NEWS

၂၀၂၂ နှစ်ဆန်းပိုင်းကို ထိုင်း MOU လုပ်သားများ တရားဝင် ခွင့်ပြုချိန်ကို မျှော်လင့်နေ

CoverLogo
996 Views

MOU စနစ်နဲ့ လာမယ့် ဒီဇင်ဘာလ အတွင်း ရွှေ့ပြောင်းလုပ်သား ၈၀၀၀၀ ခန့်ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေပေမယ့်  မြန်မာနိုင်ငံအလုပ်သမားညွှန်ကြား ဦးစီးဌာနက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို ညွှန်ကြားထားမှုတစုံတရာ လက်ရှိအချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။

"သွားဖို့လာဖို့က ငွေကြေး မရှိဘူးလေ အဆင်မပြေဘူး သွားဖို့အတွက်ကိုတော့ ရှိတာလေးတွေ ဟိုမှာပေါင် ဒီမှာပေါင်နဲ့ အဆင်သင့်ဖြစ်အောင်တော့ လုပ်ထားရတယ်ပေါ့ ခုက ထိုင်းမှာ အဖမ်းအဆီးတွေ များနေတယ်ဆိုတော့ ဆိုတော့ သွားမရဲဘူး "လို့ ကရင်ပြည်နယ် ဖါးအံမြို့ နေ  ရွှေ့ပြောင်းအလုပ်လုပ်လိုသူတဉီးက ပြောပါတယ်။

လက်ရှိမှာပြည်ပကို တရား ဝင်သွားရောက် အလုပ် လုပ်ပိုင်ခွင့်အတွက်  ပြည်နယ် အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ညွန်ကြားချက် တစုံတရာ မရှိသေးဘူးလို့ ကရင် ပြည်နယ် အလုပ်သမားညွန်ကြားရေးဦးစီဌာနတာဝန်ရှိသူထံက သိရပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်သွားရောက် အလုပ် လုပ်ကိုင်နိုင်ဖို့ လတ်တလောရပ်ဆိုင်ထားပေမယ့် MOU အေဂျင်စီတွေအနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ် နှစ်အစပိုင်းလောက်ကို တရားဝင်သွားရောက်ခွင့်  မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ပြည်တွင်း အေဂျင်စီ (၁၀၀)ကျော်က စေလွှတ်မယ့် MOU ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀ က ၂၀၂၀ ကိုဗစ်ကာလ အစောပိုင်းကနေ ယနေ့ထိ ထွက်ခွာခွင့်မရသေးတာဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း
Jan 09, 2026
Cover
COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး
Jan 09, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
၂၀၂၆ ခုနှစ်တွင် အများပြည်သူ အလုပ်ပိတ်ရက် ၃၂ ရက် ရှိမည်
Dec 29, 2025