NEWS

ဥပဒေပါ ခွင့်ရက်တွေ မရရှိတဲ့အပြင် ကိုယ်ထိလက်ရောက်ပြုမူတာတွေ ကြုံရတယ်လို့အလုပ်သမားတွေပြော

CoverLogo
1.1K Views

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ၊အမှတ်၁၃ရပ်ကွက်ရှိ North Shore Group အထည်ချုပ်စက်ရုံတွင် 

ဥပဒေပါ ခွင့်ရက်တွေမရရှိတဲ့အပြင် ကိုယ်ထိလက်ရောက်ပြုမူနေမူများရှိနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

" နေမကောင်းဖြစ်လို့ ဥပဒေပါခွင့်ရက်တွေ တင်ရင် လိုင်းကြီးကြပ်ရေးမှူး စူပါတွေက ခွင့်မပေးချင်ဘူး

လူမူဖူလုံရေးဆေးခွင့်တင်ရင်လည်း အပြောအဆို အဆဲဆိုခံရတယ် ။အလုပ်လာပြီးမှ နေမကောင်းလို့၊အရေးကြီးကိစ္စရှိလို့ ဂိတ်ပတ်တောင်းရင်မပေးချင်ဘူး ။Super/Leaderတွေကလည်းအရမ်းဆဲတယ် ဆေးခန်းမှာဆိုရင်လဲ အရေးပေါ်ဆေးမရှိဘူး။

 သန့်ရှင်းရေးဝန်ထမ်းကိုလုံလုံလောက်လောက်မထားပဲ တခြားဌာနက ဝန်ထမ်းတွေကိုပါ အသင်းလိုက်သန့်ရှင်းရေးလုပ်ခိုင်းတယ် ။စက်ချုပ်ဌာနက တရုတ်အမျိုးသမီးဆိုရင် ဝန်ထမ်းတွေကို အော်တယ် စံချိန်မတရားတောင်းတယ် ပစ္စည်းတစ်ခုခုကိုပြရင် ခြေထောက်နဲ့ပြတယ် အခုတော့ ကျန်းမားရေးမကောင်းလို့ဆိုပြီး အဲ့တရုတ်မက တရုတ်ပြည်ပြန်သွားပြီ။အလုပ်ထွက်သွားတဲ့ဝန်ထမ်းတွေဆိုလဲ ဥပဒေပါရသင့်ရထိုက်တဲ့ လစာအတိုင်းတွက်ပြီးပြန်မပေးဘူး ဝန်ထမ်းကမသိဘူးဆိုပြီး မသိချင်ယောင်ဆောင်တယ်။"လို့ လုပ်ငန်းခွင်ထဲမှာကြုံတွေ့ရတဲ့အခြေအနေကို အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါစက်ရုံသည် ဝန်ထမ်း၆၀၀ ကျော်နှင့်လည်ပါတ်နေပြီး VAUDE, Schoffelတံဆိပ်ကို ချုပ်လုပ်နေတာဖြစ်ပါတယ်။

ယခုလို လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်မှုတွေကို စက်ရုံဘက်ကအရေးယူတာတွေ မရှိတဲ့အပြင် အလုပ်သမားရုံးတွေကို တိုင်ကြားဖို့ အခက်တွေ့နေရတယ်လို့လည်း အလုပ်သမားကပြောပါတယ်။

"စက်ချုပ်ဌာနက All Super ဒေါ်----ဆိုရင် ဝန်ထမ်းတွေကို အထည်တွေ၊ ချည်လုံးတွေ ၊ ကတ်ကြေးတွေနဲ့ ပစ်ပေါက်တာတွေလုပ်တယ် ထိမိတဲ့အလုပ်သမားတွေရှိဖူးတယ်။ လည်ပင်းညစ်တာတွေ လုပ်တယ် အမြဲဆဲပြီး တိရစ္ဆာန်နဲ့ နှိုင်းတာတွေလုပ်တယ်၊ စက်ချုပ် လိုင်း၄ လီဒါ ---- ဆိုရင် သူ့လိုင်းထဲက အလုပ်သမားတွေကို "ပါးတန်းစီချမယ်" "ဖာသယ်မတွေ"လို့ဆဲပြီး ကောင်မလေးတစ်ယောက်ကိုဆွဲဆောင့်တာတွေ့တယ်"လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။ 

လုပ်ငန်းခွင်ထဲကအလုပ်သမား အမျိုးသမီးတွေကို ကာယိန္ဒြေပျက်အောင် ပြောဆို ကျူးလွန်မှုတွေရှိနေပြီး အလုပ်သမားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သည်းခံလုပ်ကိုင်နေရပြီး အထက်ပါ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တာ၀န်ရှိသူတွေအနေနဲ့ဖြေရှင်းဆောင်ရွက်စေလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026