NEWS

၂၀၂၀ မှာ အခြေခံလုပ်ခ ဒေါ်လာ ၁၆၀ ဝန်းကျင်ရှိပြီး၊ ၂၀၂၄ မှာ အခြေခံလုပ်ခလစာဒေါ်လာ ၄၀ ကျော်သာရရှိနေ

CoverLogo
1.2K Views

၂၀၂၀ ပြည့်နှစ်မှာ အလုပ်သမားတစ်ယောက်ရဲ့လစာဟာဒေါ်လာ ၁၆၀ ရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ ခုနှစ်မှာ‌တော့ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံလုပ်ခလစာဟာ ဒေါ်လာ ၄၀ ကျော်သာရရှိတော့တာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့လုပ်ခ လစာဟာ   ဒေါ်လာဈေးအရမြင့်တက်လာခြင်းမရှိတဲ့အပြင် အလုပ်သမားတစ်ယောက်ရဲ့ အခြေခံလုပ်ခလစာဟာ ဒေါ်လာ ၄၀ ကျော်အထိ ကျဆင်းလာနေတာကိုတွေ့ရပါတယ်။ 

"၂၀၂၀ ခုနှစ်လောက်တုန်းက တစ်ဒေါ်လာကို ၁၄၀၀ ပတ်ချာလည်။ အလုပ်သမားတစ်ယောက်ရဲ့လစာက ၄၈၀၀ အချိန်ပိုနဲ့ရက်မှန်ကြေးဘာညာ ထားပါတော့ တစ်လနှစ်သိန်းဆိုရင် ဒေါ်လာနဲ့ဆို ဒေါ်လာ ၁၆၀ လောက်ရတယ်။ တစ်နေ့လုပ်ခဆိုရင် ၃ ဒေါ်လာကျော်ပေါ့။ ခုအာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းရော ရွှေရောဒေါ်လာရော အကုန်တက်လာတာ၊  ခု၂၀၂၄ မှာ တစ်ဒေါ်လာကို ၄၈၀၀ ဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်သမားတစ်ယောက်ရဲ့ လုပ်လစာက တစ်နေ့ကိုတစ်ဒေါ်လာလောက်ပဲရနေတယ်။ တစ်လလုံးဆိုရင် ဒေါ်လာ ၄၀ ကျော်လောက်ပဲရတယ်။ လုပ်လစာက မတိုးလာဘူး အရင်သတ်မှတ်ထားတဲ့ ၄၈၀၀ ပဲဆိုတော့ ကုန်ဈေးနှုန်းတွေမြင့်တက်လာပေမဲ့ အလုပ်သမားတစ်ယောက်ရဲ့လစာကတော့ ပိုပိုနည်းလာတာ တက်မလာဘူး။ ဘယ်လိုတွေများဒီအလုပ်သမားတွေက ဖူလုံမလဲလုံလောက်တော့မလဲ  ဘ၀တွေကိုစာနာစေချင်ပါတယ်"လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စက်ရုံအလုပ်ရုံအလုပ်သမားတွေဖြစ်တဲ့ အထည်ချုပ်နှင့် CMP လုပ်သားများ အနည်းဆုံးလုပ်ခလစာကို ၂၀၁၈ ခုနှစ်ကတည်းက သတ်မှတ်ပြဌာန်းထားတဲ့ တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင်တည်းကိုသာထပ်ပေါင်းပေးဖို့ အာဏာသိမ်းစစ်ကောင်စီက သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။  

အဆိုပါအနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ဖြစ်တဲ့ တစ်နေ့လုပ်ခ အခကြေးငွေဟာ  ၂၀၁၈ ခုနှစ် နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မူတည် တွက်ချက်ထားခြင်းဖြစ်ပြီး နှစ်,နှစ်တစ်ကြိမ် ပြင်ဆင်တိုးမြင့်သတ်မှတ်ပေးရန် ဆုံးဖြတ်ထားခဲ့တာဖြစ်ပေမဲ့  ၂၀၂၀ ခုနှစ်မှာပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့သလို  ၂၀၂၂ ခုနှစ်များတွင်လည်း ပြင်ဆင်နိုင်ခဲ့တာမရှိတဲ့အပြင် ကိုဗစ်ရောဂါကြောင့်အလုပ်ကနေနားရတာတွေရှိတာကြောင့်ဆိုကာ လုပ်ငန်းရှင်တွေကလုပ်ခလစာတိုးမြှင့်ပေးဖို့ ငြင်းဆန်ခဲ့ကာ ၂၀၂၃ ခုနှစ်မှသာ ထောက်ပံ့ကြေးဟုဆိုကာ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။

"၂၀၁၈ ထဲက။ နှစ်,နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ကြေညာ ထားပြီးသားပါ၊ အဲ့ဒါကို ကိုဗစ်ကြောင့်ရော  နိုင်ငံရေးအခြေအနေတွေကြောင့်ရောဆိုပြီး  သတ် မှတ်နိုင်ခြင်းမရှိဘူး။ အနည်းဆုံးအခကြေးငွေစပြီး သတ်မှတ်ခဲ့တဲ့ ၂၀၁၈ တုန်းက နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်သတ်မှတ်တာ။  အခုလည်း လက်ရှိငွေလဲနှုန်းနဲ့ တွက်ချက်သတ်မှတ်ပေးရမှာခုကထောက်ပံ့ကြေးတဲ့ လမ်းဘေးကကလေးကိုပေးတဲ့နှုန်းပဲရှိတာ သနားလို့ပေးတဲ့ပုံအဆင်မပြေနိုင်ဘူး။" လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ် ဦးကဆိုပါတယ်။ 

လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်မားလာခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ရွှေဈေး ဆန်းဈေးနဲ့စားသုံးဆီအပြင် အခြေခံစားသောက်ကုန်လူသုံးကုန်ပစ္စည်းများအကုန်မြင့် တက်လာတဲ့အတွက် အနည်းဆုံးအခကြေးငွေတိုးမြင့်ရမဲ့အစား ထောက်ပံ့ကြေးအဖြစ်  ၁၀၀၀ ကျပ် တိုးမြှင့်ပေးသည်မှာ ဝေဖန်သုံးသပ်စရာဖြစ်နေတာဖြစ်ပါတယ်။ 

CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သ မားများ အောက်တိုဘာလ ၁ ရက်မှစပြီး  အနည်းဆုံးအခကြေးငွေကို မူလ သတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ပေါ် အပိုထောက် ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ၅၈၀၀ ကျပ် ခံစားခွင့်ပြုလိုက်တယ်လို့ကြေညာခဲ့ပေမဲ့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ခေတ်နဲ့လျော်ညီမှုအရ လက်ရှိဒေါ်လာဈေးအပေါ်အခြေခံကာ တစ်နေ့လုပ်ခကိုအနည်းဆုံးကျပ် ၁၀၀၀၀ နဲ့အထက်သတ်မှတ်ပေးသင့်တယ်လို့ သုံးသပ်ပြောဆိုနေကြတာရှိသလို အခြေခံလုပ်ခ တိုးမြှင့်သတ်မှတ်ပေးဖို့ အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေဟာလည်း ဆက်တိုက်ရှိနေတာပဲဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026