ARTICLE

၀င်ငွေနည်း မိသားစုတွေ အခက်တွေ့ရတဲ့ ကုန်ဈေးနှုန်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
31 Views
 
နိုဝင်ဘာလလယ်အတွင်း တစ်ပတ်တာ ကုန်ဈေးနှုန်းအခြေအနေကတော့ ရွှေဈေး‌ယခင်တစ်ပတ်ကြာထက် ဈေးအနည်းငယ်တက်လာကာ ဒေါ်လာဈေးနဲ့ကုန်ဈေးနှုန်းတွေသိပ်ပြီးအပြောင်းအလဲရှိမနေပါဘူး။
ဒါကြောင့် နိုဝင်ဘာ ၈ ရက်က စလို့ ယနေ့ နိုဝင်ဘာ၁၄ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး နှိုင်းယှဥ် ဖော်ပြလိုက်ပါတယ်။
 
ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၅၈၅ကျပ် ၊ ၉၅ တစ်လီတာ ၂၆၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၄၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၈၅ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ နိုဝင်ဘာ၁၃ ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၆၁၀ကျပ်၊ ၉၅ တစ်လီတာ ၂၆၈၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၁၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၄၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၂၅ကျပ်နှုန်း‌ ဈေးကျလာကာ နဲ့ ဒီဇယ်ဈေးက တော့ ၄၅ ကျပ်နှုန်းနဲ့ဈေးတက်လာတာပါ။
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၈၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ငွေကျပ်၁သောင်းနှုန်းဈေးပိုလာလို့ ပြင်ပရွှေဈေးကတော့အရင်တစ်ပတ်ဈေးထက်ကိုပိုတက်လာပါတယ်။
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ဈေးပိုလာသလို ပြင်ပပေါက်ဈေးမှာလည်း ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၈၅သိန်းပေါက်ဈေးမှာရှိလို့ ဒီဈေးဟာ အရင်တစ်ပတ်ထက်တော့ဈေးတက်လာတာပါ။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ဈေးအကျဘက်မှာပဲရှိနေကာ ကန် ၁ ဒေါ်လာကို ငွေကျပ် ၃၉၀၀ ပတ်ချာလည် ဝန်းကျင်မှာဈေးကွက်ဖြစ်နေခဲ့ကာအရင်တစ်ပတ်ထက်တော့ ဈေးကျလာပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ နိုဝင်ဘာ၁၄ရက်မှာ ရောင်းဈေး ၄၀၇၀ကျပ်၊ ဝယ်ဈေး ၃၉၈၀ ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၅ကျပ်ကျော်၊ ဝယ်ဈေး ၁၂၂ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၇၂ကျပ်၊ ဝယ်ဈေး ၅၅၈ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၆၀နဲ့ဝယ်ဈေး၂၅၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၆၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့ ၃၀၇၅ ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာက‌ ဈေးပြန်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကိုတော့ ယခုတစ်ပတ်ကြာမှာ အသင်းကထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာလည်း ယခင်တစ်ပတ်ကြာသတ်မှတ်ဈေးစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၄၁၀ ကျပ်သတ်မှတ်ပေးတဲ့အတွက် ဆီဈေးအကျဈေးနဲ့ပဲအသင်းရဲ့သတ်မှတ်ဈေးကိုအခြေခံပြီး ပြင်ပဈေးကွက်မှာလည်း တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေးနှုန်းတွေကတော့ ယခုလဟာ စပါးပေါ်ချိန်ကိုရောက်ရှိတဲ့အတွက် ကုန်သည်တွေက ဆန်ဈေးအကျကိုမျှော်လင့်ကြပေမယ့် ဆန်ဈေးမကျသလို စပါးဈေးဟာလည်း တင်း ၁၀၀ကို ငွေကျပ်၁၁သိန်းပေါက်ဈေးပဲရှိကာ ရွာတွေမှာ စပါးဝယ်ယူသူမရှိပဲဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဆန်ဈေးကပုံမှန်အတိုင်း ဈေးကွက်မှာ
ရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ ၁၄၀၀၀ ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး ၄၅၀ ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း ၅၀၀ ကျပ်ဖိုး အနည်းဆုံးဝယ်လို့ရနေကာ ၁၀ သားကို ငွေကျပ် ၁၂၀၀ နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး ၁၅၀၀ ကျပ် မှ အများဆုံး ၃၅၀၀ ကျပ်အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို ၆၀၀၀ ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို ၄၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်၊ သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် အထိဈေးရှိနေပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ပွင့်လင်းရာသီ အလှူအတန်းတွေရှိလာလို့ အသားဈေးတက်မှုတွေထဲပါလာကာ ယခင်တစ်ပိဿာကို ငွေကျပ် ၂၅၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ် ၃၀၀၀၀ ကနေ ၄၀၀၀၀ နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၃၅၀၀၀ ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၅၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
လူသုံးကုန်၊ အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊ အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲလာနေရကာဆေးဈေးတွေကတော့ ဈေးသက်သာမှုရှိမနေဘူးလို့သိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။
 

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၃-နိုဝင်ဘာ၉)
Nov 10, 2025
Cover
စပါးပေါ် ပဲပေါ် ပွင့်လင်းရာသီရောက်လာပေမယ့် ဆန်ဈေးငြိမ်ပြီး ရွှေ ဒေါ်လာဈေးကျနေ(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 07, 2025
Cover
ရွှေဈေးပြန်ကျပေမယ့် ဒေါ်လာဈေးအနည်းငယ်တက်၊ အခြေခံကုန်စည်တွေဈေးတက်ဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 03, 2025
Cover
ရွှေနဲ့ဒေါ်လာ ဈေးပြန်ကျ၊ စက်သုံးဆီ၊ စားသုံဆီနဲ့ကုန်ဈေးနှုန်းများအမြင့်ဈေးနဲ့ငြိမ်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 25, 2025
Cover
တပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (အောက်တိုဘာ၁၃-၁၉)
Oct 19, 2025
Cover
ရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 17, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၅-၁၂)
Oct 13, 2025
Cover
ဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 10, 2025