NEWS

အောက်တိုဘာလ စတုတ္ထတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
356 Views

ယခုတစ်ပတ်တာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၇ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ  အောက်တိုဘာ ၂၄ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ  ၉၂တစ်လီတာလျှင်  ၃၁၀၀ကျပ် ၉၅ တစ်လီတာ ၃၃၀၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်ဖြစ်ပြီး အောက်တိုဘာ ၂၅ရက် 
မှာတော့ ၉၂တစ်လီတာလျှင်  ၃၀၈၀ကျပ် ၉၅ တစ်လီတာ ၃၂၉၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၆၀ ကျပ်ဖြစ်သတ်မှတ်ထားတာကြောင့် ယခင်အပတ်ကထက် အနည်းငယ်ကျဆင်းနေတာတွေ့ရပါတယ်။ 

စက်သုံးဆီစျေးနှုန်းဟာ အပတ်စဥ် သောကြာနေ့တိုင်းမှာ ဈေးနှုန်း ပြောင်းလဲမှုရှိနေတာပဲဖြစ်ပါတယ်။ 

စက်သုံးဆီ ပြင်ပပေါက်ဈေးမှာတော့  ၉၂ တစ်လီတာ ၃၈၀၀ ကျပ်မှ  ၄၀၀၀ ကျပ်နှုန်းဖြင့် ပြင်ပပေါက်စျေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ အောက်တိုဘာ ၂၁ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၇၀၇ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာ ကျပ် ၅၅ သိန်း ၄ သောင်းကျော် နီးပါးရှိပြီး အဆိုပါစျေးနှုန်းအတိုင်း   အောက်တိုဘာ ၂၂ရက်မှာ ၅၆သိန်းထိဖြစ်ခဲ့ပြီး အောက်တိုဘာ ၂၇ရက်အထိ ၅၆သိန်းစွန်းစွန်းဖြင့်  စျေးနှုန်းမပြောင်းလဲပဲ သတ်မှတ်ထားတာတွေ့ရပါတယ်။  


ပြင်ပရွှေဈေးကွက်မှာတော့ အောက်တိုဘာ ၁၄ရက်နေ့ရဲ့  ပြင်ပအခေါက်ရွှေစျေးနှုန်းတွေဟာ  ၆၂ သိန်းငါးသောင်းကျပ်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ  ပြည်တွင်းအခေါက်ရွှေဈေး ၆၁သိန်းငါးသောင်းဖြစ်ကာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ၆၂ သိန်းငါးသောင်းဖြစ်ကာ  အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ရက်မှာတော့ ၆၃ သိန်းငါးသောင်း ဖြစ်ခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ အောက်တိုဘာ ၂၁ ရက်နေ့ ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ အောက်တိုဘာ ၂၂ရက်မှာ တစ်ဒေါ်လာ ၄၅၅၀ဖြစ်ပြီး ၂၃ရက်မှာ ၄၆၀၀ ဖြစ်ကာ ၂၄ရက်မှာ ၄၈၀၀၊ ၂၅ရက်မှာ ၄၆၀၀ ဖြစ်ပြီး  အဆိုပါစျေးတန်းနဲ့သာ အောက်တိုဘာ၂၇ရက်အထိ စျေးတည်ငြိမ်နေတာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ 

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်မှ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ အောက်တိုဘာ ၂၁ရက်မှ အောက်တိုဘာ၂၇ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၂၆၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ 

ရည်ညွှန်းစျေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဥ်ထားပေမဲ့လည်း စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀  ကျပ်ကနေ  ၁၂၀၀၀ အထိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  

စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲ့  ရပ်ကျေးကနေတစ်ဆင့် စာအုပ်နဲ့ထုတ်ပေးသလို စားဆီကုန်သည်များကလည်း ဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပါတယ်။ 

ယခုတပတ်တာ ကုန်ဈေးနှုန်းတွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။ 

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)
Jan 10, 2026
Cover
ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 08, 2026