ လက်မှတ်ထိုးလိုက်ရတဲ့ လူအနည်းစုကတော့ဆန္ဒမပါပဲ မလွန်ဆနိနိုင်လို့သာ ထိုးလိုက်ရတယ်။ Heatဌာနက ဝန်ထမ်းတွေဆိုရင်လက်မှတ်စာရွက်တောင်မတွေ့လိုက်ရပဲ စာရေးမနဲ့ခေါင်းဆောင်တွေ ညှိ့ပြီး လက်မှတ်အတုတွေထိုးလိုက်ကြတယ်။" လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ JAKO အမှတ်တံဆိပ်ကို ချုပ်လုပ်နေပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။

ယခုလို သင်္ကြန်ပိတ်ရက် အစားထိုးဆင်းခိုင်းနေတာကို အလုပ်သမားရုံးကို တိုင်ကြားပါက တိုင်ကြားသူကိုသိရှိပြီး အလုပ်ဖြုတ်ပစ်တာကြောင့် တိုင်ကြားဖို့ အခက်တွေ့နေရတယ်လို့လဲ အလုပ်သမားတွေကပြောဆိုပါတယ်။

"Cutting ဌာနက All Super ကပြောတယ် သတင်းဌာနကိုသတင်းပေးတဲ့သူကို စုံစမ်းမယ် သိရင်အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ တနဂ်နွေနေ့ အစားမဆင်းရင် ဘောနပ်၊ ရက်မှန်ကြေး မပေးဘဲ လစာသီးသန့်ပဲပေးပြီး တစ်ရက်စာ ဒေးကြေး ဖြုတ်ပြစ်မယ် ပြောတယ်၊ HR ကလည်း ဝန်ထမ်းတွေကိုခေါ်ပြီး ရက်အစားဆင်းဖို့အတင်းခြိမ်းခြောက်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ထပ်မံပြောဆိုပါတယ်။

" စက်ရုံမှူးကတော့ပြောတယ် သင်္ကြန်ကို ၉ရက်ပိတ်ပေးမယ် ဘာရက်အစားမှမဆင်းရဘူး ဒါကို ရန်ကုန်ကနေအလုပ်လာလုပ်တဲ့ All Super တွေက ၁၀ရက်ပိတ်ပေး တနဂ်နွေနေ့ကို အစားဆင်းပေးမယ် ဝန်ထမ်းတွေကိုလဲ သူတို့ပြောသလိုလုပ် မလုပ်ရင် အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး လက်မှတ်အတင်းထိုးခိုင်းတယ်။ ဌာနဆိုင်ရာကိုတိုင်ဖို့ကျတော့လည်း ဘယ်သူတိုင်ပါတယ်ဆိုတာပြန်ပေါက်ကြားတဲ့အပြင် ဘာမှအရာမရောက်ဘူး" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025