NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါ အခွင့်အရေးချိုးဖောက်ခံရမှုမျာကို သက်ဆိုင်ရာ အလုပ်သမားရုံးများတွင်တိုင်ကြားသော်လည်း ထိရောက်မှုမရှိဖြစ်နေ

CoverLogo
2.7K Views

လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးရမည့် အလုပ်သမားဥပဒေပါ အခွင့်အရေးများ ချိုးဖောက်ခံနေရမှု တွေအပေါ် အလုပ်သမားဘက်မှမခံနိုင်ဘဲ သက်ဆိုင်ရာ အလုပ်သမားရုံးများသို့ သွားရောက်တိုင်ကြားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘဲ ထိရောက်မှု မရှိဖြစ်နေတယ်လို့ ရွှေပြည်သာစက်မှုဇုန် ၂  ရေပြာလမ်းမှာ ဖွင့်လှစ်ထားတဲ့ KINGSRICH Myanmar Fashion Garment စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ အလုပ်ရုံတွေမှာ ပြသနာတစ်စုံတစ်ခု ဖြစ်ပွားပါက စစ်တပ် သို့မဟုတ် ရဲခေါ် ဖမ်းခိုင်းတာမျိုးတွေကြောင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာဖိနှိပ်မှုတွေအပေါ် မပြောရဲတော့တဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

“ခုအာဏာသိမ်းပြီးနောက်ပိုင်း သူတို့ကို ပြောမယ့်ဆိုမယ့်သူမရှိတော့ဘူးလားမသိဘူး တခုခုဆို ရဲတိုင်မယ် စစ်တပ်ခေါ်မယ်လုပ်တော့ တချို့စက်ရုံတွေဆို လက်တွေ့လဲ ခေါ်ကြပါတယ် အဲ့လိုမျိုးကျတော့ လူတွေက ကြောက်ပြီးမပြောရဲကြတော့ဘူး” လို့ ယင်းကဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာအလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်ပိုအိုတီများကိုဖိအားပေး၍လက်မှတ်ရေးထိုးခိုင်း ခြင်း ထိုသို့အချိန်ပိုအိုတီများဆင်းခိုင်းရာတွင်လည်းကြိုတင်အသိ‌ပေးခြင်းမရှိဘဲနီးကပ်မှပြောဆိုပြီး အချိန်ပိုအိုတီဆင်းနိုင်ခြင်းမရှိသောအလုပ်သမားမျာကိုစူပါများမှတဆင့်နည်းလမ်းပေါင်းစုံဖြစ်အပြစ် ရှာပြီးခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

“အိုတီအမြဲလိုလိုဆင်းရတယ် မနက် ၈ နာရီကနေ ည ၇ ခွဲထိပုံမှန်ဆင်းပြီးတော့မှ ကျန်တဲ့ နာရီကို အချိန်ပိုထပ်ဆင်းပေးဖို့ ပြောတယ် ဆင်းတဲ့လူတွေကို ဖယ်ရီစီစဉ်ပေးတာမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကို ပြန်ရမှာ အရမ်းဝေးတဲ့ လူမဆင်းနဲ့ဆိုပေမယ့် တန်းတူယှဉ်ပြီးတောင်းလာတော့ အိုတီဆင်းထားလို့ ပိုရတယ် မဟုတ်ဘဲ တန်းတူတောင်းတဲ့အခါကျတော့ ဘယ်လောက်ဝေးဝေး ဘယ်လိုပဲ အခက်အခဲတွေရှိရှိ အိုတီ မဆင်းပေးဘူးဆိုရင် ညီမတို့အတွက်က အရမ်း စိတ်ညစ်ပြီး ဖိအားတွေနဲ့ ငိုယိုပြီး အလုပ်လုပ်ရတယ် နောက်တနေ့ကျပြန်ရင်လည်း ငါတော့ ဒီအလုပ်က မထွက်နိုင်သေးရင် ဆင်းပေးမှရမယ် ဆိုတဲ့ အသိစိတ်နဲ့ဆင်းပေးရတယ်”လို့ အဆိုပါ စက်ရုံမှ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“ကိုယ်လုပ်နေတဲ့ အလုပ်ကိုတန်ဖိုးထားပါတယ် ဘယ်လိုဖြစ်နေလဲဆိုတော့ တနင်္ဂနွေ ခေါ်မယ်ပေါ့ ညှိနှိုင်းပြီး ဆင်းစေချင်တာပေါ့ တကယ်တမ်းကျ ဒီနေ့ စနေနေ့ဆို မနက်ဖြန်အိုတီပဲဆိုပြီးလုပ်ချလိုက်တာ   ပြီးမှ တခြားအစီအစဉ်ရှိလို့ မဆင်းနိုင်ဘူးဆိုရင် လိုင်းစူပါတွေက ဖိအားထပ်ပေးတယ် သူတို့ကလည်း နင်တို့မလာလို့ ပဲကျရင် ဘယ်လိုစီစဉ်ပေးမှာတုန်း ဘယ်လိုစဉ်းစားပေးမှာတုန်း အဲ့လိုမျိုးတွေဆိုတော့ နောက်နေ့ကျရင် ကိုယ့်ပွိုင့်မှာ ဒီအထည်ကို ကိုယ်ပဲ တာဝန်ဆက်ယူရမှာဆိုတဲ့စိတ်နဲ့ အစီအစဉ်ကိုဖျက်ပြီးဆင်းပေးရတယ်" လို့ ယင်းက ထပ်မံပြောဆိုပါတယ်။

အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး   H&M၊M&S အမှတ်တံဆိပ်များချုပ်လုပ်ကာ အလုပ်သမား ၃၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အရေးပေါ်မိသားစုကိစ္စတစ်စုံတစ်ရာဖြစ်ဖြစ်ရက်တစ်ရက်ပျက်ခဲ့ပါက တစ်ရက်ပျက်ခဲ့သည့်လုပ်ခလစာ၊ရက်မှန်ကြေး၊သာမကတနင်္ဂနွေနေ့(ဒေးကြေး)အပါ(၂၀၀၀၀)ကျော်အဖျက်ခံရပြီး၊နှစ်ရက်ပျက်ခဲ့လျှင်(grade)ပါအချခံရတယ်လို့ စက်ရုံအလုပ်သမားတွေက ဆိုပါတယ်။
ထို့အပြင်စက်ရုံအတွင်လုပ်ကိုင်နေသောနေ့စားသမားများကိုလည်းနံနက်(၈နာရီ)မှညနေ( ၄ နာရီခွဲ)အတွင်း(၄၈၀၀)ကျပ်ပေးပြီး၊ ကျန်အချိန်ပိုအိုတီနာရီကိုတစ်နာရီလျှင်( ၆၀၀)ကျပ်ပဲပေးပြီးအဆမတန်ခိုင်းစေနေကာထိုနေ့စားသမားများမှာရက်တစ်ရက်ပျက်မိလျှင်ဘယ်‌လောက်အလုပ်ကြိုးစားစားအကြောင်းပြ ချက်မရှိပဲအလုပ်ဖြုတ်ခံရတယ်လို့ သိရပါတယ်။

နေ့စားသမားများကိုလည်းအတည်ပြု၀န်ထမ်းမခံအပ်ဘဲနေ့စာသမားအဖြစ်သာခိုင်းစေပြီး၊အချို့(section)များဆိုလျှင်လည်းအလုပ်ရှင်ဘက်မှလိုလျှင်အလုပ်ခေါ်ခြင်း၊အလုပ်မလိုလျှင်အလုပ်ဖြုတ်လိုက်နဲ့လုပ်ပြီး၊ ယခုလို့အလုပ်ခံရ‌သောနှစ်ချီ‌နေ့ပြီးသောနေ့စားအလုပ်သမားများလည်းရှိနေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာများရရှိလျှင်လည်းအလုပ်ရှင်ဘက်မှတာ၀န်ယူမှုမရှိခြင်း၊အချို့နေ့စားသမားမျာမှာအလုပ်လုပ်နေရင်လုပ်ငန်းခွင်အတွင်းကိုယ်အင်္ဂါချို့ယွင်းသွားသည့်အထိရှိသော်လည်းအလုပ်ရှင်ဘက်မှတာ၀န်မယူပဲအလုပ်ပါဖြုတ်ပြစ်တာမျိုးတွေထိ ဖြစ်ပွားနေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

တော်တော်လေး စိတ်ဖိစီးမှုတွေ ဖြစ်ရတယ် ညီမတယောက်ထဲ မဟုတ်ဘူး အကုန်လုံး စက်ရုံမှာရှိတဲ့လူအကုန်လုံးပဲ” လို့  လုပ်သက် ၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ အလုပ်သမားတစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

အလုပ်သမားဘက်မှမခံနိုင်၍သက်ဆိုင်ရာရုံးများတိုင်ကြားလျှင်လည်းစက်ရုံကိုလာရောက်ကြည့်ရှုပြီး၊ ဖြေရှင်းဆောင်ရွက်ပေးတာမဟုတ်ပဲလက်ကြိတ်ထိုးပုံစံဖြင့်ပြေလည်းသွားကြပြီး၊အလုပ်သမားများအ ခြေအနေကတော့ပြောင်းလဲသွားခြင်းမရှိဘူးလို့ဆိုပါတယ်။

တနင်္ဂနွေနေ့များတွင်လည်းအနားမပေးဘဲအမြဲတမ်းအချိန်ပိုအိုတီခေါ်ခြင်း မဆင်းလျှင်လည်းအငြိုးအတေးထားပြီးဆက်ဆံခြင်း၊ ပုံမှန်ရက်များတွင်လည်းအချိန်ပိုအိုတီညဘက်အ ချိန်မတော်ထိဆင်းခိုင်းပြီးအလုပ်ပြီးလို့အိမ်ပြန်ရလျှင်လည်းအလုပ်ရှင်ဘက်မှဖယ်ရီစီစဉ်ပေးခြင်းမရှိဘဲ၊အလုပ်သမားများမိမိပိုက်ဆံနှင့်အိမ်ပြန်ရခြင်း စသည့်တို့ကြောင့် အိုတီဆင်းရသည့် အခကြေးငွေများသည် လမ်းစရိတ်နှင့်ပင်ကာမိခြင်းမရှိဘဲ အလုပ်သမားများရဲ့ လူမှုဘဝအတွက် မည်သည့်အကြောင်းကြောင့်မျှဖူလုံခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ စက်ရုံလုပ်ငန်းခွင်ထဲမှာ ဥပဒေမဲ့ အလုပ်ထုတ်တာ ခြိမ်းခြောက်ခိုင်းစေတာ အပါအဝင် ဉပဒေမဲ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ဖြေရှင်းပေးစေလိုပြီး ဥပဒေနဲ့ အညီဆောင်ရွက်လုပ်ကိုင်စေလိုတယ်လို့ အလုပ်သမားတွေက လိုလားနေကြပါတယ်။

 


Related posts

Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026