NEWS

ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
426 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာသတင်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ သတင်းအချက်အလက်တွေနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်တွင်းသတင်း အခြေအနေတွေကို အနှစ်ချုပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုတစ်ပတ်တာသတင်းတွေကို စုစည်းဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဩဂုတလ (၁၂) ရက်

-Sincere Season အထည်ချုပ်စက်ရုံက ကလေးအလုပ်သမားတွေကို အလုပ်ထုတ်ရာမှာ အလုပ်သမား အရာရှိကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
-ဟင်းသီးဟင်းရွက် ကုန်စိမ်းဈေးတက်နေပြီး ကန်စွန်းရွက်တစ်စီးကို (၁၀၀၀)ကျပ်ထိ ပေးဝယ်နေရပါတယ်။
-ထိုင်းနိုင်ငံမှာ သင်္ဘောကျင်းပေါက်ကွဲတာကြောင့် မြန်မာအလုပ်သမား (၂) ဦး သေဆုံးကာ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
-လုပ်ငန်းမှတ်ပုံတင်လက်မှတ် မရှိတဲ့အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်လို့ ကုန်သွယ်မှု ဦးစီးဌာနက အသိပေးစာ ထုတ်ပြန်ထားပါတယ်။
-Yangon Art Materials Incorporation စက်ရုံမှာ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေနေပါတယ်။
-ဆန်ဈေးတင်ရောင်းလို့ဆိုပြီး ဂျပန်နိုင်ငံသားကို ထောင်ဒဏ် (၁)နှစ်နဲ့ ငွေဒဏ် (၅) သိန်းကျပ် ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

ဩဂုတ်လ (၁၃) ရက်

-မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ယာယီပိတ်သိမ်းထားပါတယ်။
-နိုင်ငံကူးလက်မှတ်အတွက် လိုအပ်တဲ့ စာရွက်အထောက်အထားတွေ ပြုလုပ်ပေးမယ်ဆိုပြီး လိမ်လည်တာတွေ ရှိနေတယ်လို့ မြန်မာသံရုံး (ကွာလလမ်ပူ) က အသိပေးစာ ထုတ်ပြန်ထားပါတယ်။
-HERMITE အရုပ် အမွှေးပွစက်ရုံမှာ အလုပ်ပိတ်ရက်မပေးဘဲ (၈) နာရီနီးပါးနားချိန်မရဘဲ အချိန်ပိုတွေ ဆက်တိုက် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
-ဆန်ဈေးတင်ရောင်းလို့ အဖမ်းခံရတဲ့  ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းတွင်း ပြန်လည်လွတ်မြောက် လာပါတယ်။
-စက်သုံးဆီဈေးတက်လို့ ဘေးတွဲယာဉ်မောင်းတွေ ရပ်တည်ရေးအခက်တွေ့နေပါတယ်။
-မြင်းခြံမြို့ရှိ V – power နဲ့ Sembcorp သဘာဝဓာတ်ငွေ့စက်ရုံက စက်တွေအရေးပေါ်ရပ်တန့်သွားတဲ့အတွက် ရန်ကုန်မှာ ယာယီဓာတ်အား ပြတ်တောက်တာတွေ ရှိနေမယ်လို့ YESC က အသိပေးထားပါတယ်။
-အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ ထိုင်းရဲဖမ်းခံရမှာထက် မိခင်နိုင်ငံ ပြန်ပို့ခံရမှာကို ပိုစိုးရိမ်နေတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။
-ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို လုပ်ခလစာ (၂၅) ရာခိုင်နှုန်းပေးပို့ဖို့ ကုမ္ပဏီတွေကတစ်ဆင့် ဖိအားပေးခြိမ်းခြောက်နေပါတယ်။
-De Xin Myanmar Garment အထည်ချုပ်စက်ရုံကို ဌာနဆိုင်ရာက ဝင်ရောက်စစ်ဆေးပြီးနောက် အလုပ်သမား တစ်ချို့ အလုပ်ထုတ်ခံရပါတယ်။

ဩဂုတ်လ (၁၄) ရက်

-သင်္ဘောကျင်းပေါကွဲမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား (၂) ဦးအတွက် ဘတ်ငွေ (၈) သိန်းကျော် နစ်နာကြေး ရရှိခဲ့ပါတယ်။
-Myanmar San he စက်ရုံက ပြောင်းရွှေ့ခဲ့တဲ့ အလုပ်သမားတစ်ဦးကို တစ်ခြားလုပ်ငန်းကနေ အလုပ်ထုတ်ခိုင်းတာတွေ ရှိနေတယ်လို့ နစ်နာသူက ပြောပါတယ်။
-EWTOP LOTUS စက်ရုံအလုပ်သမားတွေ ထောက်ပံ့ကြေး (၁၀၀၀) ကျပ် ပေးရေး တောင်းဆိုထားပါတယ်။

ဩဂုတ်လ (၁၅) ရက်

-ပြည်ပမှာ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေ PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လျှောက်ထားဖို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
-စားဝတ်နေရေး အကြပ်အတည်းကြောင့် တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် သွားရောက်လုပ်ကိုင်သူတွေ များလာပါတယ်။
-Myanmar Haisheng Fashion Clothes (မြန်မာဟိုင်းရှိန်) စက်ရုံမှာ အချိန်ပိုတွေ အလွန်အကျွံ ခိုင်းစေနေ ပါတယ်။
-စာချုပ်ချုပ်ဆိုပြီး သတ်မှတ်ကာလအတွင်း စေလွှတ်မှုမရှိတဲ့ အေဂျင်စီတွေက အလုပ်သမားကို ငွေပြန်အမ်း ရမယ့်အပြင် ဝန်ကြီးဌာနကို ဒဏ်ကြေးအဖြစ် အလုပ်သမားတစ်ဦးကို လေးသိန်းကျပ် ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
-ဝါးတရာ VIP အားကစားပစ္စည်းစက်ရုံတွင် လုပ်ခလစာ တိုးပေးရေး တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
-ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ PJ နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူတွေ ရက်ချိန်းယူစရာ မလိုတော့ဘူးလို့ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
-News Plus စက်ရုံကို အလုပ်သမား အရာရှိတွေ စစ်ဆေးပြီးနောက်မှာလည်း ည (၉) နာရီထိ အချိန်ပိုတွေ ခေါ်ယူနေပါတယ်။
-Bontech Manufacturing Company Limited အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရပါ တယ်။

ဩဂုတ်လ (၁၆) ရက်

-စက်သုံးဆီ သတ်မှတ်ဈေး မြင့်တက်ပြီး ပြင်ပပေါက်ဈေးမှာ တစ်လီတာကို ကျပ် (၉၀၀၀) ထိ ပေးဝယ်နေရပါတယ်။
-ပွဲစားတွေဆီက လုပ်သားစုဆောင်းပါက လိုင်စင်ရအေဂျင်စီတွေ အရေးယူခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
-မြစ်ကြီးနားနဲ့ လာရှိုးတို့မှာ နိုင်ငံကူးလက်မှတ် ဘိုကင်တင်ထားသူတွေ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးရုံးတွေမှာ တောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
-အိမ်သုံးဂတ်စ် (LPG) ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။
-Citizens Pay ဝန်ထမ်းတစ်ရာကျော အလုပ်က ရပ်နားခံရပြီး နောက်ဆုံးလစာကိုတောင် အပြည့်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
-ပြည်တွင်းမှာ အလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေက စာရွက်ပေါ်မှာပဲ ရှိနေပါတယ်။ ဒီအခြေ အနေမှာ အလုပ်သမားတွေပါ ဥပဒေပါ အခွင့်အရေးတွေကိုတောင် အပြည့်အဝ မရတော့ပါဘူး။ “အလုပ်သမား တွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ”ဆောင်းပါးမှာတော့ အလုပ်သမားတွေ ခံစားနေရတဲ့ဘဝတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
-Donglong (pathein) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ သဘောဆန္ဒမပါဘဲ အချိန်ပိုတွေ အတင်းအကြပ် ခေါ်ယူနေပါတယ်။

ဩဂုတ်လ (၁၇) ရက်

-ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား (၇၀၀) ကျော် လုပ်ခလစာ မရလို့ ဆန္ဒပြနေပါတယ်။
-မတရား အလုပ်ထုတ်ခံရတာကြောင့် အလုပ်သမားတစ်ဦးက  Ooredoo Myanmar ကို တရားစွဲဆိုထားပါတယ်။

ဩဂုတ် (၁၈) ရက်

-စစ်ရှောင်ပြည်သူတွေကို အိမ်ဌားခ၊ အဆောင်ဌားရမ်းခ ဈေးနှုန်းတွေ လျော့ဌားရမ်းပေးဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းထားပါတယ်။
-မြန်မာဟာယွဲ့အထည်ချုပ် (Myanmar HUAYUE)  မှာ အချိန်ပိုတွေ အလွန်အကျွံဆင်းခိုင်းနေပြီး လုပ်ငန်းခွင်တွင်း ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
-စက်သုံးဆီ ပြတ်လပ်မှု ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီးကို ထိခိုက်လာပါတယ်။
-ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု၊ စားသုံးဆီ ဈေးနှုန်းကြီးမြင့်လို့ တန်းစီးဝယ်ယူနေရမှုတွေအပေါ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အကြောင်း အတွေးအမြင်ဆောင်းပါးကို ဆီ..ဆီ ၊ကုန်ဈေးနှုန်း၊ကျပ်တထောင် ဆိုတဲ့သတင်းဆောင်းပါး  ဖော်ပြခဲ့ပါတယ်။

အခုဖော်ပြခဲ့တဲ့တပတ်တာသတင်းအနှစ်ချုပ်ကို မမ က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026