NEWS

ဥပဒေမဲ့အလုပ်ထုတ်တာမလုပ်ဖို့နဲ့ကျန်းမာရေးထိခိုက်တဲ့အလုပ်ခွင်ကို ပြုပြင်ပေးဖို့အလုပ်သမားတွေလိုလားနေ

CoverLogo
362 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်-၃ ၊အမှတ် _၊ ဆိပ်ကမ်းသာလမ်း မှာဖွင့်လှစ်ထားတဲ့ Casico Garment Limited အထည်ချုပ်မှာ အလုပ်သမားတွေကိုဥပဒေမဲ့အလုပ်ထုတ်တာမလုပ်ဖို့နဲ့ကျန်းမာရေးထိခိုက်တဲ့အလုပ်ခွင်ကို ပြုပြင်ပေးဖို့အလုပ်သမားတွေဘက်ကတောင်းဆိုထားပါတယ်။
 
ကိုရီးယားနိုင်ငံသား ပိုင်ဆိုင်ပြီး musinsa standard တံဆိပ် ဝယ်လွန်အထည် တွေ ချုပ်လုပ်တဲ့ Casico Garment Limited မှာ အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ဇွန်လက အလုပ်သမားတွေ ဆန္ဒပြလုပ်ခလစာတိုးတောင်းမှု တွေ ပြုလုပ်ခဲ့ကြရာ အဲ့ဒီ့အထဲပါဝင်တဲ့ အစမ်းခန့်ကာလအလုပ်သမား တွေကို အလုပ်ရှင်ဘက်က ဥပဒေမဲ့အလုပ်ကထုတ်ပယ်လိုက်တာ ၊ အလုပ်သမားအားလုံး ဆန္ဒပြပြီးမှ လုပ်ငန်းခွင်ထဲ ကြီးကြပ်သူတွေကပိုပြီးဖိအားပေးလာတာ ၊ အငြိုးအတေးထားပြီး ဆက်ဆံခံနေရ တာတွေကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားပါတယ်။
 
အလုပ်တက်ချိန်မှာ နံနက် ၈ နာရီကနေ ညဘက် ၇ နာရီအမြဲတမ်း ပုံမှန်ဆင်းနေရတာ၊ အချိန်ပိုအိုတီကို ညဘက် ၉ နာရီမှ ညဘက်၁၂နာရီ အထ အချိန်ပိုအိုတီကို ဖိအားပေးဆင်းခိုင်းတာ ၊ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တွေမှာလည်း အချိန်ပိုအိုတီကို မဖြစ်မနေဆင်းခိုင်းတာ ၊အလုပ်ရှင်ခေါ်တဲ့ အချိန်ပိုအိုတီမဆင်းပါက ဆဲဆိုတာ အငြိုးအတေးထားတာ ၊ ခွဲခြားဆက်ဆံတာ တွေရှိနေတယ်လို့အလုပ်သမားတွေ ကပြောပါတယ်။
 
အလုပ်သမားသုံးအိမ်သာနဲ့ရေ မြောင်းကတစ်ဆက်ထဲဖြစ်နေပြီး အနံဆိုးထွက်နေတဲ့ အတွက် အသက်ရှုရတာ အဆင်မပြေဖြစ်နေသလို အိမ်သာနဲ့ထမင်းစားဆောင်က လည်းနီးကပ်နေခြင်းကြောင့် ထမင်းစားရတာ အဆင်မပြေဖြစ်ကာ ကျန်းမာရေးထိခိုက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။
 
ဒါ့အပြင် အလုပ်ခွင်ထဲခွင့်ရက်၊ ဆေးခွင့် ခံစားခွင့်တွေ မရရှိဘဲ အလုပ်ပျက်ပါက ရပိုခွင့်ဖြတ်တောက်မှုတွေရှိနေတာ နဲ့ အထည်စံချိန်ကြေးဖြတ်တာ၊ လုပ်ငန်းခွင်မှာအထက်လူကြီးဆဲဆိုတာတွေကိုလည်းကြုံတွေ့နေရတဲ့အတွက် ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
 
Casico Garment Limited အထည်ချုပ်ကအလုပ်သမားများတောင်းဆိုချက်တွေ အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ စူပါ၊ လီတာများမှ နားမခံနိုင်အောင် ဆဲဆိုပြီး စံချိန်များကိုတောင်းခံခြင်း မပြုလုပ်ရန်။
၄။ အလုပ်သမားများသုံးအိမ်သာနှင့် ရေမြောင်းကတစ်ဆက်ထဲမို့ အနံဆိုးများထွက်နေခြင်းကို အလုပ်ရှင် ဘက်မှပြုပြင်ဆောင်ရွက်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဥပဒေမဲ့အလုပ်ထုတ်ခြင်း မပြုလုပ်ရန်တို့ဖြစ်တယ်လို့ သိရှိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026