NEWS

29 စိန်ရွှေရတနာဆိုင် အပါအဝင်ရွှေဆိုင်အများစု အလုပ်သမားအပေါ်ဥပဒေနဲ့မညီတဲ့စာချုပ်မျိုးတွေအသုံးပြု​နေဟုဆို

CoverLogo
1.7K Views

အလုပ်ရှင်အလုပ်သမားအကြား အလုပ်သမား ခွင့်ရက်ရယူရာမှာ ဥပဒေနဲ့မညီတဲ့စာချုပ်မျိုးတွေကို 29 ရတနာရွှေဆိုင်သာမက ရွှေဆိုင်အများစုက အသုံးပြုနေတယ်လို့  အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ ထောက်ပြချက်အရ သိရပါတယ်။ 

လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ 29 စိန်ရွှေရတနာဆိုင်ရဲ့ အလုပ်ရှင်နဲ့အလုပ်သမားအကြား ချုပ်ဆိုရတဲ့ ခွင့်ရက်ရယူခြင်းဆိုင်ရာသဘောတူစာချုပ်ထွက်ပေါ်လာခဲ့တာပါ။ 

အဆိုပါစာချုပ်ဟာ ဥပဒေနဲ့မညီတဲ့စာချုပ်ဖြစ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေတင်မက လူမှုကွန်ယက်အသုံးပြုသူတွေကြား ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ 

" အ၊လ၊ရ ဘာလုပ်နေသလဲမေးရမယ် ဥပဒေနဲ့မညီတဲ့ စာချုပ်တွေ စည်းကမ်းချက်တွေက ရွှေဆိုင်တိုင်းလိုလိုဖြစ် လုပ်ဆောင်နေကြတာပါပဲ" လို့ အလုပ်သမားများကိုကူညီနေသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ 

အဆိုပါစာချုပ်မှာ ထည့်သွင်းချုပ်ဆိုရတဲ့အချက်မှာ တွေ့ရှိရတာကတော့ "  ခွင့်ရက်ပြည့်သည့်နေ့တွင် လုပ်ငန်းခွင်သို့ ချက်ချင်းပြန်လည်ဝင်ရောက်ရမည်ဟု ဝန်ခံကတိပြုပါသည်။ ပျက်ကွက်ပါက တစ်ရက်လျှင် ဒဏ်ကြေးငွေ........ကျပ်ကိုပေးဆောင်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီနှင့်ဝန်ခံကတိပြုသူတို့ နှစ်ဦးသဘောတူကတိစာချုပ်များအရ ဝန်ခံကတိပြုသူက ကုမ္ပဏီသို့ပေးသွင်းရမည့်ငွေ.......ကျပ်ကျန်ရှိသည်မှာမှန်ကန်ကြောင်း  ဝန်ခံကတိပြုပါသည်။ အဆိုပါငွေအား ခွင့်ရက်ပြည့်ပြီး လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ရမည့်နေ့မှစ၍  ၁၅ရက်ထက်နောက်ကျပါက တစ်လုံးတစ်ခဲတည်းအပြည့်အဝပေးဆပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်" လို့ ထည့်သွင်းချုပ်ဆိုထားတာတွေ့ရပါတယ်။

ဒါ့အပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး နစ်နာခဲ့ရတဲ့ အလုပ်သမားအနေနဲ့ အကူအညီတောင်းခံပါက ကူညီဆောင်ရွက်ပေးမယ်လို့ အလုပ်သမားအရေး လုပ်ဆောင်တဲ့အဖွဲ့ အစည်းတွေက အသိပေးထားပါတယ်။

"တိုင်ကြားသူ မရှိသော်လည်း public တွင် တည်ဆဲအလုပ်သမားဥပဒေနှင့် မညီညွတ်သည့် ကိစ္စ ရပ်များကို ခေါင်းရှောင်ရန်မသင့်ပါ။နစ်နာသူ ဟု ယူဆသည့် အလုပ်သမား တဦးဦး မှ လာရောက်ဆက်သွယ် အကူအညီတောင်းခံခဲ့ပါက လိုက်ပါဆောင်ရွက်ပေးပါမည်" လို့လည်း STUM က ဆိုထားပါတယ်။ 

အဆိုပါခွင့်ရက်စာချုပ်နဲ့ပတ်သက်ပြီး အလုပ်ရှင်အလုပ်သမားအကြား အဲဒီလိုစာချုပ် ခွင့်မျိုး က ဥပဒေ နဲ့မညီညွှတ်တာ​​ကြောင့် သက်ဆိုင်ရာ အလရ ရုံးကဝင်ရောက်စစ်ဆေးရန် လိုအပ်နေတယ်လို့လည်း STUM ကထောက်ပြထားပါတယ်။

ဓါတ်ပုံ-လူမှုကွန်ယက်

 


Related posts

Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026