NEWS

ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
2.5K Views

စစ်အာဏာသိမ်းကာလ  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ သြဂုတ် ၁၉ ရက်ကနေသြဂုတ်၂၅ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ သြဂုတ် ၁၉ ရက်နေ့ကနေသြဂုတ် ၂၂ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၉၉၀ ကျပ်၊ ၉၅ တစ်လီတာ ၃၁၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၂၀ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ  ၃၂၁၀
ကျပ်ဖြစ်ပြီး သြဂုတ် ၂၃ ရက်နေ့မှာတော့ ၉၂ တစ်လီတာ ၂၉၇၅ ကျပ်၊ ၉၅ တစ်လီတာ  ၃၁၁၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၃၂၀၀ ကျပ်ဖြစ်ပြီး သြဂုတ်၂၅ရက်နေ့အထိ  အဆိုပါ ဈေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လာခဲ့တာကြောင့် ဆီရရှိဖို့ အချိန်ကြာမြင့်စွာ  တန်းစီ၀ယ်ယူရတာတွေလည်းရှိခဲ့သလို အချို့သောဆီဆိုင်တွေမှာ  စက်သုံးဆီရောင်းချမှုပိတ်ထားတာတွေအထိရှိခဲ့ပြီး ပြင်ပပေါက်စျေးမှာ ၉၂ နဲ့  ၉၅ တစ်လီတာလျှင် ကျပ် ၈၀၀၀ အထိစျေးမြင့်တက်ခဲ့သလို စျေးကြီးပေးဝယ်ယူရာမှာပင် ရှားပါးတာကြောင့် ဝယ်ရခက်ခဲမှုတွေရှိခဲ့ပါတယ်။ 

ဆီဆိုင်တွေက ရောင်းချပေးရာမှာ   ၉၅ ဆီတစ်မျိုးတည်းရောင်းချမှုတွေရှိသလို  အချို့သောဆီဆိုင်တွေမှာလည်း ၉၂ ဆီတစ်မျိုးတည်းကိုသာရောင်းချမှုတွေရှိနေခဲ့တာဖြစ်ပြီး  ဆီရရှိဖို့ညအိပ်တန်းစီရတာတွေအထိ ရှိခဲ့ပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  သြဂုတ် ၁၉ ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၄၈၈  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ၄၈ သိန်း ၇ သောင်းကျော် ဖြစ်ခဲ့ပြီး ဩဂုတ်၂၁ရက်နဲ့မှာတော့ ၄၉သိန်းကျော် သတ်မှတ်ထားပြီး သြဂုတ်၂၃ရက်မှာတော့ ၄၈သိန်း၈သောင်းကျော်ဖြစ်ကာ ဩဂုတ်၂၅ရက်အထိ  အဆိုပါစျေးအတိုင်း ၄၈သိန်း၈ သောင်း​ကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့သြဂုတ် ၁၉ ရက်နေ့ရဲ့ ပြည်တွင်းအခေါက်ရွှေဈေး ၇၇ သိန်း၊ ဩဂုတ် ၂၀ရက်မှာ ၇၆သိန်း၊ ၂၁ ရက်နေ့မှာတော့၇၆သိန်း၊ ၂၂ရက်နဲ့၂၃ရက်နေ့ ၇၄သိန်း၊ သြဂုတ် ၂၄ ရက်နဲ့၂၅ရက်နေ့ ၇၅သိန်း   ဖြစ်လို့  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် စံချိန်တင်လာခဲ့ သလို တစ်ကျပ်သားလျှင် သိန်း ၈၀ အထိပါ  မြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။  
 
ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ သြဂုတ် ၁၉ ရက်မှာ ၆၃၀၀ ၀န်းကျင်ဖြစ်ပြီး သြဂုတ် ၂၀ရက်မှာ ၆၁၀၀ ဖြစ်ကာ ဩဂုတ် ၂၁ရက်ရက်နေ့မှာ ၅၉၀၀ ၀န်းကျင်ကျပ် ဖြစ်ပြီး ၂၂ရက်မှာ ၆၁၀၀ ပြန်ဖြစ်ကာ ဩဂုတ် ၂၃ရက်မှ၂၅ရက်အထိ ၅၉၀၀ ဝန်းကျင်ဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင်  ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်ကနေ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ သြဂုတ် ၁၉ရက်မှ ဩဂုတ် (၂၅) ရက် အထိ ရောင်းချရမယ့်  ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး ၆၁၇၀ ကျပ်ဖြစ်လို့  ပြီးခဲ့တဲ့တစ်ပတ်ရဲ့သတ်မှတ်စျေး(၅၉၄၅) ကျပ်နှင့် နှိုင်းယှဉ်လျှင် (၂၂၅) ကျပ် မြင့်တက်ခြင်းဖြစ်သလို  ပြင်ပစျေးကွက်တွင်လည်း  တစ်ပိဿာ ၁၆၀၀၀  ကျပ်ကနေ ၁၇၀၀၀ မှ ၂၀၀၀၀ ကျပ် အထိ မြင့်တက်လာတာဖြစ်ပါတယ်။

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာ လျှင် ၁၆၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းကတော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်တစ်ပြည် ၆၀၀၀ အထက်ပေးစားမှသာ စားလို့ဖြစ်တဲ့အနေအထားတစ်ခုရကာ ၆၀၀၀ အောက်ဈေးသက်သာတဲ့ဆန်ကို၀ယ်ယူပါက စားမဖြစ်လောက်တဲ့အထိဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၄၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ နဲ့အထက်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅၀၀၀ ကျပ်နဲ့အထက်   ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊  သခွားသီး ၃၀၀ မြ ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ မှ၅၀၀ကျပ်၊  ဘဲဥတစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသား၊ ၀က်သား နဲ့ ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၀၀၀ အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၅၀၀ ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပြီး စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးကျပ်၂၀၀၀ သာတိုးပေးထားတာကြောင့် နေ့စဉ်လုပ်ခ ၆၈၀၀ကျပ်ဖြစ်လာပါတယ်။  

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာဟာ တစ်နေ့ ၆၈၀၀ ကျပ်နဲ့ လုံလောက်မရှိသေးလို့ ဒီလိုထောက်ပံ့ကြေးအဖြစ်တိုးပေးတာဟာ အလုပ်သမားတွေအတွက်တော့   အဖြေမဟုတ်ဘူးလို့ပြောဆိုနေကြပါတယ်။  

၂၀၂၀ ခုနှစ်က အခြေခံလစာ ၂ သိန်းကျပ် ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့ လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားဖြစ်တာကြောင့် ယခင်ထက် ၄ ဆ ပိုမိုကျပ်တည်းသွားပြီဖြစ်ပါတယ်။

သြဂုတ်လစတုတ္ထတစ်ပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026