NEWS

အွန်လိုင်းမှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယားသို့ တရားမဝင်သွားမည့် မြန်မာ ၁၆ ဦး ထိုင်းတွင် အဖမ်းခံရ

CoverLogo
13 Views
 
အွန်လိုင်း( Facebook) ပေါ်မှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယား ကို တရားမဝင် သွားရောက် ဖို့ လုပ်ဆောင်တဲ့ မြန်မာလုပ်သား၁၆ဦးကို ထိုင်းနယ်စပ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေဟာ အွန်လိုင်းအလုပ်ခေါ်စာတခုတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် တလ ကို အမေရိကန်ဒေါ်လာ ၅၀၀ ရရှိမယ်လို့ တွေ့ရှိခဲ့သဖြင့် ဆက်သွယ်ခဲ့ ပြီး နောက် ထိုင်းအမျိုးသားတဦးနှင့် မြန်မာအမျိုးသားတဦးတို့က ၎င်းတို့ကို ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ပေးရန်အတွက် ကားတစီးဖြင့် နယ်စပ်သို့ ဇန်နဝါရီ၁၁ရက်မှာ လာရောက်ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
 
အဲ့ကနေတစ်ဆင့် ကမ္ဘောဒီးယား ဘက်သို့ ခြေလျှင် ဖြတ်ကျော်ရန် ဆာကဲအိုခရိုင် အတွင်း ဖြတ်သန်း၍ အုပ်စုလိုက် လမ်းလျှောက်နေချိန်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ် က တွေ့ရှိပြီး အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေကိုစစ်ဆေးမေးမြန်းရာမှာ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှဖြစ်ကြောင်း အွန်လိုင်းမှ အလုပ်ခေါ်စာတွေ့ပြီး ပွဲစားခ ဘတ်၁၂၀၀၀ ပေးခဲ့ ရပြီး ၎င်းတို့မှာ နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားစာရွက်စာတမ်း တွေမပါရှိကြောင်း သိရပါတယ်။
 
လက်ရှိတွင် ဖမ်းဆီးရမိသူ ၁၆ ဦးလုံး ကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ခလွန်နမ်ဆိုင်းရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
 
Ref-Khaosod

Related posts

Cover
Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ
Jan 12, 2026
Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ
Jan 11, 2026
Cover
Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ
Jan 11, 2026
Cover
ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်
Jan 11, 2026
Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026
Cover
၂၀၂၅ ခုနှစ်အတွင်း အငြင်းပွာ အမှု ၂၁ မှု အား အလုပ်သမားဝန်ကြီးဌာန ဖြေရှင်းမပေး
Jan 11, 2026