NEWS

ဧပြီ ၁၁ ရက်အထိ နောက်ဆက်တွဲငလျင်ငယ် တွေ လှုပ်ခတ်နိုင်ဟု ခန့်မှန်း

CoverLogo
440 Views
 
အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့(UDGS)ရဲ့ ဧပြီ ၄ ရက် နေ့ခန့်မှန်းချက်အရ လာမယ့် ဧပြီ ၁၁ ရက်အထိ နောက်ဆက်တွဲ ငလျင်ငယ် တွေ လှုပ်ခတ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၅ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး ရစ်ချ်တာစကေး ၇.၇ အင်အားရှိသော မြေငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်မှုကြီးမားပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများလည်း များပြားခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့အနီး ဖြစ်ပေါ်ခဲ့တဲ့ အဆိုပါ ငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် မြေလွှာ ရွေ့လျားမှု ဟာ အလျား ၄၆၀ ကီလိုမီတာနှင့် အကျယ် ၁၅ ကီလိုမီတာခန့်ရှိခဲ့ကြောင်း ခန့်မှန်းထားကြပါတယ်။
အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS) ခန့်မှန်းချက်အရ ဧပြီ ၁၁ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေတွေကတော့အင်အား ၃ နှင့် အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉ ရာခိုင်နှုန်း ရှိပြီး ၂ ကြိမ်မှ ၂၂ ကြိမ်ထိ ဖြစ်နိုင်ကြောင်း၊
အင်အား၄နှင့်အထက် ရှိတဲ့ နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉ရာခိုင်နှုန်းရှိပြီး ၂ကြိမ်မှ၂၂ကြိမ်ထိဖြစ်နိုင်ကြောင်း၊ အင်အား ၅ နှင့် အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၅၄ ရာခိုင်နှုန်းရှိပြီး ၀ ကြိမ် မှ ၄ ကြိမ် အထိ ဖြစ်နိုင်ကြောင်း၊ အင်အား ၆ နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၈ ရာခိုင်နှုန်းရှိပြီး ၀ ကြိမ် မှ ၁ ကြိမ်အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ အင်အား ၇ နှင့် အထက်ရှိ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၀.၇ ရာခိုင်နှုန်းနှင့် ၁ ရာခိုင်နှုန်းသာ အလားအလာရှိကြောင်း သိရှိရပါတယ်။
ယခင်လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ နဲ့ အထက်ရှိ မြေငလျင်ကြီးကတော့ လှုပ်ခတ်နိုင်ခြေ အလွန်နည်းတယ်လို့ ဆိုပါတယ်။
မတ်လ၂၈ ရက်နေ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နေ့စဉ်ငလျင်ငယ်တွေ လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့တာမှာဧပြီ ၅ရက် ည ၇နာရီ အထိ ၈၆ ကြိမ် အထိ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှငိ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ​့သိရပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025