NEWS

၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး

CoverLogo
565 Views
 
ကရင်ပြည်နယ် မြဝတီမြို့ တွင် သောင်းရင်းမြစ်ရေဟာ လာမယ့်၂၄နာရီ အတွင်း စိုးရိမ်ရေအမှတ်ထက် ၁၂ပေကျော်မြင့်တက်လာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဇူလိုင်၂၄ရက် မနက်ပိုင်းမှာထုတ်ပြန်အသိပေးထားပါတယ်။
 
လက်ရှိ သောင်းရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ် အထက် ၉ပေခွဲ မှာ ရောက်ရှိနေပြီး တစ်ရက်အတွင်း ၃ပေခန့် ဆက်လက်မြင့်တတ်မယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။
 
ဇူလိုင်၂၃ရက် ညနေပိုင်းမှ စပြီး သောင်းရင်းမြစ်ရေ မြင့်တက်လာတဲ့ အတွက် မြဝတီ မြို့ အတွင်း ရေကြီးနစ်မြုပ်မှုတွေ 
ဖြစ်ပေါ် လာတာကြောင့် ဒေသခံ တွေ ရေဘေးဒုက္ခကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။
 
""ကျွန်တော်တို့ ၃ရပ်ကွက်မှာဆို အိမ်တွေ အောက်ထပ်တွေ အကုန်မြုပ်ကုန်ပြီအပေါ်ထပ် တွေပဲ နေလို့ရတော့တယ် မိုးကလည်းရွာသေးတယ် မြစ်ရေကလည်း ဆက်တိုးလာမယ်ဆို တော့ စိုးရိမ်စရာအခြေနေဘဲ လက်တလောမှာ စားစရာတွေ ရေသန့်တွေ လိုအပ်နေတယ်""လို့ မြဝတီမြို့ဒေသခံတစ်ဦးကပြောပါတယ်။
 
မြဝတီမြို့နယ် အတွင်းမှာလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး ရေဘေးသင့်ပြည်သူတွေကို လူမှုကူညီရေးအသင်းတွေမှ ကယ်ဆယ်ရေးစခန်းတွေသို့ပြောင်းရွှေ့ကူညီပေးနေတယ်လို့ သိရပါတယ်။
 
ဝီဖာမုန်တိုင်းအရှိန်ကြောင့် သောင်းရင်းမြစ်ရေတင်သာမက ရွှေကျင်မြစ်ရေဟာရွှေကျင်မြို့ရဲ့ စိုးရိမ်ရေအမှတ်ထက်၂ပေကျော်ရောက်ရှိနေသလို နောက်တစ်ရက်အတွင်း ၂ပေခန့်ထပ်မံမြင့်တတ်လာနိုင်ကာစစ်တောင်းမြစ်ရေဟာလည်းမဒေါက်မြို့ရဲ့စိုးရိမ်ရေအမှတ်ထက်၄ပေကျော်ကိုရောက်ရှိနေပြီးနောက်တစ်ရက်အတွင်း၁ပေခန့်မြင့်တတ်နိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ငဝန်မြစ်ရေဟာငါးသိုင်းချောင်းမြို့ရဲ့စိုးရိမ်ရေမှတ်အထက်၃လက်မခန့်ရှိနေပြီးမယ်ဆိုင်ချောင်းဟာလည်း တာချီလိပ်မြို့ (လွယ်တော်ခမ်းကျေးရွာ)ရဲ့စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်မြင့်တက်နေကာ နောက်တစ်ရက်အတွင်းအနည်းငယ်စီထပ်တိုးမြင့်လာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထားပါတယ်။
Photo-CJ

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026