NEWS

ဥပဒေပါအလုပ်သမားအခွင့်အရေးဖြစ်သည့် ခွင့်ခံစားခွင့်များပေးရန်  HONE KONG ENTERPRIST ကြာဇံစက်ရုံအလုပ်သမားတွေတောင်းဆို

CoverLogo
625 Views

HONE KONG ENTERPRIST ကြာဇံစက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်က ခွင့်ခံစားခွင့်မရှိဘဲ လုပ်ကိုင်နေရပြီး လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်မှုတွေ၊ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ကျန်းမာရေးဆိုင်ရာ အစီအမံတွေ လုပ်ဆောင်ပေးထားဖို့ တောင်းဆိုချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ မင်းသိဒ္ဓိကျော်စွာ လမ်းမှာ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကြာဇံစက်ရုံလုပ်ငန်းက မြန်မာလူမျိုးပိုင်ဆိုင်တာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါအခွင့်အရေးတွေ ရရှိခြင်းမရှိလို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းရေးကိစ္စတွေ လုပ်ငန်းခွင် ဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်ဖို့ အလုပ်သမားသမဂ္ဂမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC လည်းဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"အလုပ်သမားတိုင်း ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့် ပိတ်ရက် အဲ့တာတွေခံစားခွင့်မရှိဘူး နေမကောင်းရင် လည်း ခွင့်မပေးလို့ တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၄၈၀၀ နဲ့ ရက်မှန်ကြေး ၁၀၀၀၀ ဖြတ်ခံရတယ် အချိန်ပိုကလည်းမဆင်းရတော့ ဒီဒေးကြေးကိုပဲအားထားနေရတာ တရက်ပျက်ရင်တောင် အများကြီးနစ်နာသွားတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းရပေမဲ့ ဖူလုံရေးဆိုင်ရာ ဆေးခွင့်လိုခံစားခွင့်မျိုး ရရှိခြင်းမရှိဘဲ လူမှုဖူလုံရေးကတ်လည်း မရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်နှစ်ချောင်း အဆစ်တွေ ဖြတ်တောက်လိုက်ရတဲ့အလုပ်သမားအနေနဲ့ အဆိုပါ လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်တွေမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

"အလုပ်လုပ်နေရင်း စက်နဲ့ထိသွားလို့ လက်နှစ်ချောင်းကို အဆစ် တစ်ဆစ်စီဖြတ်လိုက်ရတဲ့အလုပ်သမားကိုဆို အလုပ်ရှင်က တာဝန်ယူချင်စိတ်တောင်မရှိဘူး လူမှုဖူလုံရေးကြေးထည့်ထားတာတောင့် ခံစားခွင့်မရဘူး မသက်သာသေးဘဲ အလုပ်ပြန်ဆင်းခိုင်းတာကို အလုပ်သမားက ငြင်းတာတောင် ဖိအားပေးဆင်းခိုင်းတာ အလုပ်သမားတွေ အားလုံးအသိပါပဲ"လို့ လုပ်ငန်းခွင်ထဲကအ လုပ်သမားကပြောဆိုပါတယ်။

ယခုလို အလုပ်သမားတိုင်းရရှိခံစားခွင့်ရှိတဲ့ အလုပ်သမားဥပဒေပါ ခံစားခွင့်တွေကို အလုပ်သမားတွေရရှိခံစားခွင့်မရှိဘဲ ချိုးဖောက်ခံနေရတာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ ကလေးလုပ်သားတွေဖြစ်တဲ့ ၁၈ နှစ်အောက် လူရွယ်လုပ်သားတွေကိုလည်း အလုပ်ခိုင်းစေနေတာရှိပေမဲ့လည်း စစ်ဆေးရေးလာပါက ပုန်းအောင်းခိုင်းထားပြီး တာဝန်ယူခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါ ကြာဇံစက်ရုံလုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ အလုပ်သမားမျာခံစားခံခွင့်ရှိသော ခွင့်ရက်များနှင့် လူမှုဖူလုံရေးခွစားခွင့်များပေးရန် လုပ်ငန်းခွင်ထဲတွင်အလုပ်လုပ်ကိုင်နေရင် ထိခိုက်မှုတစ်စုံတစ်ရာရှိပါက အလုပ်ရှင်မှတာဝန်ယူဆောင်ရွက် ပေးရန် အလုပ်သမားများ ထမင်းစားနေရာကို အဆင်ပြေအောင် စီမံဆောင်ရွက်ပေးရန်အလုပ်သမားများအတွက် အိမ်သာများကိုသန့်ရှင်းစင်ကြယ်စွာဆောင်ရွက်ပေးရန်နှင့် ဖယ်ရီစီစဉ်ပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026