NEWS

၁၁၀ ကြိမ်မြောက် ILO ညီလာခံသို့ စစ်ကောင်စီ ကိုယ်စားပြုအနေဖြင့် မည်သူမျှတက်ရောက်ခွင့်မရ၊ CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် ITUC ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေး

CoverLogo
1.6K Views

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ၏ ၁၁၀ ကြိမ်မြောက် ညီလာခံကို ၂၀၂၂ ခုနှစ် မေလ (၃၀)ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ကျင်းပလျက်ရှိပါတယ်။ ယင်းညီလာခံကို မြန်မာနိုင်ငံမှ စစ်ကောင်စီကိုယ်စားပြုအဖြစ် မည်သူမျှတက်ရောက်ခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။

CTUM ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် (ဥက္ကဋ္ဌ - မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်) သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC ၏ ကိုယ်စားလှယ်အဖြစ် ILO ညီလာခံသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဆွေးနွေးမှုတွင် ITUC ကိုယ်စားပြု၍ ပါ၀င်ဆွေးနွေးခဲ့တယ်လို့  CTUM ၏ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းကဲ့သို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံရှိ စစ်အုပ်စု၏ ချိုးဖောက်မှုများနှင့် အကြမ်းဖက် ကောင်စီအား အရေးယူအပြစ်ပေးရန် ဆွေးနွေးတင်ပြမှုများကို လည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယနေ့ ဇွန်လ (၁) ရက်နေ့တွင် ILO ညီလာခံ၏ အရေးကြီးသည့် အမြဲတမ်း ကော်မတီဖြစ်သည့် “စံနှုန်းများ ကျင့်သုံးရေးကော်မတီ” တွင် “မြန်မာနိုင်ငံသည် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ILO ပြဌာန်းချက်အမှတ် (၈၇) အား ချိုးဖောက်နေမှု ကိစ္စ’’ ကို ယနေ့ မြန်မာစံတော်ချိန် (၃း၃၀) မှ (၅းဝဝ) အထိ ဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။

မြန်မာနိုင်ငံမှ ILO ပြဌာန်းချက်အမှတ် (87) ချိုးဖောက်မှုသည် ILO ၏ ပြဌာန်းချက်များနှင့် အကြံပြုချက်များဆိုင်ရာ ကျွမ်းကျင်သူများ ကော်မတီ ၏ အစီရင်ခံစာတွင် ပြင်းထန်သည့် ချိုးဖောက်မှုအဖြစ် ခရေပွင့် (၂) ပွင့် ပြခြင်း ခံရတယ်လို့ ဆိုပါတယ်။

CTUM နှင့် ITUC အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်များက စစ်အုပ်စုကို အစိုးရ ဟုမသုံးနှုန်းရန် အပြင်းအထန်ကန့်ကွက်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG  အား မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် တင်ပြထားပြီး  ILO အနေဖြင့် အစိုးရအား အသိအမှတ်မပြုရသေးသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များလည်း နိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် မရဘူးလို့လည်းသိရပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026