NEWS

၁၁ လကျော်ကြာ နေ့စားအဖြစ်ခိုင်းစေခံရပြီး ဥပဒေပါ အကျိုးခံစားခွင့်များလည်းဆုံးရှုံးနေတယ်လို့ ဆို

CoverLogo
975 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြရတနာလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် 
Yangon Art Materials Incorporation Limited မှာ အလုပ်သမား ၃၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပေမယ့် အလုပ်သမားတွေကို ၁၁ လကျော်သည်အထိ နေ့စားအဖြစ်သာ ခိုင်းစေနေပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

အဆိုပါ ပန်းချီဘောင်တွေထုတ်လုပ်တဲ့လုပ်ငန်းမှာ နေ့စားလုပ်သားအဖြစ်သာ ခိုင်းစေပြီး စနေနေ့ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိကို ၄၈၀၀ ကျပ်သာပေးချေပြီး အချိန်ပိုကြေးပေးချေခြင်းမရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ခွင့် ဆေးခွင့် ရှောင်တခင်တွေနဲ့ မရရှိဘဲ တရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေး အပါစုစုပေါင်း ၁၄၈၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"နေထိုင်မကောင်းလို့ ရက်ပျက်ပြီဆိုရင် တခါတည်းတန်းထုတ်ပစ်တယ် အလုပ်ခွင်ထဲမှာလဲ တဖက်သတ်စည်းကမ်းချက်တွေချတယ် အလုပ်သမားက ဘာမှ ပြောပိုင်ခွင့်မရှိဘူး မတရားတဲ့စည်းကမ်းချက်တွေပါတော့ တခုခုအဆင်မပြေလို့ ပြောရင် သတိပေးတာတောင်မရှိဘဲ ဝမ်တိမ်ထိုးခိုင်းတယ်"လို့ အလုပ်သမားတစ်ယောက်ကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားခေါင်းဆောင်နဲ့ ကြီးကြပ်သူ အပါ စာရေးမ စတာတွေကို ပြန်လည်ပြောဆိုပါက အလုပ်မှ ထုတ်ပစ်တာ နဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်လေ့ရှိတယ်လို့ လည်း အဆိုပါ စက်ရုံ အလုပ်သမားတွေက ပြောဆိုပါတယ်။

လက်ရှိမှာ အလုပ်သမား ၃၀၀ ကျော်ကို နေ့စားခန့်အပ်ထားပေမယ့် လူမှုဖူလုံရေးကြေးထည့်ဝင်သည့် စာတွင် လစာဟုရေးသားထားပြီး ဖူလုံရေးကတ်များလည်း မရရှိဘူးလို့ ဆိုပါတယ်။

"စစ်ဆေးရေးတွေလာလို့ရှိရင် လစားသမားတွေလို့ ဖြေခိုင်းတယ် သူတို့ခိုင်းတဲ့အတိုင်း မပြောရင် အလုပ်က ထုတ်ခံရမယ် ပြောလိုက်ရင်လည်း ကိုယ့်အခွင့်အရေးပဲ ဆုံးရှုံးမယ် အခုအခြေအနေမှာ အလုပ်သမားတွေရဲ့အခြေအနေက အရမ်းဆိုးရွားနေတယ်" လို့ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာဥပဒေမဲ့ အလုပ်ထုတ်တာတွေရှိနေပြီး အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်တွေလည်း ခံစားခွင့်မရတာကြောင့် ရရှိလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"၃ လကျော်ပြီးတဲ့ အလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးဖို့နဲ့ လုပ်ငန်းခွင်ထဲမှာ ဖိအားပေးတာတွေ လျော့နည်းစေချင်တယ်"လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026