NEWS

ဒေါ်လာအဝယ်ခက်နေ၍ EPS စာမေးပွဲ မှတ်ပုံတင်ကြေးပေးသွင်းဖို့ မူလပေါက်ဈေးထက်ပိုပေး၀ယ်ယူနေရ

CoverLogo
2.2K Views

တောင်ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုရမည့် ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲ ဖြေဆိုမယ့်သူများဟာ စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းဖို့ ဒေါ်လာ၀ယ်ယူရာမှာ အခက်အခဲနေတာကြောင့် မူလပေါက်ဈေးထက်ပိုပေး၀ယ်ယူနေရတယ်လို့ သိရပါတယ်။

" စာမေးပွဲဖြေဆိုဖို့မှတ်ပုံတင်ကြေး ၂၄ဒေါ်လာကို အချိန်မီပေးသွင်းနိုင်ဖို့ကို ဒေါ်လာက ဝယ်ရခက်နေတော့ အချိန်မီမသွင်းနိုင်မှာစိုးလို့ ပင်လုံရှေ့မှာတင်ပဲ ရတဲ့ဈေးနဲ့၀ယ်ပြီးသွင်းတာတွေရှိတယ်။ ရောင်းနေကြတာ ၂၄၀၀ ကနေ  သုံးထောင်အထိတောင်ပဲ ပေး၀ယ်နေကြတယ်။ များနေတာကြီးကို ပေး၀ယ်နေကြရတာ"လို့ မှတ်ပုံတင်ကြေးပေးသွင်းခဲ့တဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

EPS စာမေးပွဲဖြေဆိုမဲ့သူများအနေဖြင့်  ဖြေဆိုခွင့်မှတ်ပုံတင်ကြေးအမေရိကန် ၂၄ဒေါ်လာကို အစိုးအေဂျင်စီထုတ်ပြန်ထားသည့်ရက်များအလိုက် ပေးသွင်းရတာဖြစ််ပြီး  လက်ရှိအချိန်မှာလည်း အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေးမြင့်တက်နေတဲ့အပြင် ဝယ်ယူရခက်ခဲနေရတာတွေကြောင့် အချိန်မီပေးသွင်းနိုင်ဖို့ တစ်ဒေါ်လာလျှင် ၂၄၀၀၊ ၂၅၀၀၊ ၂၆၀၀နှင့် ၂၈၀၀ အထိ ပေး၀ယ်နေရတယ်လို့သိရတာပါ။  

လက်ရှိအချိန်မှာ တောင်ကိုးရီးယားစာမေးပွဲဖြေဆိုမယ့်သူများအနေဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံခန်းမ၌ စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းရန်  ဒေါ်လာအပြိုင်ရှာဝယ်ယူနေကြရတယ်လို့လည်း သိရပါတယ်။  EPSစာမေးပွဲမှတ်ပုံတင်ကြေးကို ၂၄ဒေါ်လာနဲ့ကိုက်ညီတဲ့ မြန်မာငွေလက်ခံခြင်းမရှိဘဲ ဒေါ်လာငွေနဲ့ပဲလက်ခံနေတာလို့လည်း  အလုပ်သမားတွေကဆိုပါတယ်။

အခုကျင်းပမယ့် EPSစာမေးပွဲကို ၀င်ရောက်ဖြေဆိုရန် ကုန်ထုတ်လုပ်ငန်းအတွက် ၂၂၆၇၁ဦး ဖောင်တင်ထားပြီး  ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၄၁၈၆ဦး စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် ၃၁၅၂ဦး စုစုပေါင်း သုံးသောင်းခန့်လျှောက်လွှာတင်ထားပြီး  လက်ရှိမှာ EPSစာမေးပွဲဖြေဆိုဖို့ မှတ်ပုံတင်ကြေးပေးသွင်းခွင့်ရထားသူ ဦးရေ ၁၃၀၀၀ ကျော်ရှိနေပြီလို့ POEA ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026