NEWS

၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်ပထွက်ခွာမည့် လုပ်သား တစ်သိန်းရှစ်သောင်းကျော် ကို OWIC ကတ်ပြုလုပ်ပေးခဲ့ဟုဆို

CoverLogo
490 Views

၂၀၂၄ ခုနှစ် နိုဝင်ဘာလ အထိ ပြည်ပကို တရားဝင် သွားရောက် အလုပ်လုပ်မယ့် လုပ်သား တစ်သိန်းရှစ်သောင်းကျော်ကို OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်)ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန မှသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာတော့ ပြည်ပ ကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ၂၁၀၆၈၈ ဦး ကို OWIC ကတ် ထုတ်ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန် အထိ တော့ ၁၈၁၈၉ ဦး ကိုထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပြည်ပအလုပ်သမားသက်သေခံကတ် OWIC ကို ပြည်ပအလုပ်ကိုင်အကျိူးဆောင်လိုင်စင်ရအေဂျင်စီမှတစ်ဆင့်သော်လည်းကောင်း၊ မိမိအစီစဉ်ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ နဲ့ ပြည်ပက ခွင့်ပြန် လာသူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တတ်စရာမလိုဘဲ မိမိအစီစဉ်နဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မှာ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

အခြေခံလုပ်သား တွေနဲ့ လိုင်စင်ရအေဂျင်စီကတစ်ဆင့် သွားရောက်သူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ကို တတ်ရောက်ရမှာ ဖြစ်ကာ အေဂျင်စီ ကနေတစ်ဆင့်အလုပ်သမားညွန်ကြားမှုဦးစီးဌာန ကိုသာ OWIC ကတ် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

""ပြည်ပအလုပ်ကိုင်လမ်းညွှန်သင်တန်းမှာက ကိုယ့်သွားရောက်အလုပ်လုပ်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ အဲ့နိုင်ငံရဲ့ အလုပ်သမားတွေလိုက်နာရမယ့် ပြည်တွင်းဥပဒေ တွေ စတာတွေ ကိုသင်ပေးတယ်၊ ပြီးတော့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်ကိုချိတ်ဆက်အကူညီတောင်းရမှာတွေပြောကြားပေးတယ် အဲ့တော့ကျွမ်းကျင်လုပ်သားတွေအဆင့်မြင့်ပညာရှင်တွေက ယခင်ရောက်ထားတဲ့တွေ့ကြုံ လေ့လာထားမှုတွေရှိတယ်၊ အခြေခံ လုပ်သား မိမိအစီစဉ်နဲ့ သွားမယ့်သူတွေကျတော့ အဲ့လို တွေ မရှိတော့ သူတို့ကို တာဝန်ယူပေးနိုင်မယ့် လိုင်စင်ရပြည်ပအကျိုးဆောင်အေဂျင်စီ တစ်ခုခုနဲ့ ချိတ်ဆက်ပြီးမှ သာ OWIC ကတ် လျှောက်ခွင့်ပေးပြီး ထုတ်ပေးတာပါ""လို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နယ်စပ်နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တရားမဝင်ရွှေ့ပြောင်းသွားရောက်သူတွေ များပြားတာကြောင့် ဖမ်းဆီး ပြစ်ဒဏ်ချခံရပြီး ပြန်လည်ပို့ဆောင်ခံရသူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ပြည်ပအလုပ်သမားသက်သေခံကတ် OWIC  ကို အေဂျင်စီအစီစဉ်ဖြင့် လျှောက်ထားမှု ကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာန မြောက်ဒဂုံ ပင်လုံခန်းမ မှာ လုပ်ဆောင်ပေးနေပြီး ကျွမ်းကျင်လုပ်သား ၊အဆင့်မြင့်လုပ်သားနဲ့ ခွင့်ပြန်လာသူတို့ကိုတော့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစု မရမ်းကုန်းမြို့နယ် ၈မိုင်ရုံး မှာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026