NEWS

၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို

CoverLogo
247 Views
 
မြန်မာနိုင်ငံ အတွင်းသို့ ၂၀၂၃ ခုနှစ်အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်ကျော်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ဦးရေ ၇၀၀၀၀ ခန့် ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားပါတယ်။
 
နိုင်ငံပေါင်း ၅၂ နိုင်ငံ က နိုင်ငံခြား သား (၆၇,၉၈၂)ဦး ဟာ ပြည်တွင်း ကို တရားမဝင် ဝင်ရောက် လာတဲ့ အတွက် ဖမ်းဆီးခဲ့ကာ ၎င်းတိုကို သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ဟာ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများကနေ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး KK Park နယ်မြေများ မှာ အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ကျသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံ ကို တရားမဝင် ဝင်ရောက်သူများရဲ့ (၉၉ ဒသမ၅)ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံများက တစ်ဆင့် ကုန်းလမ်းမှဝင်ရောက်လာခြင်းဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောပါတယ်။
 
ယခုနှစ်ဇန်နဝါရီ၃၀ရက်မှ နိုဝင်ဘာ၁၁ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၁၀၈၁၅ ကို စစ်ဆေးဖေါ်ထုတ်ခဲ့ပြီး ၉၅၃၆ဦး ကို ထိုင်းနိုင်ငံကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ တွေအလိုက် ပြည်နှင်ဒဏ်ပေး လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိတဲ့ ၁၂၇၉ဦးကိုလည်း သက်ဆိုင်ရာ နိုင်ငံ အလိုက် လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026