NEWS

ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံများတွင် ဥပဒေထက်ကျော်လွန်ပြီး OT ခေါ်ယူမူများရှိနေ

CoverLogo
1K Views

ဧရာဝတီတိုင်းကအထည်ချုပ်စက်ရုံ အချို့ဟာ မေလထဲမှာ ဥပဒေထက်ကျော်လွန်ပြီး otတွေခေါ်ယူခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့ရှိ Myanmar of HuaMeng အထည်ချုပ်စက်ရုံတွင် တနဂ်နွေနေ့ OT တွေကို ဥပဒေထက်ကျော်လွန်ပြီး တစ်လလုံးခေါ်ယူနေတယ်လို့သိရပါတယ်။

" Ot ခေါ်တယ် အလုပ်သမား ဆန္ဒမကောက်ယူဘူး၊ ဖန်နရှင် စူပါဆိုပိုဆိုးတယ် အတင်းအကြပ်ဖိအားပေးဆင်းခိုင်းတယ် ဆင်းကိုဆင်းရမယ်ဆိုတဲ့အမိန့်ပေးတယ် ၊ မေလထဲမှာတနလာ်နေ့ကနေ သောကြာနေ့အထိ ည ၇နာရီထိဆင်းရတာရှိတယ် ည ၈နာရီထိဆင်းရတာရှိတယ် တနဂ်နွေနေ့က မနက် ၇ခွဲကနေ ညနေ ၄နာရီ လိုအပ်ရင် ၆နာရီထိဆင်းရတယ်၊ စနေနေ့ဆို၆နာရီထိဆင်းရတာများတယ် လစာထုတ်ရက်တောင် ၅နာရီထိဆင်းရတယ်၊ ညဘတ် ot အပြီး အလုပ်ပြန်ချိန် စက်ရုံ တံခါးမကြီးဖွင့်မပေးဘူး ဧည့်တွေ့ပေါက် သေးသေးလေးကနေတိုးကြိတ်ပြန်ရတာ ကိုယ်ဝန်သည်တွေဆို တော်တော်ခတ်ခတ်ခဲခဲထွက်ရတာတွေ့မြင်ရတယ်၊လုပ်ငန်းခွင် ထဲမှာဆိုရင် အလုပ်သမားဆန္ဒမပါဘဲ ပုဂ္ဂိုလ်ရေးအရ ခွဲခြားဆက်ဆံပြီး လိုင်းချိန်းတာတွေ၊စူပါတွေရဲ့ ဆဲဆိုတာတွေ စောက်နဲ့နှိုင်းတာတွေ နေ့စဥ်နဲ့အမျှပဲ တရုတ်လူမျိုးတွေဆို မြန်မာအလုပ်သမားတွေကို -သယ်မ လို့ဆဲတယ်၊ ကိုယ်ထိလက်ရောက် ပြုမူတာတွေ ရှိတယ် ၊ စက်ချုပ်စူပါ အေးလေး ဆို ဝန်ထမ်းမျက်နှာကို စကားပြောစက်နဲ့ ပြစ်ပေါက်တယ် ဝန်ထမ်းကရှောင်လိုက်တော့ လက်ပဲထိသွားတာမြင်လိုက်တယ် ဘယ်သူမှလဲ မပြောရဲ​ကြ​ဘူး အလုပ်ထုတ်ခံရမှာကြောက်လို့ ခုချိန်က အလုပ်အကိုင်ရှားပါးပြီး ကုန်စျေးနှုန်းတွေကြီးမြင့်နေတော့ ငြိမ်ခံနေရတယ်"လို့  အဆိုပါ စက်ရုံ မှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ လူဦးရေ လူဦးရေ နှစ်ထောင်ဝန်းကျင်နဲ့ House brand ,ZU brand, Sin Say brand တွေချုပ်လုပ်နေတာဖြစ်ပါတယ်။

"otဆင်းလို့ရတဲ့ လုပ်ခနဲ့ အပြန် တက်စီခနဲ့အိတ်ထဲကတောင်စိုက်ရတယ်၊ ညီမတို့သိတဲ့ဥပဒေအရ လုပ်ငန်းလိုအပ်ချက်ရှိလို့  တနဂ်နွေနေ့ ot ခေါ်ယူလိုရင် အလုပ်သမား ဆန္ဒကောက်ယူရမယ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ၃ရက်ကြိုတင်အကြောင်းကြားရမယ် ၊ အနည်းဆုံး ၂၄နာရီ ကြိုတင်ပြီး နို့တစ်စာကို စက်ရုံ မြင်သာတဲ့နေရာမှာကပ်ထားရမယ်၊ တနဂ်နွေနေ့ အလုပ်လုပ်ရရင်  တနဂ်နွေနေ့ ရှေ့ ၃ရက် ဒါမှမဟုတ် နောက်၃ရက်  တစ်ရက်ရက်မှာ အစားထိုးတစ်ရက်ပြန်ပိတ်ပေးရမယ်၊ အလုပ်သမားကိုအလုပ်ပိတ်ရက်  တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် ၁၀ရက်ထက်ပိုပြီး အလုပ်မလုပ်စေရလို့ ညီမတို့သိထားတယ် ဒါကို စက်ရုံဘတ်က စည်းကြပ်ဌာနကိုစာမတင်ဘဲ otခေါ်တာလား စာတင်ပြီး ဥပဒေထက်ကျော်လွန်တာကို စည်းကြပ်ဌာနတွေက လက်ခံနေတာလား ဝေခွဲမရတော့ဘူး ၊ စည်းကြပ်ဌာနတွေက လာစစ်ရင်တော့ အကုန်ပြင်ဆင်ထားတယ် ပြီးရင် ပုံမှန် ချိုးဖောက်မူတွေရှိမြဲပဲ"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026