NEWS

၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ

CoverLogo
852 Views
ဇန္နဝါရီ - ၂၆ - ၂၀၂၅
ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။
ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။
ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။
အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့ ဇန္နဝါရီ ၂၀ရက်နေ့ ကနေ ဇန္နဝါရီ ၂၆ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဇန္နဝါရီ ၂၀ရက်နေ့ကနေ ဇန္နဝါရီ ၂၆ရက်အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂ တစ်လီတာလျှင် ၃၀၇၅ကျပ် ၉၅ တလီတာ ၃၁၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၇၄၀ ကျပ်၊ ပရီမီယံဒီဇယ်တလီလီတာ ၃၃၆၅ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။
ဇန္နဝါရီ ၂၄ရက်က နေ၂၆ ရက်အထိသတ်မှတ်ဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင် ၃၁၃၀ကျပ် ၉၅ တလီတာ ၃၂၀၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၅၂၅ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ ယခင်ကထက်အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။
စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ ၃၂၀၀ ကျပ်နဲ့အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဇန္နဝါရီ ၂၀ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျင် အမေရိကန်ဒေါ်လာ၂၆၉၈ ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့ အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၄ သိန်း၁သောင်းနဲ့ ဇန္နဝါရီ ၂၂ရက်အထိသတ်မှတ်ခဲ့ကာ ၅၄သိန်း၅ထောင်ကိုတော့ ဇန္နဝါရီ ၂၆ရက်အထိသတ်မှတ်ထားတယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။
ပြင်ပရွှေဈေးကွက်မှာတော့ ဇန္နဝါရီ ၂၀ရက်မှာ ၆၅သိန်းဖြစ်ပြီး ၂၂ရက်မှာ ၆၅သိန်း၅သောင်းဖြစ်ခဲ့ကာ ၂၃ရက်နဲ့ ၂၄ရက်မှာ ၆၅သိန်းသို့ ပြန်လည်ကျဆင်းပြီး ၂၅နဲ့ ၂၆ရက်မှာတော့ ၆၄သိန်း၇သောင်းသို့ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။
ပြင်ပဈေးကွက်ပေါက်ဈေးသိရှိချက်အရ ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းမှာတော့ ပြင်ပရွှေပေါက် ဈေးဟာ ၆၇သိန်းအထိ မြင့်တက်ခဲ့တာဖြစ်ပြီး ယခုတစ်ပတ်တာမှာတော့ ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဇန္နဝါရီ ၂၀ရက်မှ ဇန္နဝါရီ ၂၆ရက်အထိ တပတ်တာလုံး လုံးမှာ တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့်ပေါက်ဈေးဖြင့် ငြိမ်နေတာတွေ့ရပါတယ်။
ဒါဟာ အနည်းငယ်ဈေးတက်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာတစ်လလုံးမှာတော့ ၄၄၃၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေတာတွေ့ရပါတယ်။
နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။
ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၇ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ တစ်ဒေါ်လာလျှင် ၄၇၃၂ နှုန်းအထိဖြတ်ခဲ့ကြသလို လက်ရှိဇန်နဝါရီ ၁၉ ရက်မှာတော့ ၄၅၀၀ကျော်နဲ့ဖြတ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတပတ်တာ ဇန္နဝါရီ ၁၃ရက်မှ ဇန္နဝါရီ ၁၉ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၇၂၅၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် ၂၅ကျပ်ကျဆင်းလာတာ တွေ့ရပါတယ်။
ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေ မဲ့လည်းစားဆီ ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၁၂၀၀၀ ကျပ်အမြင့်ဈေးမှာသာ ဆက်လက်တည်ရှိ နေပြီး ရပ်ကွက်တွေရဲ့ လက်လီဈေးနှုန်းကတော့ ၁၂၆၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ် ပေမဲ့လည်း စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၅၀၀၊ မဂျမ်းတော တစ်ပြည် ၇၅၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ ရက် ၉၀ တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ အခြေခံ အလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာ ကေတာ့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့ ချဉ်ပေါင်ရွက်တစ်စီး ၅၀၀- တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊ ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ်စီး ၅၀၀ ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး
၇၀၀၊ မုံလာဥတစီး ၁၀၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစ္စီး ၁၃၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး
၅၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊ အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ပဲပင်ပေါက် အနည်းဆုံး ၁၀၀၀ ဖိုးသာ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။
ယခုနှစ်ဆောင်းတွင်းပိုင်းမှာ ဆောင်းသီးနှံပေါများချိန်ရောက်ပေမဲ့ ဈေးနှုန်းကျဆင်းလာခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၇၀၀၀ကျပ်(စီပီကြက်)၊ ကြက်နီမတစ်ပိဿာ ၂၀၀၀၀ နဲ့ ဗမာကြက်တစ်ပိဿာ ၂၃၀၀၀၊ အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။
ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတမောတစ်ကတ် ၁၃၀၀ ( တလုံး ၁၅၀) ၊ချောင်းဆိုးပျောက်ငုံဆေးတစ်လုံး ၅၀၀၊ သားဆက်ခြားဆေး တစ်ကတ် ၄၀၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀ ကျပ်ဖြစ်နေပါတယ်။
အခုလိုကုန်ဈေးနှုန်းတွေ အမြင့်ပိုင်းမှာသာရှိပေမယ့် ပြည်တွင်းက အနည်းဆုံးလုပ်ခလစာကတော့ တရက်လျင် ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်သာဖြစ်နေဆဲဖြစ်ပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)
Jan 10, 2026
Cover
ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 08, 2026