NEWS

၃ ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်အဖမ်းခံရ

CoverLogo
107 Views
 
အောက်တိုဘာလထဲမှာ ၃ ရက်အတွင်း ထိုင်းနိုင်ငံ ထဲ ကို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်ရှိတယ်လို့ထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁ ရက် နံနက်အစော ပိုင်းမှာ ကန်ချနဘူရီ ပြည်နယ် စန်ခလာဘူရီမြို့နယ် ယာဉ်တစ်စီးပေါ်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၉ ဦးနဲ့ ယာဉ်မောင်း မြန်မာနိုင်ငံသားအမျိုးသမီး တစ်ဦးတို့ ကို ဖမ်းမိခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။
 
အောက်တိုဘာ၂ရက် နေ့ မနက်အစောပိုင်းမှာလည်း ကန်ချနဘူရီခရိုင် စန်ခလာဘူရီ မှာ မြန်မာလုပ်သားအမျိုးသမီး ၁၄ ဦးကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းအမျိုးသမီး လုပ်သားတွေဟာ ချွန်ပူရီ မှာ အလုပ်သွားလုပ်ဖို့ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံသို့ သဘာ၀ လမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော်ခဲ့ကာ ပို့ဆောင်ပေးတဲ့ ပွဲစားကို တစ်ဦးလျှင် ဘတ်၁၂၀၀၀ စီပေးခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အောက်တိုဘာ ၂ရက် ည၉နာရီခွဲခန့်မှာလည်း ကျန်ချဘူရီပြည်နယ် ဆိုင်းယိုခ့် မြို့နယ် မှာ ကား ၄ စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၄၂ ဦး ကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ စာမွတ်စာခွန်ရှိ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ပို့ဆောင်ပေးသူကို ပွဲစားခ ဘတ် ၁၂၀၀၀ ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကိုဖြေဆိုထားပါတယ်။
 
"လက်ရှိကာလဟာ ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ လုပ်သားသစ်တွေ ကို ဘတ်(ပန်းရောင်ကတ်)ရိုက်ပေးဖို့ အစီစဉ်ရှိတဲ့ အတွက် နယ်စပ်ဖြတ်ကျော် လာရောက်သူတွေ များနေတာ ဖြစ်တယ်"လို့ မြန်မာအလုပ်သမားအရေးကူညီပေးသူတွေကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၉၀၀ ခန့်ရှိပြီးစက်တင်ဘာလ မှာတော့ ၁၀၀၀ ကျော် ရှိကြောင်းသိရပါတယ်။

Related posts

Cover
ထိုင်းရဲဖမ်းဆီးသဖြင့် ကားမောင်းပြေးရာမှ မြန်မာ ၂၁ ဦးဒဏ်ရာရရှိ
Nov 10, 2025
Cover
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ပထမဆုံး အကြိမ် တရားဝင် အလုပ်လုပ်ကိုင်
Nov 07, 2025
Cover
ဓါတုသိုလှောင်ကန် ပေါက်ကွဲ မှု ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သားနှစ်ဦးအတွက် နစ်နာကြေး ထိုင်းဘတ် ၂သန်းကျော် ရရှိ
Nov 07, 2025
Cover
ကားအနောက်ဘက်တွင် တာလပတ်ဖြင့် ဖုံးအုပ် ခေါ်ဆောင်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ
Nov 07, 2025
Cover
အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးမှ ထိုင်းအလုပ်ရှင်ကို တရားစွဲမည်
Nov 06, 2025
Cover
၅ ရက်အတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၆၀ ကျော် အဖမ်းခံရ
Nov 06, 2025
Cover
ပန်းရောင်ကတ်ပြန်ဖွင့်ရန် ပြည်ထဲရေးဝန်ကြီးဌာနစီစစ်နေ
Nov 06, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၄၇ ဦး ကို စစ်ကော်မရှင်ထံလွှဲပို့
Nov 05, 2025