NEWS

Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ

CoverLogo
1.8K Views

Myanmar Gigi Leather Goods Manifactroy Co.;Ltd ပိုင် စက်ရုံ က နေ့စားအလုပ်သမားတွေ လုပ်သက် တစ်နှစ်နီးပါးရှိပေမဲ့ အမြဲတမ်းလုပ်သားအဖြစ်ခန့်အပ်တာ မရှိဘူးလို့ လုပ်သားတွေက ပြောပါတယ်။

နေ့စားအလုပ်သမားတွေကို EC စာချုပ် ချုပ်ဆိုတာ မရှိသလို ဥပဒေပါ အခွင့်အရေးတွေလည်း မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“နေ့စား အလုပ်သမားကို တစ်နှစ်ဝန်းကျင် လုပ်နေတာ အခုထိ အမြဲတမ်းအလုပ်သမား လခစားအနေနဲ့ မခန့် ပေးဘူး။ စာရွက်စာတန်း တော့ အကုန်တောင်းထားတယ်၊ အလုပ်သမား ဥပဒေပါ အခွင့်အရေးဆို မရပါဘူး  ” လို့  Myanmar Gigi စက်ရုံ အလုပ်သမား အမျိုးသမီးက ပြောပါတယ်။

အဲဒီစက်ရုံက နေ့စားအလုပ်သမားက အမြဲတမ်းအလုပ်သမားအဖြစ် မခန့်ထားတာကြောင့် အလုပ်သမား အခွင့်အရေး အားလုံးလည်း ဆုံးရှုံးနေရတယ်လို့ လည်း ပြောပါတယ်။

ဒီကာလထဲမှာ အလုပ်သမားတွေ စားဝတ် နေရေး ကျပ်တည်းနေတာကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက နေ့စားလို့ပဲ ခေါ်ခန့်နေတာ ဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

“နောက် လုပ်အားကို ညှစ်ထုတ်ချင်တာမျိုးပေါ့ ။ နေ့စားမို့ အလုပ်ရှိရင်ခေါ်မယ်၊ မရှိဘူးဆို နားပေါ့ ။ နောက်သူတို့ ခိုင်းလို့ အဆင်မပြေရင်လည်း မခေါ် တော့ဘူး ။ နေမကောင်းလို့ အလုပ်ပျက်ရင် နောက်ရက်  မလာတော့နဲ့ပေါ့။ သူတို့ ဘယ်အချိန်မှာ လခစား ဖြစ်မယ် မဖြစ်ဘူး မသေချာဘူး။ အလုပ်လုပ်ရင် ပိုက်ဆံ ရမယ်၊ မလုပ်တဲ့နေ့ ပိုက်ဆံမရဘူး။ နေ့စားခန့်တာက ဥပဒေပါ အခွင့်အရေးတွေကို မပေးချင်တာပါ “ လို့  ဆက်ပြော ပါတယ်။

Myanmar Gigi Leather Goods Manifactroy Co.;Ltd ပိုင် စက်ရုံကတော့  ပုလဲလမ်း၊ သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်မှာရှိပြီး လုပ်သားအင်အား ၂၀၀၀ လောက်နဲ့ သားရေ ပိုက်ဆံအိပ်တွေ ချုပ်လုပ်နေ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်တွေအရ စက်ရုံကို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး ထုတ်ကုန််တွေကို အမေရိကန်နိုင်ငံကို အဓိက တင်ပို့ထားပါတယ်။

စက်ရုံတွေနဲ့ နေ့စားခန့်တာဟာ အလုပ်သမားတွေကို တခြားလုပ်ပိုင်ခွင့်တွေကို မပေးလိုတာကြောင့်လို့ အလုပ်သမာရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“နေ့စားပဲခန့်ခန့်၊ လခစားနဲ့ ပုတ်ပြတ်ပဲခန့်ခန့် ဥပဒေနဲ့တော့ ညီပါတယ်။ အခု ၄၈၀၀ ဆိုတာ လခစား သဘောပါပဲ။ နေ့စားဆိုတာက စက်ရုံဘက်ကနေ တစ်ရက်ကို  ၇၀၀၀၊ ၈၀၀၀ ပေးတာမျိုးပါ။ နေ့စားဆိုပြီး ခန့်တာက စက်ရုံကနေ ရက်မှန်ကြေးလို၊ ဘောနပ် လိုဟာတွေကို မပေးချင်လို့ပါ” လို့ ပြောပါတယ်။

Myanmar Gigi စက်ရုံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမား ၆၀၀ ခေါ်ယူနေပြီး အသစ်ခန့်မယ့် အလုပ်သမားတွေ ကိုလည်း နေ့စားအနေနဲ့ လူတွေ့စစ်ဆေးနေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026