NEWS

အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
438 Views

ယခုတစ်ပတ်တာ အောက်တိုဘာ ၇ ရက်ကနေ ၁၃ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိုဘာ ၇ ရက်နေ့ကနေ  အောက်တိုဘာ ၁၀ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ  ၉၂တစ်လီတာလျှင် ၂၉၅၅ကျပ် ၉၅ တစ်လီတာ ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၁၉၀ ကျပ်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ၉၂ တစ်လီတာလျှင် ၃၁၀၀ကျပ် ၉၅ တစ်လီတာ ၃၃၀၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်ဖြစ်ပြီး အဆိုပါစျေးအတိုင်း အောက်တိုဘာ ၁၃ ရက်အထိ ရှိနေခဲ့တာဖြစ်သလို အပတ်စဥ် သောကြာနေ့တိုင်းမှာ စက်သုံးဆီဈေး ​ပြောင်းလဲမှုရှိနေတာပဲဖြစ်ပါတယ်။ 

စက်သုံးဆီ ပြင်ပပေါက်ဈေးမှာတော့  ၉၂ တစ်လီတာ ၃၈၀၀ ကျပ်မှ  ၄၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ အောက်တိုဘာ ၇ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၄၈ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာ ကျပ် ၅၄ သိန်းနီးပါးရှိပြီး  အောက်တိုဘာ ၈ ရက်နေ့မှာ ၅၄သိန်း​ကျော်ဖြစ်ကာ  အောက်တိုဘာ ၉ ရက်မှာတော့ ၅၃သိန်းကိုးသောင်းဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်မှာ ၅၃ သိန်းသုံးသောင်းကျော်ဖြစ်ကာ အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိမှာတော့ ၅၃သိန်း ငါးသောင်းကျော်ရှိနေခဲ့တာဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ အောက်တိုဘာ ၇ ရက်နေ့ရဲ့  ပြင်ပအခေါက်ရွှေစျေးနှုန်းတွေဟာ  ၆၃ သိန်းငါးသောင်း
ကျပ်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့မှာ  ပြည်တွင်းအခေါက်ရွှေဈေး ၆၄ သိန်းငါးသောင်းဖြစ်လာပြီး အောက်တိုဘာ ၉ ရက်နေ့မှာ ၆၄ သိန်းဖြစ်ကာ  အောက်တိုဘာ ၁၀ ရက်နေ့မှာတော့   ၆၃သိန်းငါးသောင်းဖြစ်ပြီး  ၁၁ ရက်နေ့မှာ ၆၃သိန်း ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၂ရက်နဲ့ ၁၃ ရက်နေ့တွေမှာတော့  ၆၂ သိန်း၅သောင်းရှိနေတာဖြစ်ပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ အောက်တိုဘာ ၇ ရက်နေ့ ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၄၆၈၀ ကျပ်ဖြစ်ပြီး  အောက်တိုဘာ၈ရက်မှာတော့ တစ်ဒေါ်လာကျပ် ၄၇၂၀ ဖြစ်ကာ အောက်တိုဘာ ၉ရက်မှာ ၄၇၀၀၊ ၁၀ ရက်မှာ ၄၆၅၀ ၊ ၁၁ ရက်နေ့မှာ ၄၆၀၀၊ ၁၂ ရက်နဲ့ ၁၃ရက်နေ့မှာ ၄၅၅၀ဖြစ်လို့ ယခုတစ်ပတ်တာကာလမှာ စျေးတန်းငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၄၅၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်း​စျေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဥ်ထားပေမဲ့လည်း 
စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀  ကျပ်ကနေ  ၁၂၀၀၀ အထိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲ့  ရပ်ကျေးကနေတစ်ဆင့် စာအုပ်နဲ့ထုတ်ပေးသလို စားဆီကုန်သည်များကလည်း ဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

ယခုတပတ်တာ ကုန်ဈေးနှုန်းတွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026