NEWS

၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်ပထွက်ခွာမည့် လုပ်သား တစ်သိန်းရှစ်သောင်းကျော် ကို OWIC ကတ်ပြုလုပ်ပေးခဲ့ဟုဆို

CoverLogo
283 Views

၂၀၂၄ ခုနှစ် နိုဝင်ဘာလ အထိ ပြည်ပကို တရားဝင် သွားရောက် အလုပ်လုပ်မယ့် လုပ်သား တစ်သိန်းရှစ်သောင်းကျော်ကို OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်)ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန မှသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာတော့ ပြည်ပ ကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ၂၁၀၆၈၈ ဦး ကို OWIC ကတ် ထုတ်ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန် အထိ တော့ ၁၈၁၈၉ ဦး ကိုထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပြည်ပအလုပ်သမားသက်သေခံကတ် OWIC ကို ပြည်ပအလုပ်ကိုင်အကျိူးဆောင်လိုင်စင်ရအေဂျင်စီမှတစ်ဆင့်သော်လည်းကောင်း၊ မိမိအစီစဉ်ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ နဲ့ ပြည်ပက ခွင့်ပြန် လာသူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တတ်စရာမလိုဘဲ မိမိအစီစဉ်နဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မှာ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

အခြေခံလုပ်သား တွေနဲ့ လိုင်စင်ရအေဂျင်စီကတစ်ဆင့် သွားရောက်သူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ကို တတ်ရောက်ရမှာ ဖြစ်ကာ အေဂျင်စီ ကနေတစ်ဆင့်အလုပ်သမားညွန်ကြားမှုဦးစီးဌာန ကိုသာ OWIC ကတ် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

""ပြည်ပအလုပ်ကိုင်လမ်းညွှန်သင်တန်းမှာက ကိုယ့်သွားရောက်အလုပ်လုပ်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ အဲ့နိုင်ငံရဲ့ အလုပ်သမားတွေလိုက်နာရမယ့် ပြည်တွင်းဥပဒေ တွေ စတာတွေ ကိုသင်ပေးတယ်၊ ပြီးတော့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်ကိုချိတ်ဆက်အကူညီတောင်းရမှာတွေပြောကြားပေးတယ် အဲ့တော့ကျွမ်းကျင်လုပ်သားတွေအဆင့်မြင့်ပညာရှင်တွေက ယခင်ရောက်ထားတဲ့တွေ့ကြုံ လေ့လာထားမှုတွေရှိတယ်၊ အခြေခံ လုပ်သား မိမိအစီစဉ်နဲ့ သွားမယ့်သူတွေကျတော့ အဲ့လို တွေ မရှိတော့ သူတို့ကို တာဝန်ယူပေးနိုင်မယ့် လိုင်စင်ရပြည်ပအကျိုးဆောင်အေဂျင်စီ တစ်ခုခုနဲ့ ချိတ်ဆက်ပြီးမှ သာ OWIC ကတ် လျှောက်ခွင့်ပေးပြီး ထုတ်ပေးတာပါ""လို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နယ်စပ်နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တရားမဝင်ရွှေ့ပြောင်းသွားရောက်သူတွေ များပြားတာကြောင့် ဖမ်းဆီး ပြစ်ဒဏ်ချခံရပြီး ပြန်လည်ပို့ဆောင်ခံရသူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ပြည်ပအလုပ်သမားသက်သေခံကတ် OWIC  ကို အေဂျင်စီအစီစဉ်ဖြင့် လျှောက်ထားမှု ကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာန မြောက်ဒဂုံ ပင်လုံခန်းမ မှာ လုပ်ဆောင်ပေးနေပြီး ကျွမ်းကျင်လုပ်သား ၊အဆင့်မြင့်လုပ်သားနဲ့ ခွင့်ပြန်လာသူတို့ကိုတော့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစု မရမ်းကုန်းမြို့နယ် ၈မိုင်ရုံး မှာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
လုပ်ငန်းခွင်ထိခိုက်မှုတွေ ဖြစ်ပေါ်ပါက တာဝန်ယူပေးဖို့ လိုအပ်နေ
Jul 31, 2025
Cover
OWIC ကတ်ပေါ် တွင် လုံခြုံရေးစတစ်ကာ ကပ်ပေးမည်ဟုဆို
Jul 31, 2025
Cover
အချိန်ပိုOT ဖိအားပေးဆင်းခိုင်းတာနဲ့ ဆေးခွင့်မရလို့အလုပ်သမားတွေနစ်နာနေဟုဆို
Jul 30, 2025
Cover
Myanmar Fala Fala တောင်းဆိုမှု မအောင်မြင်၊ အလုပ်သမားများ အလုပ်ထွက်
Jul 30, 2025
Cover
အလုပ်သမား အခွင့်အရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ၇ ဦးထပ်မံ ဖမ်းဆီးကာ ရုံးကိုသော့ခတ်သွား
Jul 29, 2025
Cover
ဝင်ငွေခွန်ဖြတ်တောက်မှု ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးဖို့ အလုပ်သမားတွေပြော
Jul 28, 2025
Cover
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီဖမ်းဆီး၊ ၃ ရက်ကြာအထိ အဆက်အသွယ်မရသေး
Jul 28, 2025
Cover
GTIG Easter Garment အထည်ချုပ် HR ဝန်ထမ်းများ ငွေချေးပြီး အလုပ်သမားများအား ဖိအားပေး ခြိမ်းခြောက်
Jul 28, 2025