NEWS

စားအုံးဆီပြင်ပဈေးနှုန်းတစ်ပိဿာကျပ် ၇၀၀၀ အောက်သို့ကျဆင်းလာ

CoverLogo
1.3K Views

စားအုန်းဆီဈေးနှုန်းတွေဟာ  ပြင်ပပေါက်ဈေးအဆမတန်မြင့်တက်လာရာမှ အောက်တိုဘာ၄ရက်နေ့မှာတော့ တပိဿာလျှင် ကျပ် ၇၀၀၀ အောက်သို့ပြန်လည်ကျဆင်းလာတယ်လို့  သိရပါတယ်။

"စားဆီတွေပြန်ကျလာတယ်။ ၇၀၀၀တောင်မရှိတော့ဘူး။ အရင်ကဆိုတစ်သောင်းကျော်တောင်ပေးရတယ်။ အဲ့ဒီကနေပြီးတော့ တစ်သောင်း ကိုးထောင် တဖြေးဖြေးနဲ့ ဒီနေ့တော့ ၇၀၀၀ တောင်မရှိတော့ဘူး။  မြေပဲဆီလည်းနည်းနည်းကျလာတယ်လို့သိရတယ်" လို့ အကြော်ရောင်းချသူတစ်ဦးကဆိုပါတယ်။

စားအုံးဆီအခြေခံလက်ကား ရည်ညွန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့စက်တင်ဘာလရဲ့ ဒုတိယအပတ် စားဆီတစ်ပိဿာလျှင် ကျပ် ၅၂၂၀ ဖြစ်ခဲ့ရာမှ စက်တင်ဘာ၂၀ရက်မှာတော့ တစ်ပိဿာ ၄၇၃၀ကျပ်သို့ကျဆင်းလာပြီး စက်တင်ဘာလကုန်ပိုင်းမှာတော့ ကျပ် ၄၆၉၀ ကျပ်သို့ကျဆင်းလာခဲ့ကာ  ယခုလ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၀၂၀ ကျပ်ဖြစ်တယ်လို့  စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့  ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဈေးနှုန်းများအရ  စားအုန်းဆီဈေးနှုန်းများ စက်တင်ဘာတစ်လလုံး အကျဈေးဖြင့်ရှိလာခဲ့ပြီး အခြေခံလက်ကားဈေးနှုန်းမှာ တစ်ပိဿာ ၄၀၀၀ ကျော်သို့ ပြန်လည် ရောက်ရှိလာကာ  ပြင်ပလက်လီဈေးကွက်မှာလည်း ယခင်ကတစ်သောင်းကျော်မှတစ်ဖြေးဖြေးဖြင့် တစ်ပိဿာလျင် ကျပ်၇၀၀၀ အောက်သို့ ကျဆင်းလာတယ်လို့ သိရပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း စားအုန်းဆီအဆမတန်ဈေးမြင့်တက်လာမှုကြောင့်  အခြေခံပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူသုံးဆွဲနိုင်ရန်ဆိုကာ  ရပ်ကွက်များအတွင်းသို့ တန်းစီစနစ်ဖြင့် လိုက်လံရောင်းချပေးနေရာ ယခင်ကတစ်ပိဿာလျင်ကျပ်ငါးထောင်အထက် သတ်မှတ်ရောင်းချရောင်းချပေးခဲ့ပြီး လက်ရှိမှာတော့  ကျပ် ၄၂၀၀ဖြင့်ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့  မလေးရှားနိုင်ငံနှင့်အင် ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအရ  သယ်ယူပို့ဆောင်ခနှင့်ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျှက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းနဲ့ ဈေးကစားရန်သိုလှောင်ထားခြင်းတွေ  ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့  စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026