ကိုရီးယားသို့သွားရောက်လုပ်ကိုင်မည့်
အလုပ်အကိုင်(EPS) စာမေးပွဲဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူဦးရေ တစ်သောင်းခန့်အထိရှိနေပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) ရဲ့ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
'' EPS-TOPIK စာမေးပွဲ online က လျှောက်ထားသူ Payment No. စာရင်းတွေအရ တစ်သောင်းအထိရှိလာပြီ။ ထုတ်ဝေတဲ့စရင်းပါသူတွေက ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၃ရပ်ကွက်၊ ပင်လုံခန်းမ ၁၈-၇-၂၀၂၂ ရက်နေ့ စာမေးပွဲမှတ်ပုံတင်ကြေး ၂၄ ဒေါ်လာ သွင်းရမယ်''လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့်နီးစပ်သူတစ်ဦးက ဆိုပါတယ်။
စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူတွေအနက်စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းခွင့်ရသူတွေစာရင်းကို ဇူလိုင် ၁၇ရက်အထိ မှတ်ပုံတင်ကြေးပေးသွင်းရမယ့်သူဦးရေ တစ်ရက် ၂,၀၀၀ နှုန်းဖြင့် POEAက အမည်စာရင်းကို ထုတ်ပြန်နေခြင်းဖြစ်ရာ ဇူလိုင်၁၇ရက်အထိလျှောက်ထားသူဦးရေ တစ်သောင်းအထိရှိလာခြင်းဖြစ်ပါတယ်။
"ထပ်ပြီးထုတ်ပြန်ဖို့တွေကျန်သေးတယ်။ တချို့မလျှောက်ရသေးတာတွေရှိတယ်။ခုထိအမည်စာရင်းမကျလာသေးတာတွေလည်းရှိနေသေးတယ် "လို့ EPSစာမေးပွဲဖြေဆိုဖို့ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။
စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ ဇူလိုင် ၂၃ရက်နောက်ဆုံးထား လျှောက်ရမယ်လို့ POEAကထုတ်ပြန်ထားပေမဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက် ထားရာမှာနည်းပညာပြဿနာကြောင့် လျှောက်ထားခွင့် သုံးရက်မရခဲ့တဲ့အတွက် အစားထိုးလျှောက်ထားခွင့်ထပ်တိုးပေးစေလိုတယ်လို့လည်း EPSစာဖြေဆိုဖို့ပြင်ဆင်နေသူများက POEA ဖေ့ဘွတ်ခ်စာမျက်နှာအောက်မှာ ဝင်ရောက် ပြောဆိုနေကြခြင်းလည်းဖြစ်ပါတယ်။
MyanmarLabourNews